(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည်
ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။
အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။
(၂) အသက်ရှူရခက်ခြင်း
ကလေးငယ်အသက်ရှူရခက်
ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူ နိုင်ရန် ရင်ပတ်နှင့်လည်ပင်းကြက်
သားများ အားပြုရသောကြောင့် နံရိုး များအကြား ရင်ပတ်ချိုင့်ဝင်ခြင်း၊
လည်ပင်းကြွက်သားများ ထိုးထိုး ထောင်ထောင်ဖြစ်လာခြင်း၊ အသက် ရှူစဉ်
တရွှီးရွှီးမြည်ခြင်းတို့ဖြစ်လာပါက ဆေးရုံသို့အမြန်သွားပါ။
(၃) မွေးကင်းစကလေးများ၌ အဖျားကြီးခြင်း
မွေးကင်းစ
နှစ်လအောက် ကလေးများ၌ အဖျားတိုင်းသည့်အခါ စအိုတွင်းသို့ သာမိုမီတာထည့်
တိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင် ဟိုက် ကျော်ပါက ဆရာဝန်နှင့်ပြပါ။
မွေးကင်းစအဖျားသည် အအေးမိခြင်း မှ ဦးနှောက်အမြှေးရောင်ခြင်းအထိ
ဖြစ်နိုင်ပြီး အခြားအရွယ်ကလေးများ ထက် ပိုမိုဂရုစိုက်ကုသရလေ့ရှိသည်။
(၄) အသားဝါခြင်း
မွေးကင်းစ
အသားဝါလျှင် အလင်းကုထုံး (phototherapy) ပေး၍ကုသရလေ့ရှိသည်။ အသားဝါ စေသည့်
ဘီလီရူဘင်ဓါတ် (bilirubin) အလွန်အမင်းမြင့်တက်လာပါက
ကလေးငယ်၏ဦးနှောက်ကိုထိ ခိုက်စေပြီး ဉာဏ်ရည်မမီ သည်အထိ ဖြစ်စေသည်။
(၅) အစိမ်းရောင်၊ အညိုရောင် အန်ခြင်း
ကလေးငယ်များသည်
မကြာခဏ အန်တတ်သူများဖြစ်သော်လည်း အစိမ်းရောင်၊ အညိုရောင်များ
အန်ပါကဂရုစိုက်သင့်သည်။ အူလမ်း ကြောင်းပိတ်ခြင်းကြောင့်
အစိမ်းရောင်အန်တတ်ပြီး ၀မ်းတွင်းသွေး ထွက်ခြင်းကြောင့် ကော်ဖီအနှစ်အညို
မည်းရောင် (ကော်ဖီရည် အညို ဖျော့ရောင်မဟုတ်) အန်တတ်သည်။
ကလေးငယ်ဦးခေါင်းကို ထိခိုက်မှု ဖြစ်ပြီးနောက်အန်ပါကလည်း အရေး တကြီး
စောင့်ရှောက်သင့်သည်။
သီဟ
Source:WebMD
Health Updates Journal Vol.2, No.37
သင့် ကျန်းမာရေး အတွက် ဆီးချိုနဲ့ အာဟာရ
ဒေါက်တာ လွင်သန့် (ဆေး-၂)
ကမ္ဘာပေါ်မှာ လူတွေရဲ့ အစားအသောက်၊ နေထိုင်မှု စနစ်တွေ ပြောင်းလဲလာတော့ အသင့်စား အစားအ သောက်များကို သုံးစွဲ လာကြပါတယ်။ လူကို မကူးစက်နိုင်တဲ့ ရောဂါများ တိုးပွားလာတဲ့ အထဲမှာ ''ဆီးချို'' ရောဂါဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာ့ ဆီးချိုဖြစ်ပွားသူ သန်း ၁၁ဝ ရှိတဲ့ အနက်က မြန်မာနိုင်ငံ မှာလည်း လူတစ်သန်း ရှိနိုင်တယ်လို့ သိရတယ်။ မိမိ စားလိုက်တဲ့ အစာထဲမှာ ပါဝင်တဲ့ စွမ်းအင် ပမာဏဟာ ခန္ဓာကိုယ်က သုံးလိုက်တဲ့ စွမ်းအင် ပမာဏထက် ပိုများနေမယ် ဆိုရင် ဝခြင်း၊ ဆီးချိုတက်ခြင်း စတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲကို ဝင်လာမယ့် ကယ်လိုရီ ပမာဏကို ထိန်းရမယ်။ လူတိုင်း လူတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားရမယ်။
ထမင်းကို ဟင်းလိုစားပြီး ဟင်းကို ထမင်းလို ပြောင်းပြန် စားရမယ်။ ငါးနဲ့ ဟင်းသီး ဟင်းရွက်တွေကို များများ စားသင့်တယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ ပိုးသတ်ဆေး အကြွင်းအကျန် တွေကို ရေနိုင်နိုင် ဆေးရပါမယ်။ ဟင်းသီးဟင်းရွက် များများ စားတော့ တင်းတိမ်နိုင်တဲ့ စိတ်ကို ဖြစ်ပေါ်စေပြီး တစ်ပန်းကန်ထဲနဲ့ အစား ရပ်တန့်နိုင်တယ်။ အဆာလည်း အတန် အသင့် ခံနိုင်တယ်။ အချိုစားလည်း ဝမယ်။ ကော်ဖီ သောက်တဲ့အခါ သကြား တစ်ဇွန်းသာ ထည့်သင့်တယ်။ ရေငတ်ရင် ရေကိုသာသောက်သင့်တယ်။ ရေအစား အချို ရည်၊ Beer မသောက်ပါနဲ့။ ဆီနဲ့ အငန်နည်းတာ များများ စားရမယ်။ ပြည့်ဝဆီ၊ မပြည့်ဝဆီ၊ ပုံပြောင်းဆီ လေးမျိုးရှိတဲ့ အထဲက ပဲ၊ နှမ်း၊ နေကြာ ဆီဟာ မပြည့်ဝဆီ ဖြစ်တယ်။ ဝက်ဆီ၊ ဆီအုန်းနဲ့ တိရစ္ဆာန်က ရတဲ့ အဆီဟာ ပြည့်ဝဆီများ ဖြစ်တယ်။ ကျန်းမာရေးနဲ့ မသင့်လျော်ဘူး။ အမြန်စား (Fast Food) နဲ့ နှစ်ခါပြန် ကြော်တဲ့ အကြော်များဟာ ပြည့်ဝဆီနဲ့ ကြော်တာ များတယ်။
အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သရေစာ ရွေးချယ်ရာမှာ ဆီပါတဲ့ အစာဟာ လူကို ဒုက္ခအပေးဆုံး ဖြစ်တယ်။ ဟင်းကို ဆီပါသည် ဆိုရုံသာ ချက်သင့်တယ်။ ဆီပြန်ဟင်း စားရင်လည်း အသားတုံးသာ စားရမယ်။ အဆီအနှစ် ဆမ်းပြီး နယ်ဖတ်စားခြင်း ရှောင်ရမယ်။ အာသာ မပြေရင် အဆာပြေ တစ်ခုခု စားရမယ်။ အာလူးကြော်၊ ငါးမုန့်ကြော်နဲ့ အီကြာကွေး စတဲ့ လမ်းဘေး အစား အစာတွေကို ရှောင်ရမယ်။ ဆီးချိုသမား အဖို့ လျှာပေါ်တင်ကြည့်လို့ ချိုတဲ့ အသီးအနှံဆို ရှောင်ရမယ်။ သရက်သီး၊ စပျစ်သီးတွေကို စိမ်းပြီးတော့ ချဉ်ရင် များများ စားနိုင်တယ်။ ခါးတဲ့ အရသာရှိတဲ့ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး တို့ဟာ ဆီးချိုအတွက် သင့်လျော်တယ်။ ဆီးချို လူနာအတွက် အထူးထုတ်ဆန်၊ ကော်ဖီ၊ အချိုရည်နဲ့ မုန့်တွေကို စိတ်ကြိုက်စားလို့ မရနိုင်ပါ။ ကယ်လိုရီဓာတ် အနည်းနဲ့အများ ပါဝင်တာ ဖြစ်လို့ အခြား အစားအစာတွေနဲ့ အတူ ချင့်ချိန် စားရမယ်။ အထုပ်မှာ ရေးထားတဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်စားဖို့ ဖြစ်တယ်။ ဆေးလိပ် ဖြတ်ရမယ်။
သွေးချို ပမာဏနဲ့ သွေးပေါင်ချိန် မှန်မှန် တိုင်းရမယ်။ လေ့ကျင့်ခန်း လုပ်ဖို့ နေ့စဉ် နာရီဝက် အပြေး၊ လမ်းလျှောက် လုပ်သင့်တယ်။ စိတ်ကူးပေါက်လို့ တစ်ပတ်လုံး လေ့ကျင့်ခန်း လုပ်ပြီး ရပ်သွားတာမျိုး မလုပ်ပါနဲ့။ နှစ်လုံး ပေါက်အောင် မှန်မှန် လုပ်ရမယ်။ စိတ်ပျော်ရွှင်အောင် နေရမယ်။ စိတ်ဖိစီးမှု များရင် ဆီးချို တက်မယ်။ စိတ်ဖိစီးမှု လျော့စေတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင်စွာ ရောနှော နေထိုင် သင့်တယ်။ ဆီးချိုကျဆေးကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း မှန်မှန် သောက်ရမယ်။ ဒါမှမဟုတ် မက်ဖော်မင် (၅ဝဝ) မီလီဂရမ် တစ်နေ့တစ်လုံး သောက် ရမယ်။ ကိုယ်အလေးချိန် လျော့ဖို့ အက်ကိုဗာစတင် တစ်ည တစ်လုံး လနဲ့ချီ သောက်ရမယ်။ မိမိကိုယ်တိုင် အစားလျှော့၊ လေ့ကျင့်ခန်း မှန်မှန်လုပ်၊ အနေအထိုင် ဆင်ခြင်မှသာ ကိုယ်အလေးချိန် လျော့မယ်။ ထမင်းကိုတော့ မစားဘဲ မနေရဘူး။
Credit: ရွှေတည်/ Myawady
အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်
ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။
အသားအရေ ထိန်းနည်း (၁)
အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံတာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ်ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ်မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေးလိပ် သောက်တာနဲ့ အရက်ကို အလွန်အမင်း သောက်တာတွေက အသားအရေကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။
အသားအရေ ထိန်းနည်း (၂)
မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင် စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။
အသားအရေ ထိန်းနည်း (၃)
မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံး အင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက်နှာပြင်ဆီ ရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။
အသားအရေ ထိန်းသိမ်းနည်း (၄)
အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေ နိုင်ပါတယ်။
အသားအရေထိန်းသိမ်းနည်း (၅)
အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာ အတွက် ပေါင်ဒါမှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီပါဝင်တဲ့ ပေါင်ဒါကို ရှောင်ပါ။
အသားအရေထိန်းသိမ်းနည်း (၆)
နှုးညံ့သော မျက်ဝန်း တစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာ အသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ် လိမ်းရင်လည်း ညင်ညင်သာသာ ပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိ ယားယံနေရင် မျက်ဝန်း တစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။
အသားအရေ ထိန်းသိမ်းနည်း (၇)
အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အတား ဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာနဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေ နိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေထိန်း ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။
အသားအရေ ထိန်းသိမ်းနည်း(၈)
စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်း ဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာ တွေကို လုပ်ဆောင်ပေးတဲ့ အတွက် အိုမင်းမှု တားဆီခြင်း အနေနဲ့ အသုံးဝင် ပါတယ်။
Credit: ဇွန်/ Myawady
ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်
အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ် တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။
ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ပါ ဦးနှောက်စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင် ပြုလုပ်ပါ။
မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ
ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့ Omega-3 အဆီတွေဟာ မှတ်ဉာဏ် ဆုတ်ယုတ် စေတတ်တဲ့ ဦးနှောက်အတွင်း ရောင်ရမ်းမှုတွေကို လျှော့ချနိုင်လို့ပါ။ ငါးစားလို့ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အပတ်စဉ် ငါးဟင်း များများ စားတာကြောင့် မှတ်ဉာဏ်ပြဿနာ ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
အာရုံစူးစိုက်မှု ပိုကောင်းအောင် အသားစားပါ
ပစ်မှတ်အပေါ် အာရုံစိုက်မှု ကောင်းအောင် ကူညီနိုင်တဲ့ dopamine ခေါ်တဲ့ Neurotransmitter ဦးနှောက်မှ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ အမိုင်နို အက်စစ်တွေ ရရှိနေဖို့ လိုအပ်ပါတယ်။ တိုင်ရိုဆင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ Amino Acid ရရှိဖို့ နေ့စဉ် အမဲသား၊ ဝက်သား၊ ကြက်သား ဒါမှမဟုတ် နို့ထွက်ပစ္စည်း သုံးအောင်စ စားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ သက်သတ်လွတ်စားသူ ဖြစ်နေရင် ဥအမျိုးမျိုးနဲ့ နွားနို့မှာ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်း အများအပြား ပါဝင်ပါတယ်။
သင်ယူမှု ပိုကောင်းအောင် သစ်သီးစားပါ
သကြား ပါဝင်မှုများတဲ့ ကိတ်မုန့်၊ ကွတ်ကီးနဲ့ သကြားလုံးတွေ စားတာကြောင့် ဦးနှောက်တွင်းမှ မှတ်ဉာဏ်နဲ့ သင်ယူမှုဌာန ဖြစ်တဲ့ Hippocampus နေရာ ကျုံ့သွားတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်တဲ့ ဘယ်ရီသီး၊ ဖရဲသီးနဲ့ မက်မွန်သီးလိုမျိုး သစ်သီးတွေ စားတာကြောင့် ဦးနှောက် cell တွေ ပြန်လည် တည်ဆောက်နိုင်ကာ ပြန်လည် ကြီးထွားလာနိုင်တယ်လို့ သိရပါတယ်။
ဦးနှောက် cells တွေ ပျက်စီးမှုမှ ကာကွယ်နိုင်အောင် အရက်အနည်းငယ် သောက်ပါ
ဝိုင် ဒါမှမဟုတ် ဘီယာကို အသင့်အတင့် သောက်သူတွေဟာ အသက်ကြီး လာရင် မှတ်ဉာဏ်ပြဿနာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း လျော့နည်းသွားတယ် လို့ ဆိုပါတယ်။ ဝိုင်အရက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့်လို့ ဆိုပါတယ်။ အရက်ကို ခန္ဓာကိုယ်မှ စုပ်ယူတာ မြန်ဆန်မှုမရှိအောင် အရက်နဲ့ အတူတူ အစာပါ တွဲစားပေးပါ။ အရက် စုပ်ယူမှုမြန်ရင် ဦးနှောက် cell တွေ ထာဝရ ပျက်စီးသွားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘီယာတစ်ဘူး ဒါမှမဟုတ် ဝိုင် ၅ အောင်စသာ သောက်ပေးပါ။ အမျိုးသားတွေမှာမူ အမျိုးသမီး တွေထက် နှစ်ဆ ပိုသောက်လို့ ရပါတယ်။
ဒေါက်တာခင်မိုးမိုး
Credit: Myawady
ကိုယ်ဝန်ဆောင်များ နို့သောက်ပေးခြင်းက ရင်သွေးငယ် အရပ်ရှည်စေနိုင်
ကိုယ်ဝန်ဆောင်ကာလမှာ နွား နို့သောက်သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့
ရင်သွေးငယ်တွေဟာ နွား နို့မသောက်တဲ့ မိခင်တွေရဲ့ ရင်သွေး
ငယ်တွေထပ်ပိုအရပ်ရှည် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ
တယ်။ယခင်လေ့လာမှုများအရ မိခင် လောင်းတွေ နွားနို့သောက်သုံးပေးရင် ကလေးငယ်ကို
အလေးချိန်တိုးပြီး လျင် လျင်မြန်မြန်ကြီးထွားနိုင်တယ်ဆိုတာကို
ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်။
ကိုယ်ဝန်ဆောင်နေစဉ်ကအတွင်းမှာနေစဉ် ၁၅၀မီလီမီတာ (တစ်ပိုင့်ရဲ့ လေးပုံတစ်ပုံ) ပမာဏရှိ တဲ့ နွားနို့ကို သောက်သုံးပေးမယ်ဆိုရင် နွားနို့လုံး လုံးမသောက်သူ၊ အဲဒီပမာဏထက် လျော့နည်းပြီး သောက်သုံးတဲ့မိခင် တွေရဲ့ ရင်သွေးငယ်တွေထက် အရပ် ပိုရှည်တဲ့ သားသမီးတွေကို ပိုင်ဆိုင် ခွင့်ရနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ ဒီလေ့လာ မှုမှာအမေရိကန်၊ ဒိန်းမတ်နဲ့ အိုက် စလန်နိုင်ငံက အာဟာရဗေဒ ပညာ ရှင်တွေဟာ ၁၉၈၈ခုနှစ်နဲ့ ၁၉၈၉ခုနှစ် အတွင်းမွေးဖွားခဲ့တဲ့ ကလေးငယ် ၈၀၉ ဦးရဲ့ မွေးကင်းစ အခြေအနေနဲ့ အသက် ၂၀ကျော်အရွယ်မှာ အရပ် အမြင့်ကို သုံးသပ်လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသုတေ သနအဖွဲ့ဟာ နွားနို့သောက်သုံးပေး တဲ့ မိခင်တွေရဲ့ ရင်သွေးငယ်တွေဟာ ဉာဏ်ရည်ပိုမို မြင့်မားတယ်ဆိုတာ သုတေသနပြုနိုင် ခဲ့ပြီးဖြစ်ပါတယ်။
လေ့လာမှုရလဒ်ကို European Journal of Clinical Nutrition မှာဖော်ပြထားတာဖြစ်ပါတယ်။
သန့်စင်
Ref: IANS
Health Updates Journal Vol.2, No.37
ကိုယ်ဝန်ဆောင်နေစဉ်ကအတွင်းမှာနေစဉ် ၁၅၀မီလီမီတာ (တစ်ပိုင့်ရဲ့ လေးပုံတစ်ပုံ) ပမာဏရှိ တဲ့ နွားနို့ကို သောက်သုံးပေးမယ်ဆိုရင် နွားနို့လုံး လုံးမသောက်သူ၊ အဲဒီပမာဏထက် လျော့နည်းပြီး သောက်သုံးတဲ့မိခင် တွေရဲ့ ရင်သွေးငယ်တွေထက် အရပ် ပိုရှည်တဲ့ သားသမီးတွေကို ပိုင်ဆိုင် ခွင့်ရနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ ဒီလေ့လာ မှုမှာအမေရိကန်၊ ဒိန်းမတ်နဲ့ အိုက် စလန်နိုင်ငံက အာဟာရဗေဒ ပညာ ရှင်တွေဟာ ၁၉၈၈ခုနှစ်နဲ့ ၁၉၈၉ခုနှစ် အတွင်းမွေးဖွားခဲ့တဲ့ ကလေးငယ် ၈၀၉ ဦးရဲ့ မွေးကင်းစ အခြေအနေနဲ့ အသက် ၂၀ကျော်အရွယ်မှာ အရပ် အမြင့်ကို သုံးသပ်လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသုတေ သနအဖွဲ့ဟာ နွားနို့သောက်သုံးပေး တဲ့ မိခင်တွေရဲ့ ရင်သွေးငယ်တွေဟာ ဉာဏ်ရည်ပိုမို မြင့်မားတယ်ဆိုတာ သုတေသနပြုနိုင် ခဲ့ပြီးဖြစ်ပါတယ်။
လေ့လာမှုရလဒ်ကို European Journal of Clinical Nutrition မှာဖော်ပြထားတာဖြစ်ပါတယ်။
သန့်စင်
Ref: IANS
Health Updates Journal Vol.2, No.37
သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ
အသည်းတို့ အသားတို့ ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ် ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ ၊ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး ၊ သခွား ၊ စတော်ဘယ်ရီ ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။
အစားသောက်အစုံစားတက်သူ့ အတွက်က တိုရ ခေါ် ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ ။
လိမ္မော်သီး ၊ ကဗ္ဗလာအသီးတို့ ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကို တွဲပြီးစားသောက်ပေးသင့်ပါတယ် ။
နို့ ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။
အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန့်  ၊ ခရမ်းချဉ်သီး ၊ ဟင်းနုနွယ် ၊ မုန့် လာဥ ၊အာလူး ၊ ပြောင်းဖူး နှင့် ကန် စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်း သံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။
အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ ။
အမျိုးသမီးများဓမ္မတာ လာသည့်အခါတွင် သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့် ပဲအမျိုးမျိုးဖြင့် ချက်လုပ်ထားသည့် ဟင်းများကို စားသောက်ပေးပါလို့  ရေးသားရင်း အသက်ရာကျော် ရှည်ပါစေ ။
Mg Mandalay
သွေးပေါင်ချိန်ကျခြင်းနှင့်သွေးအားနည်းခြင်း
လူနာအများစုတွင် သွေးပေါင်ချိန်ကျခြင်း (Hypotension) နှင့် သွေးအားနည်းခြင်း (Anaemia) ဆိုသည်အဓိပ္ပာယ်နှစ်ခုကို လုံးထွေးပြီးသိနေကြပါတယ်။ တနည်းအားဖြင့်သွေးပေါင်ချိန်ကျတယ် သွေးအားနည်းတယ်ဆိုရင် တူညီတယ်လို့ ထင်ကြပါတယ် ။တစ်ချို့ လူနာတွေကို သွေးအားတိုးအောင်သွေးအားဖြည့်အောင် ပြောတယ် ဆေးပေးတယ် အဲဒါကို သွေးတက်မှာကြောက်လို့ ဆိုပြီး မသောက်ဘဲ နေတာတွေလည်း ရှိပါတယ် သွေးအားတိုးခြင်း နှင့် သွေးပေါင်တက်ခြင်းအသိကို ရောနေလို့ သာ သွေးတက်မှာမှာဆိုသည့် အသိတစ်ခုဝင်ပြီး မသောက်ခြင်းဖြစ်တာပါ ဒါကြောင့် သွေးတိုးခြင်းနှင့်သွေးအားတိုးခြင်း မတူညီပါ ။
သွေးအားနည်းသူ၏ သွေးအားနည်းသည့်သွေးတွင် တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတက်ပါတယ် ။ သွေးအရည်ထဲတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။အဲဒီဓာတ်တစ်မျိုးနည်းသည့်အတွက် အနီရောင်သွေးကို ဖျော့တော့စေပါတယ် ။ ဟေမိုဂလိုဘင်နည်းသွားတဲ့အတွက်ကြောင့် လူတစ်ဦးတွင် သွေးအတွင်း အောက်စီဂျင်သယ်ယူပို့ဆောင်ရေးကတော့ ကျသွားတယ် သွေးအားနည်းသွားတယ်ပေါ့  အဲလို သွေးအားနည်းသူတွေမှာ မောလာတယ် လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ မောပန်းလာတယ် ။ကြားရသည့်နားအတွင်းမှာလဲ အူပြီ ဝီခေါ်နေသည့် အသံတွေကြားနေရတယ် ခေါင်းတွေကိုက်မယ် ရင်တွေတုန်မယ် နှုတ်ခမ်းတွေမှာ ဖျော့တော့ပါမယ် ။
ဒီလို ဟေမိုဂလိုဘင်နည်းနေပြီဆိုလျှင် သွေးလှူနေကြဖြစ်နေပေမဲ့ လှူခွင့်မရတော့ပါဘူး ။ သွေးအားကောင်းစေရန် လိုအပ်ချက် စားသောက်ရန်အစာအစားများကို သီးသန့် တစ်ခုအနေဖြင့်တင်ပြပေးပါမည် ။
ယခေုတင်ပြသော သွေးပေါင်ကျခြင်းနှင့်သွေးအားနည်း မတူညီကြောင်းကို ကျန်းမာရေးအသိတစ်ခုရရှိပြီ …
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး
(၁) အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ
များပြားလွန်းတဲ့ အလုပ်တာဝန် တွေနဲ့ လှုပ်ရှားနေရတဲ့ ဘဝထဲမှာ ဘယ် အရာကိုပဲဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက် သွားတာကို သဘောကျတတ်ကြပါ တယ်။ အစာစားချိန်မှာတောင် ခပ်မြန် မြန်စားရတာကို သဘောကျလာတတ် ကြပါတယ်။ ရေနွေးလေးဖြောပြီး အ လွယ်တကူ စားရတာကို နှစ်သက်လာ ကြပါတယ်။ လေ့လာမှုတွေအရ အသင့် ပြုလုပ်ထားတဲ့ အစာတွေကို အစားများ တာကြောင့် ဦးနှောက်ကျန်းမာရေးအ တွက် စိုးရိမ်ဖွယ်ရှိတယ်လို့ဆိုတာကြောင့် အသင့်အစားအစာတွေနဲ့ ခပ်ဝေးဝေးနေ ပါ။
(၂) ဖန်တီးပြုလုပ်ထားသော အစာတုများ
အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာမျိုးတွေပါ။ အနံ့နဲ့ အရသာက တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။ ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေး စွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်Óဏ် ကို အထောက်အကူပြုပါလိမ့်မယ်။
(၃) ငန်လွန်းသော အစားအစာများ
အရမ်းငန်လွန်းတဲ့ အစားအစာတွေ ကသင့်နှလုံးကျန်းမာရေးကိုလည်း ထိ ခိုက်စေနိုင်ပါသေးတယ်။ ဆားလွန်ကဲတဲ့ အစားအစာတွေများများစားတာကြောင့် သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေ နိုင်တဲ့ မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
(၄) ပြုပြင်ထားသော ဒိန်ချဉ်
ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်း စပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရနံ့နဲ့ ပေါင်းစပ် ပြုလုပ် ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက် သုံးတာကြောင့် ဒိန်ချဉ်အစစ်လိုတူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့ လာသူတွေက ဆိုပါတယ်။ ရေဆာနေ ချိန်မှာ ရေဆာကိုသာ ပြေစေပြီး အမှန် တကယ်တော့ အဲလိုအသင့်ပြုလုပ်ထား တဲ့ ဒိန်ချဉ်ဘူးတွေက အဆီနဲ့ ဓာတု ပစ္စည်းတွေသာ ပါဝင်တတ်တယ်လို့ဆိုပါ တယ်။
(၅) စွမ်းအားဖြည့် အချိုရည်များ
စွမ်းအားကို ပြန်လည်ဖြည့်တင်းပေး တဲ့ အချိုရည်တွေကို လွန်ကဲစွာသောက် သုံးတာကြောင့် သင့်ဦးနှောက်ကျန်းမာ ရေးကို ထိခိုက်စေနိုင်ပါတယ်။ ယင်းအချို ရည်တွေက အချိန်အတိုင်းအတာတစ်ခု အထိ လူကို တက်ကြွလန်းဆန်းစေကာ တာကြောင့် အဲဒီအချိန်တွင်းမှာ အလုပ် ကို အင်တိုက်အားတိုက်လုပ်မိပြီး အချိန် အတိုင်းအတာကုန်သွားချိန်မှာတော့ လူ ကိုပင်ပန်းနွမ်းနယ်နေစေတာကြောင့် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်နေစေပါလိမ့်မယ်။
(၆) ပီဇာများ
လူကြီး၊ လူငယ်မရွေးကြိုက်နှစ် သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီး ထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကိုပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့် မယ်။ အဆာပြေစာစားမယ်ဆိုရင်တောင် သီးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။
(၇) ထပ်ကာထပ်ကာ ကြော်ထားသော အစာများ
ဆီအများကြီးနဲ့ အထပ်ထပ်အခါခါ ကြော်ထားတဲ့ အစာတွေကို စားတာ ကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရ မ ဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကို ထိခိုက် စေနိုင်ပါသေးတယ်။ ဆီကြော်စာတွေက စားလို့ကောင်းပေမယ့် သင့်ကျန်းမာရေး ကိုတော့ လုံးဝအထောက်အကူမပြုပါဘူး။
(၈) ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်တွေကို အ ထူးသဖြင့် ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အ များအပြား စားမိတတ်ကြပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ ဆားနဲ့ အဆီများစွာပါဝင်တတ်ပြီး တချို့အသင့် ပြုလုပ်စားသောက်နိုင်တဲ့ ပေါက်ပေါက် တွေထဲမှာ ဓာတုပစ္စည်းတွေလည်းပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းကို သေချာဖတ်ပြီး ဝယ်ယူပါ။
(၉) သကြားမျာသော အသုပ်များ
ဟင်းရွက်သုပ်တွေက သင့်ကျန်းမာ ရေးကို အထောက်အကူပြုတယ်ဆိုပေ မယ့် အဆီအများကြီးထည့်ပြီး၊ သကြား များစွာပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဟင်းရွက်သုပ်တွေကို သံလွင် ဆီအနည်းငယ်ထည့်သုပ်ပေးပြီး ရှလကာ ရည်အနည်းငယ်သုံးပေးတာက သင့် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။
သဲသဲ
By Good Health
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင် ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ် ခွဲစိတ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်ပါတယ်။
သားပျက်ရာ ပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအား ကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲ ရှိတတ်တယ်၊ ဆီးအောင်တာ ဖြစ်ဖြစ် ဆီးနဲတာ ဖြစ်ဖြစ် ရှိမယ်၊ အသက်ရှူတာ ခက်မယ်၊ လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊
ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ Acute Appendicitis အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ Urinary Tract Infections ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ Dysfunctional Uterine Bleeding သွေးဆင်း ပုံမမှန်တာ၊ Shock ရှော့ခ်ရတာ နဲ့ Septic သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ Dysmenorrhea ရာသီလာချိန် နာတာ၊ Trauma ထိခိုက်မိတာ။ ဒါတွေအပြင် Ovarian Cysts မျိုးဥအိမ် အလုံး၊ Vaginitis မွေးလမ်းကြောင်း ရောင်၊ Ovarian Torsion မျိုးဥအိမ် လိမ်နေတာ၊ Pelvic Inflammatory Disease တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ၊ Pregnancy ရိုးရိုးကိုယ်ဝန်၊ Ectopic သားအိမ်ပြင် ကိုယ်ဝန်တည်တာ၊ တခြား ရှားပါးတာတွေလဲ ရှိသေးတယ်။
ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ၊ မေ့ဆေး နောက်ဆက်တွဲ၊ ဆေးဝါး နောက်ဆက်တွဲ၊ ခွဲစိတ်မှု နောက်ဆက်တွဲ။ တချို့မှာ Uterine perforation သားအိမ် ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။ Bowel injury အူထိခိုက်ထားတာ၊ Bladder injury ဆီးအိမ် ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးက သွေးထဲရောက်သွားတာလဲ အတော်ဆိုးတယ်။
ဘာလို့ဖြစ်ရသလဲ
• သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။
• ဖျက်ဘို့သုံးတဲ့ ပစ္စည်း-နည်းတွေ ကြောင့်လဲ ဖြစ်တယ်။
• မွေးလမ်းကြောင်း ထဲမှာ အမြဲလိုလို ရှိနေကြတဲ့ (ဗက်တီးရီးယား) တွေက အထက်ကို တက်လာရာကနေ ပိုးဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။
ဘာတွေလုပ်မရမလဲ
• Ultrasund အာလ်ထွာ-ဆောင်း ရိုက်၊
• Beta-human chorionic gonadotropin (hCG) ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။
• Septic abortion ပိုးဝင်နေရင် တခါတည်း D and C သားအိမ် မခြစ်သေးဘဲ နေရသေးတယ်။ ဒါမှမဟုတ်
• Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။
• လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊
• အောက်စီဂျင်လဲ လိုခြင်လိုမယ်။
• ဆေးရုံ ရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။
• နာနေတာ၊ ဖျားနေတာတွေ အတွက် Antibiotics ဆေးတွေ ပေးမယ်။
• မေ့ဆေးအတွက် ပြင်ဆင်မယ်။
• သွေးသွင်းဘို့ လိုနိုင်တယ်။
• Uterine atony သားအိမ်က အလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲထည့်ပေးမယ်။
• D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။
• မရတဲ့အဆုံး သားအိမ် ထုတ်ပြစ်ရသူလဲ ရှိနိုင်သေးတယ်။
Management of Septic Abortion ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ
• အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃)Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) Other useful Antibiotics တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။
• D and C ပိုးသေဆေးပေးပြီး သားအိမ်ခြင်းခြင်း၊
• မေ့ဆေးနဲ့လုပ်မယ်။ သားအိမ် ပေါက်မသွားအောင်အထူးသတိထားပါ။
• နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။
• ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊
Complications နောက်တွဲဖြစ်နိုင်တာ
E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။
Medical abortion ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ
(၁) Cytotec Side Effects ဘေးထွက်-ဆိုးကျိုးများ
အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း
(၂) Mifepristone (Mifeprex ) ဘေးထွက်-ဆိုးကျိုးများ
ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နောက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။
သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။
(၃) Methotrexate (စားဆေး) ဘေးထွက်-ဆိုးကျိုးများ
အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။
ဒေါက်တာတင့်ဆွေ
တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ
မှိုစွပ်ပြုတ်
မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။
ချိစ် (Cheese)
ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။
လိမ္မော်သီး
တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဇွန်
By Good Health
Subscribe to:
Posts (Atom)






