ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ


မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။

Photo courtesy of Ministry of Information
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံစဉ်။
"စွန့်လွှတ်မှု အပြည့်နဲ့ ဆောင်ရွက်ပါမယ်၊ စစ်မှန်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ရိုးသားဖြောင့်မှတ်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ပူးတွဲ ဆောင်ရွက်မှုများနဲ့ ဆောင်ရွက်သွားပါမယ်လို့ လိုရင်း ကျွန်တော်တင်ပြပါရစေ။ ရုပ်ရှင် အဖွဲ့ အစည်း ပဲဖြစ်ဖြစ် စာပေ

မိုးသီးဇွန်အား ကြိုဆိုကြသူများ



ABSDF ဥက္ကဌဟောင်း ဦးမိုးသီးဇွန်
ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်
မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။

ဘင်လာဒင်အိမ် စီးနင်းပုံ စာအုပ်ရေးသူကို ပင်တာဂွန် တရားစွဲမည်


အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို နှိမ်နင်းသုတ်သင်တဲ့ စီးနင်းတိုက်ခိုက်မှု မှာ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင် ဟောင်းတယောက် ကို သူ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ Pentagon စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ကြာသာပတေးနေ့က အဲဒီစာရေးသူကို ပေးတဲ့ စာမှာ ၊ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ ၀င်  အနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့  ဖော်ထုတ်တင်ပြခွင့်မရှိတဲ့ စည်းကမ်း ကို ချိုး ဖောက် ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။  ဒီစာအုပ်ရေးသားမှုအတွက် စာရေးသူဟာပြစ်မှု စွဲဆိုခံရနိုင်စရာရှိပြီး အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေဖက်ကလဲ ခွင့်ပြု ချက်မပေးခဲ့ပါဘူး။ 

ABSDF ခေါင်းဆောင်ဟောင်းတချို့ မနက်ဖြန် ရန်ကုန်ရောက်မည်

ဦးမိုးသီးဇွန် အပါအ၀င် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သွားရောက် လေ့လာဖို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဦးမိုးသီးဇွန်က RFA ကိုပြောပါတယ်။

မန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်

အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu နှင့် အဖွဲ့သည် နောက်အပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။


ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။

ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ

ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းရဲ့ ဆရာ ဥပဒေအကြံပေး ဦးခင်မောင်ရှိန်က RFA ကို အခုလိုပြောပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...


နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။