ဒုက္ခသည်လက်မခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို


2012-06-12
မြန်မာနိုင်ငံကနေ နယ်စပ်ကျော်ပြီး ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခိုလှုံခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Taknaf တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ကင်းလှည့်နေစဉ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်လာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်တွေက အ၀င်မခံဘဲ မြန်မာဘက်ကို ပြန်ပြီးပို့လွှတ်ခဲ့ကြပါတယ်။
မနေ့က လူတစ်ထောင်လောက် ပါတဲ့ လှေ (၁၁) စီးကို ပြန်လွှတ်လိုက်တဲ့အတွက် စုစုပေါင်း လူ (၁၅၀၀) လောက်ကို ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ ကတော့ ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲတဲ့နိုင်ငံအတွက် ဘယ်ဒုက္ခသည်ကိုမှ လက်ခံနိုင်မှာမဟုတ်ကြောင်း ဒါကာမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးနဲ့ လူမျိုးစု သဟဇာတဖြစ်ရေးအတွက် တရုတ်ပြည်က ကူညီမှာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက မနေ့က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မြို့ကြီးတချို့မှာ အခြေခံအားဖြင့် လုံခြုံရေးဆောင်ရွက်မှုတွေ ထိန်းနိုင်၊သိမ်းနိုင်ရှိပြီဆိုပေမဲ့ အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တဲ့နောက် ကျေးရွာတချို့မှာ လုံခြုံရေးအတွက် စိုးရိမ်နေရဆဲ ဖြစ်နေတယ်လို့ ဆင်ဝှာသတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်တွေကို ရခိုင်ပြည်နယ်အတွင်း ခရီးအသွားအလာ သတိထားဆင်ခြင်ကြဖို့ တိုက်တွန်းထားပြီး သံရုံးအနေနဲ့ မိမိနိုင်ငံသားတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ ပြောဆိုပါတယ်။

အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်



အလုပ်သမားကိစ္စ ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ အမိန့်ဖြင့် လုပ်ငန်းတူ စက်ရုံများရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို အချိန်ပိုကြေးမပါဘဲ အနိမ့်ဆုံး တလလျှင် ၅၆၇၀၀ ကျပ်အဖြစ် နိုင်ငံတကာ စံနှုန်းနှင့်အညီ တပြေးညီ ခံစားခွင့်ရှိရန် ယနေ့ ကြေညာလိုက်ကြောင်း သိရသည်။
ယနေ့နေ့လယ် ၁ နာရီက ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံးတွင် ကျင်းပသည့် အဖွဲ့အစည်း ဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင် တိုးမြှင့်ရေး ဆွေးနွေးပွဲတွင် ဒု ဝန်ကြီး၏ အထက်ပါ ကြေညာချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးဆောင်၍ အလုပ်ရှင် အလုပ်သမားနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းခြင်း၊ သပိတ်မှောက်ခြင်း၊ အငြင်းပွားခြင်း၊ တိုင်ကြားခြင်း၊ စုပေါင်းတောင်းဆိုမှု သဘောတူညီချက်များ ထားခြင်း စသည့် အချက်များကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုဝန်ကြီးက အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း တပြေးညီသတ်မှတ် ရာတွင် အလုပ်ရှင်များက သဘောတူညီရန်နှင့် အလုပ်သမား ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများက လုပ်ငန်းရှင်များကို လုပ်ငန်း အမျိုးအစားအလိုက် ညှိနှိုင်းဆောင်ရွက် ပေးရန်တို့ကို စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ ဦးမြတ်လင်းတင့်က ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင်းရှိ စက်မှုဇုန်များ လက်အောက်ရှိ စက်ရုံများအားလုံး လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
“အလုပ်ရှင်တွေက ကိုယ့်စက်ရုံရဲ့ အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေ နိုင်မှာပါ” ဟု
အလုပ်သမားဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းစိန်က ပြောသည်။
အလုပ်သမားဥပဒေ ၁၄ ချက်တွင်ပါဝင်သည့် အချက်တချို့ကို ပြောင်းလဲရန်လည်း ၀န်ကြီးက ဆွေးနွေးထားပြီး အလုပ်သမားများ ပင်စင်ရရှိရေး၊ ကိုယ်ပိုင်အိမ်ယာ ရရှိရေး တို့ကိုလည်း ဥပဒေများ ပြဌာန်းနိုင်ရန် လွှတ်တော်တွင် တင်ပြဆောင်ရွက် သွားမည်ဟု သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က “အလုပ်အကိုင်နဲ့ ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေသစ်ကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ရေးထိုးဖို့ လုပ်ထားတာရှိတယ်” ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားများအနေဖြင့် အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းထားရန် လိုအပ်ပြီး သက်ဆိုင်ရာ အလုပ်ရှင်နှင့် သပိတ်မှောက်ခြင်း မပြုမီ ၃ ရက် ကြိုတင်ညှိနှိုင်းရန်၊ ညှိနှိုင်း၍ အဆင်မပြေမှသာ သပိတ်မှောက်ကြရန် အလုပ်သမားနှင့် အလုပ်ရှင်တို့ နှစ်ဘက် ကိုယ်စားလှယ်ထားကာ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစည်းကမ်းချက်များ အတိုင်း မလိုက်နာပါက
သပိတ်မှောက်ခြင်းကို တရားစွဲဆိုနိုင်ကြောင်း သိရသည်။
ယင်းပွဲသို့ တက်ရောက်လာသော အလုပ်သမားကိုယ်စားလှယ် တဦးက “အလုပ်ရှင် အလုပ်သမားနဲ့ ဆိုင်တဲ့ နည်းဥပဒေ တွေကို လေ့လာချင်တာပါ။ အခုဆွေးနွေးချက် တွေထဲမှာ ပါသလို နှစ်ဘက်ညှိနှိုင်းပြီးမှ အကြောင်းကြား သပိတ်မှောက် ရမယ်ဆိုတော့ လုံးဝလက်မခံတဲ့၊ အတွေ့မခံတဲ့ လုပ်ငန်းရှင်နဲ့ဆိုရင် အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကို အခွင့်အရေးပေးသလို ဖြစ်နေတယ်” ဟု ပြောသည်။
မေလဆန်းမှ စတင်ကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံမြို့နယ်များရှိ စက်ရုံအများစုတွင် အခြေခံလစာ တိုးမြှင့် သတ်မှတ်ပေးရေး ခွင့်ရက် နစ်နာကြေး၊ ကားခ၊ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး တောင်းဆိုမှု စသည့် အချက်အလက်များအား အခြေခံကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ အလုပ်သများ စီမံခန့်ခွဲရေးရုံး ဥကဋ္ဌ ဦးမြတ်လင်းတင့်၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ဆက်ဆံရေးရုံး ဦးစီးမှူး ဦင်္းသောင်းစိန်၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် စက်ရုံများမှ အလုပ်ရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ မီဒီယာများ တက်ရောက်သည်။

နေ့စဉ် လိင် ဆက်ဆံခြင်း ဖြင့် အမျိုးသားများ သန္ဓေအောင်မှု အကျိုးပြု


နေ့စဉ် နေ့တိုင်း လိင်မှုရေးရာ မှီဝဲခြင်း

ပါး​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​မှာ ​ဆေး​လိပ်​​သောက်ခြင်း​ထက် လည်​ချောင်း​​​ကင်ဆာ​ပို


ပါး ​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​သည် ​ဆေး​လိပ်​သောက်ခြင်း​ထက်ပင် လည်​ချောင်း​ကင်ဆာ ဖြစ်နိုင်​ခြေ ပိုများ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​လိုက်သည်။ သု​တေသီများ​က

ပတ်စ်ပို့ပြုလုပ်ပေးသည့် ကယ်ရီနှင့် ဆက်သွယ်မရသဖြင့် မြန်မာ အလုပ်သမား ၁၀၀ကျော် အခက်ကြုံ

နန်းသူးလေ(ကေအိုင်စီ)


ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် အလုပ်သမားလက်မှတ် ရှိပြီးသားသူ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀၀ ကျော်သည် ၎င်းတို့အတွက် လက်မှတ်ပြုလုပ်ပေးရန် အာမခံပေးထားသည့် ကယ်ရီသမားနှင့် ဆက်သွယ် မရသဖြင့် အခက် အခဲကြုံနေရ ကြောင်း သိရသည်။
ကိုကျော်စစ် အမည်ရှိ မြန်မာနိုင်ငံသား ကယ်ရီသမားက

ယောင်္ကျားလေးတွေလက်မတွဲသင့်သောမိန်းမ

 


ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်..။
၁..။  ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ   မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။
       (ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )

၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးက

ကမ္ဘာတစ်ဝန်းမြို့ပြလူ့အဖွဲ့အစည်းများ အမှိုက်ပြဿနာနှင့် ပိုမိုရင်ဆိုင်နေရ


ကမ္ဘာတစ်ဝန်း မြို့ပြလူ့အဖွဲ့အစည်းများသည် စွန့်ပစ်ပစ္စည်းများ ပိုမိုစွန့်ထုတ်လာရာ အမှိုက်ပြဿနာသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ၀န်ထုပ်ဝန်ပိုးအဖြစ် တဖြည်းဖြည်း ဖိစီးလာကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၆ ရက်တွင် သတိပေးခဲ့သည်။ မြို့ပြလူ့အဖွဲ့အစည်းများမှ စွန့်ပစ်ပစ္စည်းများ

မန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံ အနီးတွင် တည်ရှိသော ကော့စ်ဘဇား (ဖလောင်းချိတ်) အစိုးရ ဆေးရုံတွင်

အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး

“လေပူ” ဆိုသော စကားကို အနောက်တိုင်း ဆရာဝန်များအဖို့ ဆေးပညာ ဝေါဟာရ မရှိပါ။ မြန်မာလူမျိုးများ အဖို့မှာ လူတိုင်းသိသော စကား ဖြစ်ပါသည်။  “လေပူထလို့၊ လေပူတွေ အထက်လှန်လို့၊

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ

 သတင်း-ဓါတ်ပုံ Eleven Media
news-eleven.com

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။

24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့