ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ
ချင်းမိုင်(မဇ္စျိမ)။ ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်းထောက် ကိုဥာဏ်လင်းအောင်က ပြောသည်။
ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့်
လွှတ်တော်ကိုယ်စားလှယ်တို့ ၏ အသံများ ( ဒေါ်စန္ဒာမင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်))
Eleven Media Group နှင့် Nation Media Group တို့ မီဒီယာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Eleven Media
Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်သည့် EMG မှ
အယ်ဒီတာများနှင့် Nation Multimedia Group မှ Suthichai Yoon(Chairman, The
Nation Multimedia) နှင့်အဖွဲ့တို့အား တွေ့ရစဉ်
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်သည့် Eleven Media Group မှ အယ်ဒီတာများနှင့် ထိုင်းနိုင်ငံ Nation Multimedia Group မှ ဂျာနယ်လစ်များသည် မြန်မာနိုင်ငံတွင်းနှင့် မြန်မာနိုင်ငံပြင်ပသို့ သတင်းများ ပိုမိုပျံ့နှံ့ရောက်ရှိရေးအတွက် ၀က်ဘ်ဆိုက်နှင့် ပုံနှိပ်မီဒီယာများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ကြုံတွေ့ရပြီး နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံ၌ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာနေပြီကို မြင်တွေ့နေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်များ၊ စီးပွားရေး၊ လူမှုဘ၀၊ ယဉ် ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ အိုင်တီ စသည့် ကဏ္ဍများအပါအ၀င် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို အပြည့်စုံဆုံးဖော်ပြသည့် အင်္ဂလိပ်ဘာသာဖြင့် ၀က်ဘ်ဆိုက် တစ်ခုဖန်တီးနိုင်ရေး Nation Multi- media Group နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ |
ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက
လွှတ်တော်စပြီ
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က နေပြည်တော်တွင်
ကျင်းပသည့် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်တို့ ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ်။
ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD
လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးဇေယျာသော်နဲ့
ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့
ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ
ဖြစ်ပါတယ်။
နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး
မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း
မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့
ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။
ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"
မြန်မာ လူငယ်အသင်း အာရှ အသက် ၂၂ အောက် ခြေစစ်ပွဲအောင်မြင်
မြန်မာလူငယ် အသက် ၂၂ အောက် အသင်းဟာ မနေ့က ရန်ကုန်မြို့သုဝဏ္ဏ လူငယ်အားကစားကွင်းမှာ မလေးရှားအသင်းနဲ့ အုပ်စုတက်ရေး အရေးပါတဲ့ နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ အနည်းဆုံး သရေ ရလျှင်ပင် ခြေစစ်ပွဲအောင်နိုင်မှာ ဖြစ်ပေမယ့် မြန်မာ့မြေ မြန်မာ့ပရိသတ် ၂၈၀၀၀ ကျော်ရဲ့ရှေ့မှာ ခြေစွမ်းပြကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ယခုပွဲ အနိုင်ရရှိတာကြောင့် အရှေ့တောင်အာရှ နိုင်ငံများထဲမှ ပထမဦးဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်လာပြီး ခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ ဆော်ဒီ၊ ဆီးရီးယား၊ အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယားတို့နဲ့အတူ ထိုက်ထိုက်တန်တန် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ယခု ကျင်းပတဲ့ AFC ယူ-၂၂ ပြိုင်ပွဲဟာ ၂ နှစ်တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံ့လက်ရွေးစင် အသင်းတွေ အဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၁၁ ကမှ စတင်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ AFC ယူ-၂၂ ဖလား ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တခြား အိုလံပစ်ပွဲစဉ် ၀င်ပြိုင်တဲ့ အာရှအသင်းတချို့ရှိတာကြောင့် ခြေစစ်ပွဲစဉ်တချို့
ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။
(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3)
ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ

လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။
နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ
Subscribe to:
Posts (Atom)