ပြည်ပမီဒီယာများ မမှန်မကန်ထုတ်လွှင့်မှုများရှိနေ ဟု စစ်တွေရောက် အင်ဒိုနီးရှား ကြက်ခြေနီအကြီးအကဲ တစ်ဦး က ပြောကြား (သတင်းကောက်နုတ်ချက်)



ကိုးကား – Han Maung Thein။ စစ်တွေ၊ ၃၀ သြဂုတ် ၂၀၁၂၊ Coral Arakan News Agency
(ကိုးကား – http://www.facebook.com/notes/coral-arakan-news-agency/ပြည်ပမီဒီယာများ-မမှန်မကန်ထုတ်လွှင့်မှုများရှိနေ-ဟု-စစ်တွေရောက်-အင်ဒိုနီးရှား-ကြက်ေ/152448238226219 )
ပြည်ပမီဒီယာအချို့၏ မမှန်မကန်သတင်းထုတ် လွှင့်ခဲ့မှု ကြောင့် အင်ဒိုနီးရှား ပြည်သူများ  စိုးရိမ်ခဲ့ရသော်လည်း  မြန်မာအစိုးရ၏ သမာသမတ်ကျကျ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက် ကျေးဇူးတင်မိကြောင်း ဘင်္ဂါလီဆူပူမှု ဒုက္ခသည်များအား အကူအညီပေးရန် စစ်တွေမြို့သို့ ယနေ့ရောက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့အကြီးအကဲ တစ်ဦးက ရခိုင်ပြည်နယ်ဝန်ကြီးတစ်ဦးအားပြောကြားခဲ့သည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ သဘာဝဘေးအန္တယ်ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် ယနေ့ မနက် ကိုးနာရီ၌ စစ်တွေလေဆိပ်သို့ ရောက်ရှိပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး နှင့်

ဝန်ကြီးများနှင့် ပြည်တော်ပြန်တို့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းရန် သဘောတူ


ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်းတို့ တနင်္ဂနွေနေ့ တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည် ဟု ကိုမိုးသီးဇွန်က ပြောသည်။

“ကျွန်တော်တို့ ရှေ့ကိုဆက်ပြီးလုပ်မယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံး အစိုးရနဲ့ လက်တွဲဆောင်ရွက် သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်မယ်။ ကျွန်တော်တို့ ရှေ့ကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အတူတူ လက်တွဲလုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေရှိပါတယ်။” ဟု ကိုမိုးသီးဇွန် က ပြောသည်။

အမျိုးသမီး၏ ကာမဆန္ဒ နည်းခြင်း နှင့် အားတိုးဆေး



http://www.monetine999.com အမျိုးသမီး၏ ကာမဆန္ဒ နည်းခြင်း နှင့် အားတိုးဆေး

                    အမျိုးသမီးများ၏ ဦးနှောက်တွင် ရှိနေသော Libido​ ခေါ် ကာမဆန္ဒ အရည်အသွေးကို ကွာခြားပြီး လိင်မှုကိစ္စတွင် အမျိုးသမီးများ၏ စိတ်အား ထက်သန်မှု မတူညီ နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြား လိုက်သည်။
alt
အမျိုးသမီးကာမဆန္ဒ တိုးဆေးတစ်မျိုး
                 အိမ်ထောင်ရေး သာယာမှုတွင် မကြာခဏ အငြင်းပွား စရာများ ဖြစ်ပေါ် စေသည့် အမျိုးသမီးများ၏ စိတ် ထက်သန်မှု လျော့နည်းခြင်း နှင့် ပတ်သက်ပြီး  Wayne State တက္ကသိုလ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သာမန်အားဖြင့် လိင်နှင့် ဆိုင်သော ပတ်ဝန်းကျင် စေ့ဆော်မှုကို ခံရပါက အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု မြန်ဆန်လာပြီး စိတ်ပိုင်း ဆိုင်ရာ ထက်သန် လာလေ့ ရှိသော်လည်း ဦးနှောက်တွင် Libido ပမာဏ နည်းပါးသည့်

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်္ဘာ ၇ ရက်နေ့ ရခိုင်ခရီး စတင်မည်



မောင်ရမ္မာ
ရခိုင်ပြည်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအား စုံစမ်းစစ်ဆေးရန်  ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ၀င်များသည် စက်တင်္ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ကို သွားရောက်ကြမည်ဟု သတင်း ရရှိသည်။
စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များသည် အနည်းဆုံး ရခိုင် မြို့နယ် (၅) မြို့နယ်သို့ ခရီးစဉ် အတွင်း သွားရောက်ကြမည်ဟု ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
“ ဒီလ ၇ ရက်နေ့သွားဖြစ်မှာပါ။ သွားမှာကတော့ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက် ဦး၊ ပေါက်တောမြို့နယ်တွေကို သွားပြီးတော့ အဲဒီမှာ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ တွေ့မှာပါ၊ နောက်ပြီး အဖွဲ့ အစည်းအသီးသီးနဲ့လည်း တွေ့မယ်။ သီးခြားလူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်။ တခြားခြား လူမှုအဖွဲ့ အစည်း တိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ကိုလည်း တွေ့ဆုံပြီး မေးမြန်း စုံစမ်းသွားဖို့ စီစဉ်ထားပါတယ်”  ဟု ဆိုသည်။

ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ



ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
တာမခံကနေ ဖားကန့်ကိုအလာ ကသိုင်းတောင်နဲ့ နတ်မှော်ရွာကြားမှာ အဲဒီကားတွေရဲ့ ရှေ့ ကိုက် ၃၀၀ လောက် အကွာမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။ ကားတွေပေါ်မှာ သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ လိုက်ပါလာကြပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ


မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။

Photo courtesy of Ministry of Information
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံစဉ်။
"စွန့်လွှတ်မှု အပြည့်နဲ့ ဆောင်ရွက်ပါမယ်၊ စစ်မှန်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ရိုးသားဖြောင့်မှတ်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ပူးတွဲ ဆောင်ရွက်မှုများနဲ့ ဆောင်ရွက်သွားပါမယ်လို့ လိုရင်း ကျွန်တော်တင်ပြပါရစေ။ ရုပ်ရှင် အဖွဲ့ အစည်း ပဲဖြစ်ဖြစ် စာပေ

မိုးသီးဇွန်အား ကြိုဆိုကြသူများ



ABSDF ဥက္ကဌဟောင်း ဦးမိုးသီးဇွန်
ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်
မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။

ဘင်လာဒင်အိမ် စီးနင်းပုံ စာအုပ်ရေးသူကို ပင်တာဂွန် တရားစွဲမည်


အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို နှိမ်နင်းသုတ်သင်တဲ့ စီးနင်းတိုက်ခိုက်မှု မှာ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင် ဟောင်းတယောက် ကို သူ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ Pentagon စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ကြာသာပတေးနေ့က အဲဒီစာရေးသူကို ပေးတဲ့ စာမှာ ၊ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ ၀င်  အနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့  ဖော်ထုတ်တင်ပြခွင့်မရှိတဲ့ စည်းကမ်း ကို ချိုး ဖောက် ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။  ဒီစာအုပ်ရေးသားမှုအတွက် စာရေးသူဟာပြစ်မှု စွဲဆိုခံရနိုင်စရာရှိပြီး အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေဖက်ကလဲ ခွင့်ပြု ချက်မပေးခဲ့ပါဘူး။ 

ABSDF ခေါင်းဆောင်ဟောင်းတချို့ မနက်ဖြန် ရန်ကုန်ရောက်မည်

ဦးမိုးသီးဇွန် အပါအ၀င် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သွားရောက် လေ့လာဖို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဦးမိုးသီးဇွန်က RFA ကိုပြောပါတယ်။

မန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။