သီးလေးသီး တိုက်စစ်ဆင်တော့မည်ဟု ဆို




မိုးတွင်းကာလ ပွဲရာသီအနေဖြင့် ဇူလိုင် ၁၄ ရက်နေ့ ပြည်မြို့နယ် ယဉ်ကျေးမှုခန်းမကြီးတွင် သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ နဲ့၂၀၁၃ ပွဲရာသီအသစ်ဖြစ်တဲ့အတွက် ပြက်လုံးသစ် ၊သီချင်းသစ်တွေနဲ့ ၊ထူးထူးခြားခြား တင်ဆက်မည့်ပွဲတပွဲဟု သိရှိရပြီး. သီးလေးသီးရဲ့တိုက်စစ်ဆင်မယ့် နှစ်တနှစ်လို့  သီးလေးသီး အဖွဲ့ ဝင် လူရွင်တော်တဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီမဲ့ ပေါ်လစီပြက်လုံးဇာတ်ကွက်လေးများ စိတ်ကူးတင်ဆက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့တေးသီချင်းလေးတွေကို အငြိမ့်ပုံစံလေးဖြင့် ဖန်တီးတင်ဆက်ထားကြောင်း သိရှိရပါတယ်။
ရုံဝင်ခကိုလည်း လူတန်းစားမရွေး ကြည့်ရှုနိုင်ရန်အတွက် လူတဦးလျင် ကျပ် တထောင် ဖြင့်သာ

ဘ၀အတွက် ရည်ရွယ်ချက်


 
လူအများစုက ဘ၀အတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိကြသည်။ တချို့တွေက ဘ၀မှာ အောင်မြင်ချင်ကြသည်၊ ချမ်းသာချင်ကြသည်။ နာမည်ကြီးချင်ကြသည်။ တချို့ကတော့ ဘ၀ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုကြသည်။ တချို့ကတော့ ဘ၀ကို လွယ်လွယ်တွေးပြီး၊ ပေါ့ပေါ့လေး ဖြတ်သန်းချင်ကြသည်။ တချို့တွေအတွက် ဘ၀က အစစအရာရာ အဆင်သင့်ဖြစ်နေပြီး ဖြောင့်ဖြူးသည်။ တချို့တွေအတွက် အခက်အခဲများကို ကျော်ဖြတ်ပြီး ကြိုးစားရသည်။

ပညာ၏အရေးပါမှု
ဘယ်လိုရည်ရွယ်ချက်မျိုးမဆို ပညာက အခြေခံကျသည့်နေရာမှာ ပါဝင်သည်ဟု ကျမယုံကြည်သည်။ ပညာဟုဆိုရာတွင် ကျောင်းတွေကပေးသော အတန်းပညာသာမက၊ ဘ၀ကပေးသော လက်တွေ့ပညာ၊ အသိပညာ တို့လည်း ပါဝင်သည်။ ပညာရှိမှ ကျမတို့ အမြင်ကျယ်ပြီး ကိုယ့်ဘ၀မှာ ဖြစ်နေတာတွေကို စဉ်းစားဆင်ခြင်တတ်မည်။ ဘ၀မှာ ဘာတွေလုပ်နိုင်သလဲဆိုတာ တွေးတတ်လာမည်။

ကျမစာသင်ရသော မြန်မာကျောင်းသား ကျောင်းသူများကို ဘ၀မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိလဲဟု ကျမက မေးလေ့ရှိသည်။ အများစုက အလုပ်ကောင်းကောင်းရဖို့၊ လူတန်းစေ့ နေနိုင်ဖို့ လိုချင်ကြသည်။ တချို့တွေကတော့ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သောသူ ဖြစ်ချင်ကြသည်။ သူတို့အားလုံးက အတန်းပညာမှာ တပြေးညီရှိကြသော်လည်း၊ မတူညီကြသော ဘ၀များမှ လာကြသည့်အတွက် ဘ၀ကပေးသော အသိပညာ ကွဲပြားကြသည်။ ထို့ကြောင့် ဘ၀အတွက် ရည်ရွယ်ချက်တို့လည်း ကွဲပြားသွားကြသည်။

အထူးသဖြင့် လူငယ်ဘ၀မှာ ကျမတို့ ကြီးပြင်းသော ပတ်ဝန်းကျင်က ကျမတို့ ဘ၀မှာ ဘာလုပ်ချင်တယ်ဆိုတာအပေါ် သက်ရောက်မှုရှိတတ်သည်။ ကျမငယ်စဉ်က မိဘတွေပြောဖူးသော စကားတခွန်းရှိသည်။ “ဖေဖေ မေမေတို့က သားနဲ့သမီးကို ဒီတသက်တော့ ပညာအမွေပဲ ပေးနိုင်မယ်။ ပညာရွှေအိုး လူမခိုး ဆိုတဲ့အတိုင်း ပညာကိုသာ ဘ၀မှာ အရေးကြီးတဲ့ အမွေတခုအနေနဲ့ သင်ယူကြ”။

ကျမတို့မောင်နှမလည်း မိဘတွေပြောတဲ့အတိုင်း ဘ၀မှာ ချမ်းသာဖို့ဆိုတာထက်၊ ပညာတတ်ရင် လူတန်းစေ့နေနိုင်မယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားခဲ့ကြသည်။ ဘွဲ့ကောင်းကောင်းရဖို့၊ အလုပ်ကောင်းကောင်းရဖို့တို့က ထိုစဉ်က ကျမတို့၏ ရည်ရွယ်ချက်များ ဖြစ်ခဲ့သည်။

အွန်လိုင်းပေါ်က ဆောင်းပါးတပုဒ်မှာ နယူဇီလန်နိုင်ငံရှိ အသက် ၁၈ နှစ်အောက် ယောက်ျားလေးတချို့၏ ဘ၀အတွက် ရည်ရွယ်ချက်များက ကလေးအများကြီးယူဖို့၊ မိန်းကလေး တယောက်ပြီး တယောက်နှင့် လက်မထပ်ဘဲ တွဲနေဖို့၊ အိမ်တွေအများကြီး ပိုင်ဆိုင်ဖို့၊ အစိုးရဆီက အထောက်အပံ့ကို ရနိုင်သလောက်ရဖို့ စတာတွေ ဖြစ်သည်ဟု ရေးထားတာ ဖတ်ဖူးသည်။ မြန်မာနိုင်ငံမှ လူအများစုအတွက် ထိုသို့ ရည်ရွယ်ချက်မျိုးနှင့် လူငယ်တွေ ရှိသလားဟု အံ့သြချင်

နိုင်ငံခြားအန်ဂျီအိုများ အကူအညီ ဒေသခံ တိုင်းရင်း သားများ ငြင်းပယ်

မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊ မင်းတို့ မလာပါနဲ့


မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇) ခုသည်  နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။

မောင်တောမြို့ဒုက္ခသည်စခန်းတခုမှ မြင်ကွင်း
ယခု ကဲ့ သို့ ငြင်း ပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။
“ သူတို့ရဲ့  လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး ဘာသာမရွေး ကူညီထောက်ပံ့ခြင်း ဆိုတဲ့ ခေါင်းစီးစာတန်း ကိုတော့ လေး စားပါတယ်။ ဒါပေမယ့်  အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။ ဘာဖြစ် လို့ တုန်းဆိုတော့  ခေတ်အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့  ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့  အစည်းတွေ ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက ဒီမှာ ရှိ တဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။

Farmer Issues in Rangoon

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ


ချင်းမိုင်(မဇ္စျိမ)။     ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်းထောက် ကိုဥာဏ်လင်းအောင်က ပြောသည်။

ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့်

လွှတ်တော်ကိုယ်စားလှယ်တို့ ၏ အသံများ ( ဒေါ်စန္ဒာမင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်))



ကျွန်မတို့ အဆိုတင်သွင်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၁) ယောက် စုပေါင်းတိုင်ပင်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ ကိုယ့်မြို့နယ် အလိုက်စုဆောင်းထားတဲ့ အချက်အလက်တွေရှိပါတယ် ။အဓိက ကတော့ မြေယာကိစ္စတွေကို တင်ပြသွားဖို့ ရှိပါတယ်။ မနက်ဖြန်မှာ ကျင်းပမဲ့ စတုတ္ထအကြိမ် ပြည်သူလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှာကတော့ ပြည်သူလူထုတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေတဲ့ မြေယာကိစ္စတွေ မှာ နစ်နာမှု မရှိစေရေးအတွက် ဦးစွာပထမ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း လက်ခံဆွေးနွေးသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ အဓိက ပြဿနာဖြစ်နေတာက လယ်ယာမြေဆုံးရှုံးမှုတွေ ဖြစ်နေပါတယ်။ အဲဒီလယ်ယာမြေတွေ

Eleven Media Group နှင့် Nation Media Group တို့ မီဒီယာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်သည့် EMG မှ အယ်ဒီတာများနှင့် Nation Multimedia Group မှ Suthichai Yoon(Chairman, The Nation Multimedia) နှင့်အဖွဲ့တို့အား တွေ့ရစဉ်
မြန်မာနိုင်ငံမှ Eleven Media Group နှင့် ထိုင်းနိုင်ငံမှ Nation Media Group တို့သည် သမိုင်းဝင် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nation Media Group ရုံးချုပ်တွင် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်သည့် Eleven Media Group မှ အယ်ဒီတာများနှင့် ထိုင်းနိုင်ငံ Nation Multimedia Group မှ ဂျာနယ်လစ်များသည် မြန်မာနိုင်ငံတွင်းနှင့် မြန်မာနိုင်ငံပြင်ပသို့ သတင်းများ ပိုမိုပျံ့နှံ့ရောက်ရှိရေးအတွက် ၀က်ဘ်ဆိုက်နှင့် ပုံနှိပ်မီဒီယာများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ကြုံတွေ့ရပြီး နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီးနောက်  ယခုအခါတွင် မြန်မာနိုင်ငံ၌ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာနေပြီကို မြင်တွေ့နေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်များ၊ စီးပွားရေး၊ လူမှုဘ၀၊ ယဉ် ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ အိုင်တီ စသည့် ကဏ္ဍများအပါအ၀င် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို အပြည့်စုံဆုံးဖော်ပြသည့် အင်္ဂလိပ်ဘာသာဖြင့် ၀က်ဘ်ဆိုက် တစ်ခုဖန်တီးနိုင်ရေး Nation Multi- media Group နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။


အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက

လွှတ်တော်စပြီ

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့ ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ်။
ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။

နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"