အများပိုင် အိုင်တီ ကုမ္ဗဏီ တစ်ခုဖြစ်ရေး ခြေလှမ်းပြင်

ပည်တွင်း အိုင်တီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်မည့် အများပိုင် ကုမ္ဗဏီတစ်ခု
ဖြစ်လာစေရန် ဦးတည်ကာ တည်ထောင်မှုအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ  ကုမ္ပဏီ၏ BOD အဖွဲ့ဝင် ဖြစ်သည့် ဦးမင်းဦးက ပြောသည်။

ကုမ္ပဏီကို စတင် လည်ပတ်ရန်အတွက် ကျပ်သိန်း တစ်သောင်းခွဲ ဝန်းကျင်လျာထားကာ BOD အဖွဲ့ဝင် ၉ ဦးဖြင့် စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

ဦးမင်းဦးက “ အိုင်တီလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ အိုင်တီ လုပ်ငန်းရှင်တွေနဲ့ စိတ်ဝင်စားသူတွ စလုပ်တာပါ။
နောက်ပိုင်းမှာ အများပိုင် ကုမ္ပဏီဖြစ်လို့ Public ကို ရှယ်ယာတွေ ထုတ်ရောင်းမှာပါ။ ဒါတွေ အကုန်လုံးက အဆင့်ဆင့် သွားရမှာပါ။ ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံရှိ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း Bangkok Bank Public Company မှ တာဝန်ရှိ သူတစ်ဦးက သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့သည့် Bangkok Bank ၏ Yangon Representative Office in new location ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများသာ Bangkok Bank မှတစ်ဆင့် ငွေလွှဲပြောင်းနိုင်ပြီး ပြည်တွင်းရှိအစိုးရဘဏ်နှစ်ခုဖြစ်သော မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေးဘဏ်(MICB) နှင့် ပုဂ္ဂလိကဘဏ်လေးခုဖြစ်သော ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank)၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်တို့ ငွေလွှဲပြောင်းမှု ပြုလုပ်နိုင်ကြောင်း သိရသည်။  မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ငွေလွှဲပြောင်းရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့

ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲရန်ညှိနှိုင်း

PDF Print

5238
မော်လမြိုင် လေဆိပ်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံမော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲရေး အတွက် ပဏာမညှိနှိုင်းမည့် အဖွဲ့ဝင်များသည် စင်းလုံးငှား ဂျက်လေယာဉ်ငယ်ဖြင့် မော်လမြိုင်လေဆိပ်သို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း မွန်ကုန်သည် စက်မှုအသင်း ဥက္ကဋ္ဌထံမှ သတင်းရရှိသည်။
“၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မွန်စက်မှုကုန်သည်အသင်း အမှုဆောင်တွေနဲ့   SKY HUB INTERNATIONAL  CO.,LTD  ဒါရိုက်တာဦးဝင်းထွန်းဦး လာတွေ့ပါတယ်။ ထိုင်းနိုင်ငံ ခွန်ဒေါင်း၊ မဲဆောက်၊ မော်လမြိုင် တိုက်ရိုက်လေကြောင်း၊ ခရီးပြေး ဆွဲနိုင်ဖို့ ပဏာမ လေ့လာညှိနှိုင်းမှုအဖွဲ့ က  စင်းလုံးငှား ဂျက်လေယာဉ်ငယ်နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လာဖို့ရှိပြီး မွန်ပြည်နယ်က ကျိုက်ထီးရိုးကို အခြေခံပြီး အခြားသွားသင့်

ကူးတို့လှေ မှောက်၊ လူအယောက်၂၀ ကျော် ပျောက်ဆုံး

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ် ရဲစခန်းက ပြောပါတယ်။

ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ဟင်္သာတမြို့တွင် စုံတွဲတတွဲ အသတ်ခံရ



ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ်အနီးမှာ အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာ ဖမ်းမိထားပြီလို့ မြို့နယ်ရဲက အတည်ပြု ပြောဆိုပါတယ်။
သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့တော့ ငြင်းဆန်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဟင်္သာတမြို့ ရွာသာကုန်းရပ်ကွက်မှာရှိတဲ့ တက္ကသိုလ်အနောက်လမ်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မစိန်နဲ့ ကိုကျော်မင်းထွန်းတို့ ၂ ဦးရဲ့ အလောင်းတွေကို မော်တော်ဆိုင်ကယ်နဲ့ ဖိထားတာကို ရဲက တွေ့ရှိ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးဟာ အသက် ၃၀ ခန့် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ပြည်ပမီဒီယာများ မမှန်မကန်ထုတ်လွှင့်မှုများရှိနေ ဟု စစ်တွေရောက် အင်ဒိုနီးရှား ကြက်ခြေနီအကြီးအကဲ တစ်ဦး က ပြောကြား (သတင်းကောက်နုတ်ချက်)



ကိုးကား – Han Maung Thein။ စစ်တွေ၊ ၃၀ သြဂုတ် ၂၀၁၂၊ Coral Arakan News Agency
(ကိုးကား – http://www.facebook.com/notes/coral-arakan-news-agency/ပြည်ပမီဒီယာများ-မမှန်မကန်ထုတ်လွှင့်မှုများရှိနေ-ဟု-စစ်တွေရောက်-အင်ဒိုနီးရှား-ကြက်ေ/152448238226219 )
ပြည်ပမီဒီယာအချို့၏ မမှန်မကန်သတင်းထုတ် လွှင့်ခဲ့မှု ကြောင့် အင်ဒိုနီးရှား ပြည်သူများ  စိုးရိမ်ခဲ့ရသော်လည်း  မြန်မာအစိုးရ၏ သမာသမတ်ကျကျ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက် ကျေးဇူးတင်မိကြောင်း ဘင်္ဂါလီဆူပူမှု ဒုက္ခသည်များအား အကူအညီပေးရန် စစ်တွေမြို့သို့ ယနေ့ရောက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့အကြီးအကဲ တစ်ဦးက ရခိုင်ပြည်နယ်ဝန်ကြီးတစ်ဦးအားပြောကြားခဲ့သည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ သဘာဝဘေးအန္တယ်ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် ယနေ့ မနက် ကိုးနာရီ၌ စစ်တွေလေဆိပ်သို့ ရောက်ရှိပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး နှင့်

ဝန်ကြီးများနှင့် ပြည်တော်ပြန်တို့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းရန် သဘောတူ


ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်းတို့ တနင်္ဂနွေနေ့ တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည် ဟု ကိုမိုးသီးဇွန်က ပြောသည်။

“ကျွန်တော်တို့ ရှေ့ကိုဆက်ပြီးလုပ်မယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံး အစိုးရနဲ့ လက်တွဲဆောင်ရွက် သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်မယ်။ ကျွန်တော်တို့ ရှေ့ကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အတူတူ လက်တွဲလုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေရှိပါတယ်။” ဟု ကိုမိုးသီးဇွန် က ပြောသည်။

အမျိုးသမီး၏ ကာမဆန္ဒ နည်းခြင်း နှင့် အားတိုးဆေး



http://www.monetine999.com အမျိုးသမီး၏ ကာမဆန္ဒ နည်းခြင်း နှင့် အားတိုးဆေး

                    အမျိုးသမီးများ၏ ဦးနှောက်တွင် ရှိနေသော Libido​ ခေါ် ကာမဆန္ဒ အရည်အသွေးကို ကွာခြားပြီး လိင်မှုကိစ္စတွင် အမျိုးသမီးများ၏ စိတ်အား ထက်သန်မှု မတူညီ နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြား လိုက်သည်။
alt
အမျိုးသမီးကာမဆန္ဒ တိုးဆေးတစ်မျိုး
                 အိမ်ထောင်ရေး သာယာမှုတွင် မကြာခဏ အငြင်းပွား စရာများ ဖြစ်ပေါ် စေသည့် အမျိုးသမီးများ၏ စိတ် ထက်သန်မှု လျော့နည်းခြင်း နှင့် ပတ်သက်ပြီး  Wayne State တက္ကသိုလ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သာမန်အားဖြင့် လိင်နှင့် ဆိုင်သော ပတ်ဝန်းကျင် စေ့ဆော်မှုကို ခံရပါက အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု မြန်ဆန်လာပြီး စိတ်ပိုင်း ဆိုင်ရာ ထက်သန် လာလေ့ ရှိသော်လည်း ဦးနှောက်တွင် Libido ပမာဏ နည်းပါးသည့်

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်္ဘာ ၇ ရက်နေ့ ရခိုင်ခရီး စတင်မည်



မောင်ရမ္မာ
ရခိုင်ပြည်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအား စုံစမ်းစစ်ဆေးရန်  ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ၀င်များသည် စက်တင်္ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ကို သွားရောက်ကြမည်ဟု သတင်း ရရှိသည်။
စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များသည် အနည်းဆုံး ရခိုင် မြို့နယ် (၅) မြို့နယ်သို့ ခရီးစဉ် အတွင်း သွားရောက်ကြမည်ဟု ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
“ ဒီလ ၇ ရက်နေ့သွားဖြစ်မှာပါ။ သွားမှာကတော့ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက် ဦး၊ ပေါက်တောမြို့နယ်တွေကို သွားပြီးတော့ အဲဒီမှာ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ တွေ့မှာပါ၊ နောက်ပြီး အဖွဲ့ အစည်းအသီးသီးနဲ့လည်း တွေ့မယ်။ သီးခြားလူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်။ တခြားခြား လူမှုအဖွဲ့ အစည်း တိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ကိုလည်း တွေ့ဆုံပြီး မေးမြန်း စုံစမ်းသွားဖို့ စီစဉ်ထားပါတယ်”  ဟု ဆိုသည်။

ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ



ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
တာမခံကနေ ဖားကန့်ကိုအလာ ကသိုင်းတောင်နဲ့ နတ်မှော်ရွာကြားမှာ အဲဒီကားတွေရဲ့ ရှေ့ ကိုက် ၃၀၀ လောက် အကွာမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။ ကားတွေပေါ်မှာ သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ လိုက်ပါလာကြပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။