
ဘယ်လောက် မြန်မြန် လောင်ကျွမ်းစေနိုင်သလဲဆိုတာက အကြောင်းတရားတွေ များတယ်။ တချို့က ဗီဇဖြစ်စဉ် မြန်တယ်။ ငြိမ်နေတာချင်းအတူတူ ယောက်ျားတွေက မိန်းမတွေထက် ပိုမြန်တယ်။ ယေဘုယျပြောရရင် အသက်ရလာလေ ဖြစ်စဉ်နှေးလေ။ မျိုးဗီဇကိုရော၊ အသက်ကိုပါ ထိန်းမရနိုင်ပါ။ ဒါပေမဲ့ တခြားနည်းတွေနဲ့ (ကလိုရီ) လောင်ကျွမ်းမှုကို မြန်စေနိုင်ပါတယ်။

လူ့ကိုယ်ခန္ဓာကနေ ဘာမှမလုပ်ဘဲနေလဲ (ကလိုရီ) တွေကို အဆက်မပြတ် လောင်ကျွမ်းနေပါတယ်။ ဒီလိုဖြစ်တာဟာ ကြွက်သား များများရှိနေသူတွေမျာ ပိုသိသာမြန်ဆန်တယ်။ ဒါကြောင့် ကြွက်သားတည်ဆောက်ပေးတာကောင်းတယ်။ ကြွက်သား တပေါင်ကနေ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် တနေ့မှာ ၆ (ကလိုရီ) သုံးရတယ်။ အဆီတပေါင်ကတော့ တနေ့မှာ ၂ (ကလိုရီ) သာသုံးပြစ်နိုင်တယ်။ ကြွက်သား လေ့ကျင့်ခန်းလုပ်ရင် ဒီကွာခြားချက်က ပိုများမယ်။

Aerobic exercise (အေရိုးဘစ်) လေ့ကျင့်ခန်းကြောင့် ကြွက်သားမတိုးပါ။ ဒါပေမဲ့ ဇီဝအလုပ်ကို များစေမြန်စေမယ်။ ကြိုးစားနိုင်လေ ကောင်းလေ။ High-intensity exercise အပြင်အထံလုပ်လေလေ (ကလိုရီ) ကုန်တာ များလေလေ။

ရေဓါတ်နည်းနေရင်ကို (ကလိုရီ) အသုံးချတာ နှေးမယ်။ တနေ့မှာ ရေ ၈ ခွက်သောက်ဘို့ အကြံပြုကြတာများတယ်။ သွားရေစာ၊ အသီး ဘာစားစား စားပြီးတိုင်း ရေသောက်ပါ။ (ချစ်ပ်) တွေစားတာထက် အသီးအရွက်တွေထဲမှာ ရေပါတယ်။

တချို့အမျိုးအစားတွေက ကောင်းပါတယ်။ (ကေဖင်း) တွေပါတယ်။ သူကနေလဲ ကောင်းတယ်။ တချို့မှာ Taurine ခေါ်တဲ့ amino acid (အမိုင်နို-အက်စစ်) ပါတယ်။ အဆီကိုကျေချက်ဘို့ အားပေးတယ်။ သတိထားဘို့က သွေးတိုး တက်နိုင်တယ်။ စိုးရိမ်စိတ်ကဲနိုင်တယ်။ အိပ်ရေးခက်နိုင်တယ်။

အစာကို နည်းနည်းလေးနဲ့ ခဏခဏစားတာက လူကိုမဝစေဘူး။ တခါစားရင် အများကြီးနဲ့ တခါနဲ့တခါ အချိန်ခြာလွန်းရင် တမျိုး။ small meal or snack သွားရည်စာလို့ခေါ်တာမျိုးကို ၃-၄ နာရီတခါစားပါ။ (ကယ်လိုရီ) ကို ဆက်တိုက် လောင်ကျွမ်းစေမယ်။ အဲလိုလူမျိုးက ထမင်းကြီးစားရင် နည်းတယ်လို့ လေ့လာမှုတွေကဆိုတယ်။

အစပ်ကြိုက်သူတွေ အကိုက်ဘဲ။ ငရုပ်သီးထဲမှာပါတာကနေ ဇီဝဖြစ်စဉ်ကိုမြန်စေတယ်။ တခါတလေသာ စားဘို့မဟုတ်ဘဲ မကြာမကြာ အစပ်စားနိုင်တာ သိသာမယ်။

လူစားတာတွေထဲမှာ အသား၊ အဆီ၊ ကစီဓါတ်တွေကို ကျေချက်တိုင်း (ကယ်လိုရီ) တွေလောင်ကျွမ်းစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဘို့ မျှအောင်စားရတယ်။ ဒါတွေထဲမှာ (ပရိုတင်း) ဓါတ်က ပိုတယ်။ Lean beef အဆီလွတ်အသား၊ Turkey က်ြဆင်သား၊ Fish ငါး၊ White meat chicken က်ြသား၊ Tofu တို့ဖူး၊ Nuts အစေ့အဆံတွေ၊ Beans ပဲ-ပဲသီး၊ Eggs ဥ၊ Low-fat dairy products အဆီနည်းနို့နဲ့ နို့ထွက်အစာတွေကို ပိုစားပါ။

သကြားမပါ၊ နို့မထည့်တဲ့ ကော်ဖီသောက်ပေးရင် (ကလိုရီ) ကုန်စေနိုင်တယ်။
9. Recharge with Green Tea (တီး)
သကြားမပါ၊ နို့မထည့်တဲ့ (တီး)၊ လက်ဖက်ရည်ကြမ်းတွေကလဲ အဲလိုဘဲ။ Caffeine နဲ့ Catechins တွေပါတယ်။
10. Avoid Crash Diets မစားမသောက် မနေပါနဲ့
ပိန်ချင်လွန်းလို့ စားတယ်ဆိုယုံလောက်လေးသာ အာဟာရမှီဝဲတာ မကောင်းပါ။ တနေ့မှာ စားတာကနေ (ကလိုရီ) ၁ဝဝဝ ထက် နည်းရင် မကောင်းပါ။ အလေးချိန်တော့ကျမယ်။ ကြွက်သားတွေကနေ ယူလိုက်တာဖြစ်လို့ ဇီဝဖြစ်စဉ်ကို နှေးစေမယ်။ ကြာတော့ (ကလိုရီ) ကိုနည်းနည်းသာ လျှော့စေနိုင်တော့မယ်။
Dr. တင့်ဆွေ
No comments:
Post a Comment