ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ကြည့်ပါ
လေ့ကျင့်ခန်း လုံးဝ မလုပ်သူများတွင် အသားအရေ ပွခြင်း၊ အမော မခံနိုင်ခြင်း၊ အရေပြား တွဲခြင်း၊ လှုပ်ရှားမှု လေးတွဲခြင်း၊ အသားအရေ ညစ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာချေဖျက်မှု မကောင်းခြင်း၊ လေဖြတ်လွယ်ခြင်း၊ ကိုယ်ခံအား မကောင်းခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ နာကျဉ် ကိုက်ခဲလွယ်ခြင်းတို့ ဖြစ်စေတတ်သည်။
အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။
Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။
အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။
အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-01/1351140
အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။
သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်စေသော နေ့စဉ်စားသောက်နေကြ အစားအစာအချို့
ကျွန်တော်တို့လူသားများ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသည်နှင့်အမျှ ကင်ဆာရောဂါဖြစ်ပွားမှု အနေအထားလဲ တဖြည်းဖြည်း မြင့်တက်လာတာ ကို တွေ့ရှိရပါတယ်။ ပီးတော့ ကျနော် တို့မြန်မာနိုင် ငံကလည်း ကင်ဆာဖြစ်ပွားမှုအများဆုံး နိုင်ငံစာရင်းမှာ နံပါတ်
လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ
သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေဖို့ နည်းလမ်း
အဆီပို မရှိ သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင် လိုသူ အားလုံး အတွက် အရိုးရှင်းဆုံး အလွယ်ဆုံး နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။
ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ
ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။
သင်လုပ်တဲ့ အလုပ်မှာ စိတ်အားထက်သန် ပြင်းပြမှု လုံလောက်အောင် ရှိပါရဲ့လား - TechSpace Journal
အခုခေတ်မှာ တော်တော်များများက ဒါလုပ်ဖို့အတွက်လား ဘာပေးရမယ်၊ ဘယ်လောက် အပင်ပန်းခံရမှာလည်း၊ အဲ့ဒီအတွက်ကော ဘာရမှာလည်း ဆိုတာကို အရင်ဦးဆုံး မေးကြတယ်။ အဲ့ဒါမှ မရရင် မလုပ်ဘူးဆိုပြီး ငြင်းတက်ကြတယ်။
ဒါလုပ်မယ် အဲ့ဒီအတွက် ဒီ Result ငါရကို ရမယ်လို့ ကိုယ့်ကိုယ်ကို Challenge လုပ်တာမျိုး။ သူများအတွက် ဆိုရင်လည်း ဒါလုပ်ပေးမယ်။ ဒါရရင်တော့ ဒါပေးရမယ် ဆိုတာမျိုး Challange လုပ်တာ သိပ်မတွေ့ရဘူး။
ဘာနဲ့ အလားတူသလဲဆိုတော့ အခု ပြိုင်ပွဲမှာ မင်းပြိုင်ရမယ် ပြိုင်တော့ကွာလို့ စပြီး ပြိုင်ပွဲဝင်ခိုင်းရင် ကျွန်တော် ပထမဆုရမှာလား၊ ဘာရမှာလည်း၊ ပြိုင်နေတဲ့အချိန် ရေပူရေချမ်း ဘယ်သူက ကမ်းမှာလည်း၊ အားပေးမဲ့သူရော ရှိမှာလား၊ အဲ့ဒါတွေ ပေးမှ၊ ရှိမှ၊ ရမှ ပြိုင်မယ်ဆိုတာမျိုးတွေ ကပဲ ရာခိုင်နှုန်း အများစု
ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်
17.3.2014
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို
ရဲစခန်းကို ၀င်တိုက်ပြီး ရဲအရာရှိတစ်ဦးအား သတ်ခဲ့၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ဝင် ၆၀၀ ကျော်ကို သေဒဏ်ချမှတ်
(မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့)
အီဂျစ်တရားရုံး တစ်ခုက ယခင်ဩဇာကြီးမားခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့နှင့် ဆက်စပ်သူ (၆၀၀)ကျော်ကို သေဒဏ်ပေးရန် ထောက်ခံဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်က မင်ညာရှိ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယင်းအတွက် အကြမ်းဖက်မှု စွဲချက်တစ်ရပ် တင်ရှိခဲ့ခြင်း ဖြစ်သည်။ စီရင်ချက်တွင် အကျုံးဝင်သူ (၆၈၃)ဦးထိ ရှိနေပြီး ယင်းတို့အနက် ညီအစ်ကိုတော်များ အဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီသည်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ဒ်ါအောင်ဆန်းစုကြည် ခြံရှေ့မှ ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ကို ပါတီတာဝန်ရှိသူများတွေ့မည်
ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် ထိုင်နေကြစဉ် (ဓာတ်ပုံ - ကြည်တိုး)
တက္ကသိုလ်ရိပ်သာလမ်း ရှိဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ တွင် နှစ်ရက်တိတိ တွေ့ခွင့်လာတောင်းခံခဲ့သော ထားဝယ်မှ ရဟန်းတစ်ပါးနှင့်အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပါတီတာဝန်ရှိသူများက လက်ခံတွေ့ဆုံသွားမည်ဟု သတင်းရရှိသည်။
ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်
ရန်ကုန်၊ ဧပြီ ၂၈
ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။
ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။
ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ
ရန်ကုန်၊ ဧပြီ ၂၇
ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။
သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။
ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင်
ခွးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ
ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။
ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။
ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း
Throat cancer (Larynx cancer) လည်ချောင်း ကင်ဆာ
Sun, Apr 27, 2014 at 6:18 PM
ဆရာ ကျွန်တော့အဖေ လည်ချောင်းကင်ဆာဖြစ်နေတယ်။ ဗိုက်လည်းပိုက်ထည့်ထားတယ်။ အသက်က ၈၇နစ်ပါ။ ဓါတ်ကင်သင့် မကင်သင့် အကြံပေးပါ။ မျော်လင့်ချက် ဘယ်လောက်ရှိပါသလဲ သိပါရစေ ဆရာ။ ကျေးဇူးပါ။
Tue, Mar 20, 2012 at 10:35 AM
သမီးရဲ့ အဖေ (၅၆ နှစ်) မှာ အသံဝင်နေသည်မှာ ၈ လ ၉လ ကြာနေပါသည်။ ယခုလ ၈-၃-၁၂ ရက်တွင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်နှင့်ပြသပြီး အသံပြွန်နေရာသို့ မှန်ပြောင်းဖြင့် ကြည့်ပါသည်။ အသံပြွန် ၂ ချောင်းတွင် ၁ ချောင်းမှာ အဖုလေးများ ဖြစ်နေပါသည်ဟုပြောပြီး ဖြတ်ပစ်လျှင် ပြန်ပြီး အသံထွက်နိုင်ပါသည်ဟု ပြောပါသည်။ ၁ဝ-၃- ၁၂ ခွဲစိတ်ပြီး အသားစယူခဲ့ပါသည်။ တတ်နိုင်သလောက် အဖုလေးများကိုလည်း ခွဲစိတ်ပေးခဲ့သည်ဟု ပြောပါသည်။ အသားစအဖြေမှာ ကင်ဆာ ဖြစ်နေသည်ဟုပြောပြီး ခွဲစိတ်ခြင်း သို့ ဓါတ်ကင်လျှင် ၉၅ % ပျောက်ကင်းနိုင်သည်ဟု ပြောပါသည်
ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ
ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။
ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။
အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။
တိမ်းမှောက် နစ်မြုပ်နေသော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ၀န်ထမ်းအားလုံး ကို ဖမ်းဆီး ထိန်းသိမ်းထား
ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ် ခဲ့သော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော Sewol တွင် နစ်မြုပ်ချိန် ၌ တာဝန်ကျနေသော ၀န်ထမ်း (၁၅) ဦးလုံး ကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တာဝန်လစ်ဟင်းမှု၊ ခရီးသည်များအား ကယ်ဆယ်ရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆို ခံကြ ရမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘော ကပ္ပတိန် အပါအ၀င် (၁၁) ဦးကို ရှေ့ပိုင်းရက် များကတည်းက ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ဖြစ်ပြီး နောက်ထပ် လေးဦးကို စနေနေ့တွင် ထပ်မံထိန်းသိမ်းခဲ့သည်။ လူ (၄၇၆) ဦး ပါသော ဖယ်ရီသင်္ဘော သည် တောင်ကိုရီးယား အနောက် မြောက်ပိုင်း အင်ချွန်းမှ တောင်ပိုင်းခြမ်းရှိ အပန်းဖြေ ကမ်း ခြေမြို့ ဂျီဂျူးသို့ ဧပြီ (၁၆) ရက်နေ့တွင် ခုတ် မောင်းလာစဉ် တိမ်းမှောက်နစ်မြုပ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ရုပ် အလောင်း
Subscribe to:
Posts (Atom)

















