ကရင်ပြည်နယ် ဘားအံမြို့မြောက်ဘက် စက်မှုဇုံနယ်မြေတ၀ိုက်ရှိ
ထီးဖိုးခလုံးကျေးရွာတွင် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အ ပြင်
သင်္ချိုင်းမြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှုကြောင့် ဒေသခံများ
အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ထိုဒေသမှလာ သည့် သတင်းများအရ သိရသည်။
“သူတို့လုပ်နိုင်တာလည်း မဟုတ်ဘူး။ ရွာသားတွေကိုလည်း မပေးလုပ်ဘူး” ဟု ထီးဖိုးခလုံးဒေသခံများက ပြောသည်။
အစိုးရဘက်မှ နယ်ခြားစောင့်တပ်ရင်း နယ်မြေနေအတွက်ဆိုကာ ထီးဖိုးခလုံးကျေးရွာရှိ လယ်ယာ၊မြေများနှင့် သင်္ချိုင်းမြေများကိုပါ သိမ်း ယူပြီး မြေထိုးစက်ကြီးများဖြင့် လာရောက်တူးဆွနေကြပြီ ဖြစ်ကြောင်းလည်း ဖလုံ-စဝေါ် ဒီမိုကရတ်တစ်ပါတီမှ အမျိုးသမီးရေးရာ တာဝန်ခံ နော်ယုဇန၀ါက ယခုလို ပြောသည်။
သူက “အစိုးရက BGF ကိုချပေးထားတဲ့မြေကွက်တွေက