မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊ မင်းတို့ မလာပါနဲ့
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇)
ခုသည် နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို
လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။
ယခု ကဲ့ သို့ ငြင်း ပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း
ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က
မိန့်ကြားသည်။
“ သူတို့ရဲ့ လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး
ဘာသာမရွေး ကူညီထောက်ပံ့ခြင်း ဆိုတဲ့ ခေါင်းစီးစာတန်း ကိုတော့ လေး စားပါတယ်။
ဒါပေမယ့် အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။
ဘာဖြစ် လို့ တုန်းဆိုတော့ ခေတ်အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့
ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့ အစည်းတွေ
ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက
ဒီမှာ ရှိ တဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။