ခြေ၊ လက်နှင့် လျှာတွင် ဖြစ်ပွားသော (Hand, Foot and Mouth Disease – HFMD) ရောဂါ တမျိုးသည် ထိုင်းနိုင်ငံ၌
ဖေါ်ထုတ်၍ မရသေးသော ရောဂါသစ် တမျိုးဖြစ်သည်ဟု ထိုင်းမီဒီယာများ၌ ပညာပေး
သတိပေးနေကြပါသည်။ ဤရောဂါ ၏ ဇစ်မြစ်ကို မသိရှိရသေးသည့်အတွက် ခြေလက်လျှာ
(HFMD) ရောဂါဟု နာမည်ပေးထားပါသည်။
ရောဂါ လက္ခဏာမှာ အသက် ၁၂ နှစ်အောက် ကိုယ်ခံအားနည်းသော ကလေးများတွင်
အဖြစ်များသည်။ အထူးသဖြင့် ပါးစပ်၊ လက်နှင့် ခြေထောက်များတွင် မီးလောင်ဖု
ကဲ့သို့သော အရည်ကြည်ဖုများ ပေါက်ကာ အသားများ ရိတတ်ကြောင်း ထိုင်းကျန်းမာရေး
ဝန်ကြီးဌာနမှ အသိပေး ထားပါသည်။
အသက် ၂ နှစ် မှ ၅ နှစ် အရွယ် ကလေးငယ်များက ပိုမိုဖြစ်ပွားတတ်သည်ဟု
ဆိုပါသည်။ ဘာကြောင့်ဖြစ်ပွားသည်ကို မသိရှိရသေးသည့်အတွက်
ထိုင်းနိုင်ငံထဲသို့ နယ်စပ်မှ တဆင့် ၀င်ရောက်လာသော ကလေးငယ်များကို
ထိုင်းနိုင်ငံက စစ် ဆေးနေပါသည်။ ထိုင်းသတင်းစာ တခုဖြစ်သော ဘန်ကောက်ပို့
သတင်းစာထဲ၌ ---
“ဒီရောဂါပိုးဟာ ကိုယ်ခံအားနည်းတဲ့ လူတွေကိုပဲ ကူးစက်နိုင်တယ်။ ၁၂
နှစ်အောက် ကလေးငယ်တွေ အတွက်ဆိုရင် ဒီရောဂါ ကူးစက်မှုဟာ သာမန်ဖြစ်စဉ်ပါပဲ” ဟု
ထိုင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန ရောဂါ ထိန်းချုပ်ရေး ဌာနခွဲ၏
ဒါရိုက်တာ Pornthep Siriwanarangsan ၏ ပြောစကားကို ဖော်ပြထားပါသည်။
မိမိကလေး၌ ဤရောဂါလက္ခဏာ တွေ့ရှိပါက နီးစပ်ရာဆေးရုံ၌ ပြသကြရန်
လိုအပ်ပါသည်။ လက္ခဏာဖြစ်ပွားမှု အတိအ ကျမသိသော်လည်း သံသယရှိသည်နှင့်
နီးစပ်ရာ ဆေးရုံဆေးခန်း၌ ပြသခြင်းဖြင့် ကူးစက်မှုကို ၀ိုင်းဝန်း
တားဆီးရာရောက် ပါသည်။
HFMD ရောဂါ ကူးဆက်မှုသည် ထိုင်းနိုင်ငံ အတွင်းရှိ
ခရိုင် အများအပြားသို့ ပြန့်နှံ့နိုင်ဖွယ် ရှိသဖြင့် ထိုင်းဝန်ကြီးချုပ်က
၎င်းရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး
ဝန်ကြီးဌာနနှင့် အခြား ဆက်စပ်သော ၀န်ကြီး ဌာန သုံးခုကို ပူးပေါင်း
ဆောင်ရွက်သွားရန် တာဝန်ပေးခဲ့ပါသည်။
ရောဂါ ဆက်လက် ကူးစက် ပြန့်ပွားမှုကို စိုးရိမ်သဖြင့် ဘန်ကောက်မြို့နှင့်
တခြား မြို့နယ်များရှိ စာသင်ကျောင်း ၁၀၀ ခန့် ကို ပိတ်ထားလိုက်ပါသည်။
ဤရောဂါသည် လွန်ခဲ့သည့် ၂ လခန့်က ကမ္ဘောဒီးယား နိုင်ငံတွင် စတင်
ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသို့ ကူးစက်လာခြင်းဖြစ်သည်ဟု
ထိုင်းကျန်းမာရေး ၀န်ကြီးက ဆိုပါသည်။
No comments:
Post a Comment