Showing posts with label အောင်မြင်ရေး. Show all posts
Showing posts with label အောင်မြင်ရေး. Show all posts

အောင်မြင်ရေးသော့ချက် ခုနစ်ချက်


၁။ ယနေ့သည်ကား မိမိဘ၀၏ နောက်ဆုံးအသက်ရှင်နေရသောနေ့ဖြစ်သည်ဟု သဘော ပိုက်ကာ မိမိလုပ်လိုသမျှ၊ လုပ်စရာရှိသမျှတွေကို အစွမ်းကုန် ကြိုးစားလုပ်ပါ။

၂။ မိမိတစ်ဦးတည်း ဆောင်ရွက်ခြင်းဖြင့် လိုအပ်သော အကျိုးအာနိသင်များ ပြည့်ပြည့်၀၀ ခံစားရလေ့မရှိပါ။ အခြားသူများ၊ မိတ်ဆွေကောင်းများ၊ ကျွမ်းကျင်သူများ၏ အကူအညီများ ကိုပါ ရယူလုပ်ကိုင်ပါ။

၃။ များသောအားဖြင့် လူတွေဟာ မိမိတို့၌ ကိုယ်ပိုင်ရှိပြီး မီးခဲပြာဖုံးဉာဏ်ပညာနှင့် ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကိုသာ သုံးစွဲနေလေ့ရှိကြတယ်။ မိမိရဲ့ ဉာဏ်အားနှင့်ကိုယ်အားတို့ကို အစွမ်းကုန် အပြည့်အ၀ထုတ်နုတ်လုပ်ကိုင် သုံးစွဲကြည့်လိုက်စမ်းပါ။ မိမိကိုယ်တိုင် အံ့သြ၍ မကုန်သော ရလဒ်များကို မုချ ခံစားကြရပါလိမ့်မယ်။

၎။ လူအများအကျိုးကို ရှေးရှုဆောင်ရွက်ပါ။ ပြည်သူများအတွက် လိုအပ်နေသော ကိစ္စရပ်များ၊ စီမံကိန်းများကို ဆောင်ရွက်ပေးပါ။ မိမိကြောင့် လူအများ အကျိုးခံစားရလေလေ၊ မိမိတွင် လည်း ပိုမိုအကျိုးခံစားရလေလေ ဖြစ်ပါလိမ့်မယ်။

၅။ သင်၏စိတ်ကူးအိပ်မက်၊ မျှော်မှန်းချက် ပန်းတိုင်အစစ်က ဘာလဲ။ ဆုံးဖြတ်ချက် သန္နိဌာန် ချမှတ်လိုက်ပါ။ အဲသည်နောက်မှာ သဲသဲမဲမဲ မရမနားလုပ်ပါ။ ကိုယ့်ပန်းတိုင်ဟာ ကိုယ်မူလ ထင်သလောက် မဝေးကွာတာကို မုချတွေ့ရပါလိမ့်မယ်။

၆။ ဇွဲထား၍ တွန်းအားပေးကာ ရှေ့သို့သာ ဆက်လုပ်သွားပါ။ ကြိုးစားသွားပါ။ လိုရာမဖြစ်သေး သရွေ့ ကာလပတ်လုံး ကြာရှည်စွာ အလျှော့မပေး၊ အရှုံးမပေးဘဲ သည်းခံဇွဲတင်းရုန်းကန် သွားပါ။ ကိုယ့်ကို တားဆီးနေသမျှသော အခက်အခဲများ၊ ရန်သူများသည် မုချ တစ်စတစ်စ လက်ပန်းကျ လက်လျှော့သွားကြသည်ကို တွေ့ရပါလိမ့်မည်။

၇။ အောင်မြင်ခြင်းဆိုသည်မှာ မိမိ၏ဉာဏ်အား၊ ကိုယ်အားအပြည့်အ၀ အစွမ်းကုန် ဆောင်ရွက် မှ ရရှိတတ်ပါတယ်။ မလိုအပ်သောကိစ္စများ၊ ပကာသနများ၌ မိမိရဲ့အချိန်၊ ငွေနှင့် အင်အား တွေကို မဖြုန်းတီးမိရန် အထူးသတိပြုပါ။ အလည်အပတ်သွားခြင်း၊ ပေါင်းသင်းဆက်ဆံရေးကို ဗန်းပြ၍အချိန်ဖြုန်းခြင်း၊ ရုပ်ရှင်၊ လောင်းကစားလိုက်စားခြင်းမှ ရှောင်ကြဉ်ပါ။


S-ee your goal
U-nderstand the obsticles
C-lear your mind of doubt
C-reate a positive mental picture
E-mbrace the challenge
S-tay on track
S-how the world you can

Warrent Buffet ရဲ့ မှတ်သားစရာ စကားစုများ


အခန်းထဲတွင်ပင် ရှာတွေ့နိုင်သော အောင်မြင်ရေး သော့ချက် ၇ ခု



၁။ အိမ်ခေါင်မိုး  -- ရည်မှန်းချက်ကြီးကြီးထားပါ။
၂။ ပန်ကာ        -- တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း ရှိပါ။

၃။ နာရီ            -- မိနစ်တိုင်း စက္ကန့်တိုင်းရဲ့  တန်ဖိုးကို သိပါ။

၎။ မှန်              -- ဘာလုပ်လုပ် အရင်ဆုံး ကိုယ့်ကိုယ့်ကို ပြန်သုံးသပ်ပါ။

၅။ ပြတင်းပေါက်  -- ပတ်ဝန်းကျင်ကို လေ့လာပါ။

၆။ ပြက္ခဒိန်        -- အချိန်နဲ့ အမှီလိုက်ပါ။

၇။ တံခါးပေါက်    -- အခွင့်အရေးကို လက်မလွတ်ပါနှင့်။