Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ကြည့်ပါ
လေ့ကျင့်ခန်း လုံးဝ မလုပ်သူများတွင် အသားအရေ ပွခြင်း၊ အမော မခံနိုင်ခြင်း၊ အရေပြား တွဲခြင်း၊ လှုပ်ရှားမှု လေးတွဲခြင်း၊ အသားအရေ ညစ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာချေဖျက်မှု မကောင်းခြင်း၊ လေဖြတ်လွယ်ခြင်း၊ ကိုယ်ခံအား မကောင်းခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ နာကျဉ် ကိုက်ခဲလွယ်ခြင်းတို့ ဖြစ်စေတတ်သည်။
သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်စေသော နေ့စဉ်စားသောက်နေကြ အစားအစာအချို့
ကျွန်တော်တို့လူသားများ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသည်နှင့်အမျှ ကင်ဆာရောဂါဖြစ်ပွားမှု အနေအထားလဲ တဖြည်းဖြည်း မြင့်တက်လာတာ ကို တွေ့ရှိရပါတယ်။ ပီးတော့ ကျနော် တို့မြန်မာနိုင် ငံကလည်း ကင်ဆာဖြစ်ပွားမှုအများဆုံး နိုင်ငံစာရင်းမှာ နံပါတ်
လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ
သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေဖို့ နည်းလမ်း
အဆီပို မရှိ သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင် လိုသူ အားလုံး အတွက် အရိုးရှင်းဆုံး အလွယ်ဆုံး နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။
ခွးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ
ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။
ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။
ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း
Throat cancer (Larynx cancer) လည်ချောင်း ကင်ဆာ
Sun, Apr 27, 2014 at 6:18 PM
ဆရာ ကျွန်တော့အဖေ လည်ချောင်းကင်ဆာဖြစ်နေတယ်။ ဗိုက်လည်းပိုက်ထည့်ထားတယ်။ အသက်က ၈၇နစ်ပါ။ ဓါတ်ကင်သင့် မကင်သင့် အကြံပေးပါ။ မျော်လင့်ချက် ဘယ်လောက်ရှိပါသလဲ သိပါရစေ ဆရာ။ ကျေးဇူးပါ။
Tue, Mar 20, 2012 at 10:35 AM
သမီးရဲ့ အဖေ (၅၆ နှစ်) မှာ အသံဝင်နေသည်မှာ ၈ လ ၉လ ကြာနေပါသည်။ ယခုလ ၈-၃-၁၂ ရက်တွင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်နှင့်ပြသပြီး အသံပြွန်နေရာသို့ မှန်ပြောင်းဖြင့် ကြည့်ပါသည်။ အသံပြွန် ၂ ချောင်းတွင် ၁ ချောင်းမှာ အဖုလေးများ ဖြစ်နေပါသည်ဟုပြောပြီး ဖြတ်ပစ်လျှင် ပြန်ပြီး အသံထွက်နိုင်ပါသည်ဟု ပြောပါသည်။ ၁ဝ-၃- ၁၂ ခွဲစိတ်ပြီး အသားစယူခဲ့ပါသည်။ တတ်နိုင်သလောက် အဖုလေးများကိုလည်း ခွဲစိတ်ပေးခဲ့သည်ဟု ပြောပါသည်။ အသားစအဖြေမှာ ကင်ဆာ ဖြစ်နေသည်ဟုပြောပြီး ခွဲစိတ်ခြင်း သို့ ဓါတ်ကင်လျှင် ၉၅ % ပျောက်ကင်းနိုင်သည်ဟု ပြောပါသည်
ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ
ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။
ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။
အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။
Skin Care Tips ဆယ်ကျော်သက် မျက်နှာ
၁၅-၁၆ နှစ်အရွယ် သမီးလေး တယောက်ရှိတယ်။ နာမည်တွေဘာတွေ ထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။
အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစား သိပါသလား။ လေးမျိုး လေးစားမှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။
၁။ Normal Skin Care ပုံမှန်အရေပြား
ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာ လိုတယ်။ အပိုမလိုပါ။
ပြည့်တန်ဆာတစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်
ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ အမျိုးသမီးအခွင့်အရေး တက်ကြွစွာလှုပ်ရှားမှုများနှင့် ပြည့်တန်ဆာတရားဝင် ရှိသင့်/မရှိသင့် လွှတ်တော်တွင် ဆွေးနွေးမှုရှိခဲ့သော်လည်း ထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။
ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ခဲ့ရင်း သက်ဆိုင်ရာ၏ အနိုင်ကျင့်ခြယ်လှယ်မှုများ၊ လူ အချင်းချင်း ခေါင်းပုံဖြတ်မှုများရှိနေသည့် ယင်းလုပ်ငန်းမှ ကြိုးစားရုန်းထွက်ရန်ခဲ့သူ၊ HIV ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးက News Watch ဂျာနယ်သို့ ရင်ဖွင့်စာပေးပို့ခဲ့သည်။
ပြည့်တန်ဆာ လောက၏ ပုံရိပ်အား အနည်းနှင့်အများ ပေါ်လွင်အောင်ရေး
သားထား ခြင်းဖြစ်၍ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည် ခင်ဗျား။
“ကျွန်မ ဒီရောဂါရတာ သွေးသွင်းလို့၊ ကတုံးရိတ်လို့၊ မျက်ခုံးမွေးရိတ်လို့ဆိုတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွေအတိုင်းတော့ မဟုတ်ပါဘူး။ လွယ် လွယ်ငွေနောက်လိုက်တယ်ပဲပြောပြော၊
အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်စေသည့် အရက်-အချိုရည် ရောစပ် သောက်သုံးမှု
အရက်နှင့် အားဖြည့် အချိုရည်များ ရောစပ် သောက် သုံးမှုမှ နေ၍ အမေရိကန် ကောလိပ် အရွယ် ကျောင်း သားများတွင် လိင်ကိစ္စ ကိုလွယ်လွယ်သဘော ထား
ခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေ သနတစ်ရပ်က တွေ့ရှိခဲ့သည်။
ယင်းသို့ ရောစပ်သောက်သုံး မှုကြောင့် အမေရိ ကန်
နိုင်ငံ ကောလိပ်ကျောင်းအများအပြား တွင် ဖြစ်ပေါ်
နေသော နောက်ကြောင်း ရာဇဝင်မသိသူများနှင့် အလွယ် တကူ လိင်ဆက်ဆံသော ယဉ် ကျေးမှုကို ပံ့ပိုးပေးခြင်းဖြစ်နိုင် ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေ သီကက်သလင်းအီးမီလ်လာက ပြောကြားသည်။
မိုးကြိုကာလရဲ့ အသံတိတ်လူသတ်သမား
![]() |
နေပူအောက်တွင် လုပ်ငန်းခွင်ဝင်နေသော ဆောက်လုပ်ရေးလုပ်သားများ (ဓာတ်ပုံ - နစ်ကီ) |
မေလ၂၃ ရက်ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day)ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature)တို့ဟာမတူကွဲပြားတဲ့လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီ ၁၅ ရက်အထိ ကာလဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလဖြစ်ပါတယ်။ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတတ်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့် တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပအပူချိန်နဲ့လိုက်ပြီး ကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေးပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်- ၃၇ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ် (၉၆ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်- ၁၀၀ ဒီဂရီဖာရင်ဟိုက်)ကြားမှာ ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမဲ့
သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ်
သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။
၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
လုပ်သင့်တာက
နားသန့်ရှင်းရေးလုပ်တဲ့ ဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းများ
သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်။
၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်
ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။
** တခါသုံး ခွက်ဖြူဖြူတွေကို သတိထား ***
အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။သူဟာတနေ့ လုံးနေကောင်းပြီး၊
ညရောက်ပြီဆိုတာနဲ့ 
ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့  Mr. Varun ရဲ့ ခွဲစိပ် ဆရာဝန်က ပြောပါတယ်။
ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့ ၊ နေ့ ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း
ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ
ကိုယ်ဝန်ဆောင်မိခင်များ၏ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော
ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို
တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း
ခံစားရစေနိုင်သည်။ မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။
ခန္ဓာကိုယ်အတွက်
အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ၀မ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။
ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ
ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့
Subscribe to:
Posts (Atom)













.jpg)



