Visa ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေ

အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
လတ်တလောမှာတော့ အင်တာနက် နည်းပညာ အသုံးပြုပြီး ငွေအလွှဲအပြောင်း လုပ်ရမယ့် နည်းပညာတွေကို မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးလိုက်ပြီး နောက်ပိုင်း နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှုတွေ များလာတာကြောင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုပါတယ်။

မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား


မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀) လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး ပန်းခြံအရောက်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ပန်းခြံအနီးက ကားတွေ မှန်တွေကွဲပြီး ကားတချို့ မီးရှို့ ခံခဲ့ရပါတယ်။ ပန်းခြံထဲက ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေက သတင်းထောက်တွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဓာတ်ပုံသတင်းထောက် (၂၀) လောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
လမ်းတွေပေါ်မှာ လူတွေထောင်ချီပြီး များပြားလာတော့မှ ရဲတပ်ဖွဲ့က လူစုခွဲလိုက်ရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို အစ္စလာမ်ဘာသာရေးအဖွဲ့ ဂိုဏ်းခွဲတစ်ခုက ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ လုပ်ခဲ့သူတွေဟာ မိမိတို့မဟုတ်ကြောင်း ဂိုဏ်းခေါင်းဆောင်က ပြောပါတယ်။
အလားတူ ကက်ရှ်မီးယားပြည်နယ် ဆရိနဂါမြို့မှာလည်း ထင်ရှားတဲ့ အစ္စလာမ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖိနှိပ်ခံနေရတဲ့ မူဆလင်တွေ ကက်ရှ်မီးယားကို လာကြပါစေ သူတို့အတွက် မိမိတို့ တံခါးဖွင့်ထားပါတယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

RFA

ဂျူလီယံ အာဆန့် ခိုလှုံခွင့်ရပြီ၊ သို့သော်လည်း လန်ဒန်သံရုံးမှ မည်သို့ ထွက်ခွာမည်နည်း – Julian Assange granted political asylum in Ecuador


လန်ဒန်မြို့ အီကွေဒေါသံရုံးတွင် ခိုလှုံနေသည့် အငြင်းပွားဖွယ် ၀ီကီလိ ၀က်ဆိုက် တည်ထောင်သူ ဂျူလီယံ အာဆန့်ကို ခိုလှုံခွင့်ပေးကြောင်း အီကွေဒေါနိုင်ငံ၏ ကြေညာချက်က ပြီးခဲ့သည့် နာရီပိုင်းအတွင်း ထွက်ပေါ်လာသည်။
သို့သော်လည်း ဗြိတိန်အာဏာပိုင်တို့က သူ့ကို သံရုံးပြင်ပသို့ထွက်သည်နှင့် ဖမ်းဆီးမည့် အစီအစဉ်ရှိသည်ဟု ဆိုလိုက်သည်။
ဖမ်းဆီးရမိပါက လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့်အာဆန့်သည် သူ့အား စစ်ဆေးမည့် ဆွီဒင်နိုင်ငံသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုသည် ဆွီဒင်နိုင်ငံတွင် ကွန်ဒုံ အသုံးမပြုဘဲ လိင်ဆက်ဆံခဲ့မှု ဖြစ်သည်ဟု သိရသည်။
သူ၏ ၀ီကိလိ ၀က်ဆိုက်တွင် အမေရိကန်သံတမန်လောက၏ လျှို့ဝှက်ပေးစာ နှစ်သိန်းကျော်ကို ဖွင့်ချထားသည့် အတွက် အမေရိကန်ကလည်း သူ့ကို အလိုရှိနေသည်။

ဘာသာရေး ပဋိပက္ခ ဖြစ်အောင် မလှုံ့ ဆော်ဖို့ တိဘက် သတိပေး

တိဘက် ဘုန်းတော်ကြီး ပုံတွေကို အလွဲသုံးစား လုပ်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် တွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် နေတာ တွေကို စိုးရိမ် ကြောင်း အိန္ဒိယ အခြေစိုက် တိဘက် အုပ်ချုပ်ရေး အဖွဲ့ က ပြော ပါတယ်။
အိန္ဒိယ နိုင်ငံမှာ အခြေစိုက် တဲ့ ပြည်ပရောက် တိဘက် အုပ်ချုပ်ရေး အဖွဲ့ CTA က သြဂုတ်လ ၁၅ရက်နေ့က ကြေညာချက် ထုတ် ပြန်ခဲ့တာ ဖြစ်ပါတယ်။
အလောင်းတွေ ဘေးမှာ တိဘက် ဘုန်းတော်ကြီး တွေရပ် နေတဲ့ ပုံတွေကို မြန်မာ နိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့ တဲ့ ပုံစံမျိုးလို ထင်ယောင် ထင်မှား ဖြစ်အောင် တချို့ လူမှု ကွန်ယက်တွေ

လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ချင်းမိုင်ကို ရောက်ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ကို ရောက်ရှိလာပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တက္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက အာအက်ဖ်အေကို ပြောပါတယ်။

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ



Than Shwe မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။
ရံဖန် ရံ ခါ မှာ မြန်မာ Facebook page တွေ က တင် ဆက် မှု အချို့  ကို သူ LIKE လဲ လုပ်
တတ် တယ် ၊ သူ ကြိုက်တာ တွေ့ ရင် ပေါ့ လေ များ သော အား ဖြင့် တော့ တိတ်တိတ် ဆိတ်
ဆိတ် ပဲ ကြည့် တတ် ပါတယ် လို့  သူ ၏ မိသားစု နှင့် နီးစပ် သော အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ပြောသည်။

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

(ပြန်တမ်းဝင်အရာရှိ)များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန် ပြင်ပတွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ နှင့် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့နိုင်ပြီဟု သြဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက် အရ သိရသည်။ ယခင်က ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ တင်ပြတောင်းခံနေရ၍ ဦးစီးဆိုင်ရာ လုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ထိုသို့ တင်ပြတောင်းခံသည့် ပြစ်မှုများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၂၁-၃-၂၀၁၂ ရက်နေ့၌

မိခင်လောင်းများ စားသောက်သင့်သော အစားအစာ ၁ဝ မျိုး

(က) ဆယ်လ်မွန်ငါး

သိပံ္ပပညာရှင်တွေကတော့ ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။ ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့ အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။
ငါးထဲမှာပါဝင်တဲ့ DHA ဟာ မိခင်ဖြစ်သူရဲ့ စိတ်ကို စိတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးပါတယ်။ မီးဖွားပြီးတဲ့နောက် ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျခြင်းကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ နို့တိုက်မိခင်တွေမှာတော့ စားသောက်မယ့် ပမာဏကို ကန့်သတ်ထားဖို့ပါ။

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ နုတ်ထွက်ရန် အမတ်များ တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် အမတ်များအကြား အငြင်းပွားမှုများ ဆက်လက်ရှိနေရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန် သမ္မတထံသို့ သဝဏ်လွှာ
ပေးပို့ တောင်းဆိုသွားမည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တနင်္လာနေ့က ပြောသည်။

“နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးမှုကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” သမ္မတထံသို့ တင်ပြတောင်းဆိုပေးမည်ဟု ဦးရွှေမန်း၏ မိန့်ခွန်းကို လွှတ်တော်ရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။

ထိုခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်

စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။
နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရမှတ် ၄၅၀ အထက်ရရှိသူ ၂၅၀ ဦးကို ရွေးချယ်ကာ ဘွဲ့ကြိုအတန်းများအတွက် သင်ကြားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စနေနေ့ထုတ် သတင်းစာများတွင် ရေးသားထာသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု ၀န်ကြီး တာဝန်ယူခဲ့သူ ဆရာကြီး ဦးညီလှငယ် ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ကျောင်းအတွင်း အကြီးစား မွမ်းမံပြင်ဆင်မှုများနှင့် သင်ရိုးညွန်းတမ်းများ ရေးဆွဲခြင်းကို လုပ်ဆောင်နေကြောင်း၊ ယခင်အတိုင်း ပြန်လည်