VISA ကတ် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်မည်

နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေကတ်လုပ်ငန်း VISA Inc က ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

''ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ အပျော်ခရီးလာတာပဲဖြစ်ဖြစ်ဖြစ် လာရောက်ကြမယ့် နိုင်ငံတကာခရီးသွား ဧည့်သည်တွေအတွက် အရေးတကြီး လိုအပ်ချက်က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာဖြစ်ပါတယ်''ဟု အရှေ့တောင်အာရှနှင့် သြစတြေးလျအာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိရသည်။

မရည်နန္ဒာမြို့သစ် ကျူးကျော်နေထိုင်သူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ရုန်းရင်းဆန်ခတ်ဖြစ်


2012-08-21
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ဒီကနေ့ အဓမ္မ၀င်ရောက် ရိုက်နှက်ဖယ်ရှား ခိုင်းခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင် နှစ်ဦးအပါအ၀င် စုစုပေါင်း ၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က လုံခြုံရေး တပ်ဖွဲ့များ အဓမ္မ၀င်ရောက် ဖယ်ရှားခြင်း ခံခဲ့ရသည့် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူများကို တွေ့ရစဉ်။
ဒီနေ့မနက် (၇) နာရီခွဲလောက်က ရဲတပ်ဖွဲ့ ဝင်တွေက မြရည်နန္ဒာ ရပ်ကွက်ကို ဝင်ရောက်ခဲ့ပြီးနောက် ကျူးကျော်နေအိမ် ၅၂၀ ကို အဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့ရာမှာ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ရိုက်နှက်ခဲ့တယ်လို့ ရပ်ကွက်သူ အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ပြည်သူတွေပေါ် မငဲ့ညာပဲနဲ့ သူတို့က ဝင်ရောက်ပြီး အကြမ်းဖက်တယ်။ လက်နက်တွေနဲ့။ ယောင်္ကျား၊ မိန်းမ အကုန်ဆွဲချတယ်။ ကျွန်တော်တို့က သမ္မတကြီး ကယ်ပါ အော်လေ၊ သူတို့က ဆွဲချလေ။ သမ္မတကြီး ကယ်ပါ အော်လေ၊ ရိုက်လေ။ ကျွန်တော်တို့ ပြည်သူတွေဘက်က လက်နက်၊ တုတ်၊ ဓားလက်နက် တစ်ယောက်မှ မကိုင်ပါဘူး။ ငြိမ်းချမ်းစွာ ကျွန်တော်တို့က တောင်းပန်တာ။ ရှိခိုးပြီးတော့၊ အသက်ကြီးတဲ့သူတွေ အကုန်လုံးရှိခိုးပြီးတော့ကို တောင်းပန်တာကို သူတို့ကမရတာ။ ဗိုလ်မှူးကြီး တစ်ယောက်ကတော့ ကျည်ဆန်ကတ်တွေကိုလေ၊ သူ့တပည့်တွေကို အကုန်ကျည်ဆန်ကတ်လိုက် ဝေတယ်။ ပစ်မိန့်ရပြီတဲ့၊ ဖမ်းမိန့်ရပြီတဲ့၊ ပစ်ဆိုပြီး ခိုင်းတယ်"

အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ


2012-08-21
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် မန္တလေး ကားလမ်းနံဘေးက ရတနာပုံ တက္ကသိုလ်လမ်းမှာရှိတဲ့ အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၁၀ ဦးကို အလုပ်ပြန်ခန့်ပြီး စက်ရုံမှာ အရင်လို နေထိုင်စားသောက်ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုတိုးက RFA ကိုပြောပါတယ်။
RFA
အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံတွင် အမျိုးသမီး အလုပ်သမား ၁၀၀ ကျော် စက်ရုံတွင်း ဆန္ဒပြနေစဉ်။
"သူတို့ရဲ့ အလုပ်ခေါင်းဆောင်တွေ ၁၀ ယောက်ထုတ်ထားတာ မကျေနပ်တဲ့အတွက် သူတို့ကို အလုပ်ခန့်ဖို့ရာအတွက် ပြောဆိုကြတာပေါ့။ ဆန္ဒပြကြတာပေါ့။ ငြိမ်းချမ်းစွာနဲ့ သူတို့ ဆန္ဒထုတ်ဖော်တယ်။ သူတို့တောင်းဆိုကြတယ်ပေါ့နော်။ မဟုတ်တဲ့ အချက်အလက်တွေပေါ့နော်။ ဥပဒေထဲမပါတဲ့ အချက်အလက်တွေကို သူတို့လက်မခံဘူး။ ဥပဒေပါတဲ့ အချက်အလက်တွေကို အလုပ်သမားတွေက လက်ခံမယ်ဆိုတဲ့ အကြောင်း"
အလုပ်ကထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ အလုပ်ရှင်က သဘောတူညီခဲ့ပေမယ့် အရင်တုန်းကလို စက်ရုံထဲမှာနေထိုင်ခွင့်၊ စားသောက်ခွင့်တွေ မပေးဘူးလို့  ပြန်ကြားထားတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

အိုဘားမားသတိပေးချက် ဆီးရီးယားပယ်ချ



 
ရုရှနိုင်ငံ မော်စကိုမြို့ တော်ကိုရောက်ရှိနေတဲ့ ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ဆီးရီးယားနိုင်ငံထဲကို အနောက်နိုင်ငံတွေရဲ့ တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ဒါဟာ အရှေ့အလယ် ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ရပ်ကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဆိုပါတယ်။

မနေ့က သြဂုတ်လ ၂၁ ရက်နေ့က၊ ဆီးရီးယား ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ် (Qadri Jamil) က၊ အနောက်နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ဖို့ အကြောင်းပြချက် တစ်ရပ်ကို ရှာနေကြတယ်လို့ စွပ်စွဲလိုက်ပြီး၊ ဒီလိုလုပ်လို့ မရနိုင်ဘူးလို့လည်း သူကဆိုလိုက်ပါတယ်။

ရုရှနိုင်ငံ မော်စကိုမြို့ တော်ကိုရောက်ရှိနေတဲ့ ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ဆီးရီးယားနိုင်ငံထဲကို အနောက်နိုင်ငံတွေရဲ့ တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ဒါဟာ အရှေ့အလယ် ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ရပ်ကို ဖြစ်ပေါ်စေလိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။ ဆီးရီးယားက ဓါတုဗေဒလက်နက်တွေ သုံးစွဲခဲ့ရင် ဆိုပြီး တနင်္လာနေ့က အမေရိကန်သမ္မတအိုဘားမား သတိပေးပြောကြားခဲ့တာကိုလည်း

မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ


ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက်ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။
ချင်းအမျိုးသမီးများကို မုဒိမ်းကျင့်မူ ရပ်ဆိုင်းရန် အိန္ဒိယတွင် တောင်းဆိုနေစဉ် ( ဓါတ်ပုံ- Chinland Guardian)
၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။
သူမသည် သူမ၏ ယောင်္ကျား ဖြစ်သူအား  စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု ထင်မြင် ယူဆ၍  ရှာဖွေရန်လိုက်လာစဉ် ကျောက်တော်တွင် စစ်သား တစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
သူမ၏ ပြောစကားကို ကိုးကားပြီး သတင်းက ရေး သား ဖေါ်ပြရာတွင် စစ်သားသုံးဦးမှ သူမအား  အတင်း ဆွဲ ခေါ်ယူသွားပြီး  ထိုအထဲမှ စစ်သား တစ်ဦးက မုဒိမ်း ကျင်ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ ချင်းလူမျိုး ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးမှ အဆိုပါ အမျိုးသမီးငယ်အား ကယ်တင် ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ်မှတဆင့် မင်းတပ်မြို့သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
အမူကို ကျပ် (၅) သိန်းဖြင့် ကျေအေးခဲ့ပြီးနောက် ပြစ်မူကျူးလွန်သူ စစ်သားကို မည်သို့ အရေး ယူ ဆောင်ရွက်သည်ကို မသိရှိရကြောင်း သတင်းက ရေးသားသည်။

ဧရာဝတီတိုင်း ရေကြီးမှုအခြေအနေ ဆိုးရွား




ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ် ၃ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ဧရာဝတီမြစ်၊ ဒါးကမြစ်၊ င၀န်မြစ် စသည့်မြစ်များမှ မြစ်ရေကြီးပြီး ကျေးရွာ ၈၀၀ နီးပါးနှင့် မိုးစပါး ဧက ၂ သောင်းနီးပါး ရေမြုပ်နေကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ ရပ်ကွက် ၂၇ ခု နှင့် ကျေးရွာအုပ်စု ၇၉၈ ရွာတို့ ရေနစ်မြုပ်ကာ လူဦးရေ ၆၄၄၀၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း၊ စိုက်ပျိုးထားသော မိုးစပါး ဧက ၁၉၉၈၇၀ ကျော် ရေနစ်မြုပ်ရာ လုံးပျက်စီးဆုံးရှုံးရသည့် စပါးခင်းပေါင်းမှာ သြဂုတ်၂၀ ရက်အထိ ဧက ၅၅၀၀၀ ကျော် ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီသို့ ပြောသည်။
ရေနစ်မြုပ်ရာတွင် ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

မန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆ တိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ၀င်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဘန်ကောက်တွင် ကျင်းပသည့် အာရှဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ၌ အေဒီဘီ စီးပွားရေးပညာရှင် အကြီးအကဲ Ms. Cyn-Young Park (လယ်)နှင့် အေဒီဘီအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff (ယာ) တို့တက်ရောက်နေကြစဉ်။
ဘန်ကောက်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲတစ်ဦးဖြစ်တဲ့ Ms. Cyn-Young Park က မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန် အလားအလာ ကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇% ကနေ ၈% အထိ တိုးတက်နိုင်ပြီး လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာလည်း ၃ ဆလောက် ပိုများလာနိုင်တယ်လို့ အေဒီဘီက ခန့်မှန်းတွက်ချက် ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အခြေခံအဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ အေဒီဘီက ထောက်ပြပြောဆိုပါတယ်။
အဲဒီလိုဖြစ်လာဖို့အတွက် မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အေဒီဘီအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff က တိုက်တွန်းလိုက်ပါတယ်။

RFA

ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ သည်ဟု သိရသည်။
ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်း အုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက် လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွား ရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိ သားစု လည်း ပြိုကွဲသွားကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာ သိမ်းဆည်းခြင်း ခံရပြီး နေစရာ အိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသ များသို့ ပြောင်းရွေ့ကြသည်။
အလားတူ အကြွေးမပေးနိုင်သည့် ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုး အနည်းအများအလိုက် ထောင်ဒါဏ် ကျခံခြင်းများလည်းရှိသည်ဟု ထပ်မံ သိသည်။

“မစိုးရိမ်လာပြီး ဝီရသူနားရွက်ကို တံတွေးစွတ်သွားသူ” (Ashin Wirathu)

(တရားဥပဒေနှင့် သမ္မတကြီး ဦးသိန်းစိန်၏ အထက်က ဒေါ်နီနီတို့အကြောင်း)
အရှင်ဝီရသူ၊ သြဂုတ် ၁၉ ၊ ၂၀၁၂
            ယခုလ ၁၂-ရက်နေ့က ဖြစ်ပါတယ်။ စာရေးသူ စာဝါပို့ချနေစဉ် အမှတ်(၇)ရဲစခန်းမှ နယ်ထိန်း ဦးသောင်းဟန် ရောက်လာပါတယ်။ မနက်ဖြန် ၁၃-၈-၂၀၁၂-ရက်နေ့မှာ ကလေးလုပ်သား မတင်နီလာအေးအမှု ရုံးတင်စစ်ဆေးမှာ ဖြစ်လို့ ရဲစခန်းကို မနက် (၉)နာရီ အရောက်လာဖို့ လျှောက်ထားသွားပါတယ်။
            တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စာရေးသူက  “ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ရေးပြီး မိုးမခဝက်ဆိုက်ကို ပေးပို့ထားချိန်ဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ထုတ် မြနန္ဒာဂျာနယ်လ်မှာ လည်း “နှိပ်စက်ခံရသူ အိမ်အကူက အိမ်ရှင်ကို အမှုဖွင့်တိုင်ကြားထားတာ (၁)လလောက်ရှိပေမယ့် ထူးခြားမှု မရှိသေးဟုဆို” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာပြီး နောက်တစ်နေ့ ၁၂-၈-၂၀၁၂-ရက် တနင်္ဂနွေနေ့မှာ ရုံးတင်စစ်ဆေးခွင့် အမိန့်ကျတာပါ။ တနင်္ဂနွေနေ့မှာ အမိန့်ကျတာ ဆန်းတော့ အဆန်းသားလို့ အောက်မေ့မိခဲ့ပါသေးတယ်။
            စာရေးသူလည်း စာနယ်ဇင်းသမားတွေနှင့် ကလေးမလေးဘက်မှ ရှေ့နေလိုက်ပေးမည့် NLD.ပါတီဝင်တွေကို အကြောင်းကြားရပါတယ်။ ကလေးမလေး

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ


၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ (ဓာတ်ပုံ- Reuters)
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မေးခွန်းထုတ်စရာဖြစ်နေ၍ အထူးအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက် ဖနွမ်းပင်မြို့၌ ဖိတ်ခေါ်ခဲ့ရာ ယင်းသည် အာဆီယံပဋိညာဉ်စာချုပ်ပါ အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို ချိုးဖောက်ရာကျကြောင်း ဆို၍ ပယ်ချခဲ့ခြင်းဖြစ်သည်။
၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ အာဆီယံ အထွေထွေအတွင်းရေးမှူး မစ္စတာ ဆူရင်ပစ်ဆူဝမ်က ရခိုင်အရေးသည် ၂၀၀၈ နာဂစ်လွန်ကာလများကဲ့သို့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မြင်နေပြီး အာဆီယံက မြန်မာကို အကူအညီပေးလိုရာ ယင်းအစည်းအဝေးခေါ်ယူရေး ကမ္ဘောဒီးယားကို တောင်းဆိုရာ ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထောက်ခံခဲ့ကြောင်း သိရသည်။
သို့ရာတွင် မြန်မာဘက်က ရခိုင်ပြည် ပဋိပက္ခသည် ရခိုင်ပြည်နယ်တွင်သာ ကွက်၍ဖြစ်သော ဒေသခံအုပ်စုများကြား ပဋိပက္ခဖြစ်ကြောင်း၊ ကုလသမဂ္ဂကိုယ်စားလှယ်များအပါအဝင် အင်ဒိုနီးရှား ဒု- သမတဟောင်းဦးစီးလာသော အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်အသင်း Organisation of Islamic Cooperation (OIC) ကိုယ်စားလှယ်များ၊ တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ကတော်တို့၏ သံအဖွဲ့တို့အား ရခိုင်ဒေသသို့ သွားရောက်ခွင့်ပြုပြီး လူမှုအထောက်အပံ့များကိုလည်း လက်ခံခဲ့ကြောင်း ပြောဆိုထောက်ပြပြီး အာဆီယံ၏ အစည်းအဝေးမှာ မလိုဟု ပယ်ချခဲ့သည်။
တချိန်တည်းမှာပင် ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းကြောင်း ယနေ့ ကြေညာလိုက်သည်။
ယင်း “စုံစမ်းစစ်ဆေးရေးကော်မရှင်” တွင် သမိုင်းပညာရှင် ညွှန်ချုပ်(အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊  မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသားဒီမိုကရေစီအင်အားစု ဥက္ကဌ ဦးခင်မောင်ဆွေ၊ ရခိုင် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတာဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျန်၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်းမှ ဒေါ်ဝါ၀ါထွန်း၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊ မြန်မာ မွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာ မွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာ လှထွန်း တို့မှာ အဖွဲ့ဝင်များအဖြစ် ပါရှိကာ Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ကော်မရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစီရင်ခံစာကို သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားက မြန်မာ အစိုးရကို တိုက်တွန်းခဲ့ဖူးသည်။ မစ္စတာ ကင်တာနားသည် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရခိုင်ဒေသသို့ လေ့လာအပြီး ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ