ယောဂကျင့်စဉ်နှင့်အသက်ရှူခြင်း...By.Nan Su Kay swan


ယောဂကျင့်စဉ်နှင့် အသက်ရှူသည့် နည်းအမျိုးမျိုးရှိကြသည်။
အကောင်းဆုံးအသက်ရှူနည်းအမျိုးမျိုးထဲမှသည်
လေကို၀၀နှင့် အချိန်ကြာကြာရှူခြင်းသည်အကောင်းဆုံးနည်းတစ်နည်းဖြစ်သည်။
လေကို၀၀နှင့် အချိန်ကြာကြာရှူခြင်း၏အကျိုးကျေးဇူးမှာအဆုတ်ထဲတွင်ကျန်ရှိနေသော
လေအဟောင်းကိုပယ်ထုတ်ပေးပြီး ကောင်းသောလေသည် ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်နိုင်စွမ်းများ
သထက်များလေ ခန္ဓာကိုယ် ပိုမို၍အကျိုးရှိလေဖြစ်ပါသည်။
အသက်ရှူနည်းကို အထူးသတိပြူပြီး
သေချာကျင့်ယူရပါမည်။လေကိုအချိန်ကြာကြာနှင့်
၀၀ရှူသွင်းပြီး သေချာကျင့်ယူရပါမည်။
လေကိုအချိန်ကြာကြာနှင့်၀၀ရှူထုတ်ခြင်းနည်းကိုတဆင့်ထက်တဆင့်
တိုးတတ်အောင်ပြုလုပ်ရပါမည်။ ရှူသွင်းလေနှင့်ရှူထုတ်လေကို
ကျင့်သားရသွားလျှင်နောက်ပိုင်းရှူထုတ်
သောလေကိုပို၍အချိန်ချိန်ကြာကြာရှူထုတ်ပေးပါ။ အသက်ရှူနည်း ( မိနစ်ကို
အကြိမ် ၅ ကြိမ်ထိရှူပေးခြင်း )
မှန်မှန်ရှူပေးခြင်း ( အသက်ရှူသွင်းသည့်အချိန်တွင် ၈ စက္ကန့်ကြာပြီး
ကြားထဲမှာ ၄ စက္ကန့် အသက်အောင့်ထား
ပြီး အသက်ရှူထုတ်သည့်အချိန် ၈ စက္ကန့်ပြုလုပ်ပြီး ၄ စက္ကန့်အသက်အောင့်ထားပေးပါ )
အသက်ကိုဖြေးဖြေးမှန်မှန် ရှူပေးခြင်း၏အကျိုးကျေးဇူးမှာ
ခန္ဓာကိုယ်အပူအအေးမျှတစေပြီး
သွေးလေမှန်စေသည်။ နှလုံးကိုလည်းအနားပေးရာရောက်ပါသည်။
နှလုံးသွေးသန့်စေပြီး အဆိပ်ဖြေပေးရာရောက်ပါသည်။
သွေးထဲမှာအဆိပ်ဖြေပေးရာရောက်ပါသည်။
သွေးထဲမှအဆိပ်အတောက်ကို စစ်ပေးခြင်း အောက်ဆီဂျင်ကောင်းကောင်းရရှိစေခြင်း
နှလုံးခုန်နှုန်းကိုတစ်မိနစ်ကို အကြိမ် ၇၀ ခုန်ပေးခြင်းမှ ၄၀ ( သို့ ) ၃၀ ခုန်ခြင်း ကြောင့်
နှလုံးကို အနားပေးရာရောက်ပါသည်။
ထို့ကြောင့်လေကို ၀၀ရှူသွင်းခြင်းနှင့် ၀၀ရှူထုတ်ခြင်းသည်
ခန္ဓာကိုယ်နှင့် နှလုံးချို့ယွင်းမှုကိုကာကွယ်ပေးပြီး
သွေးဖိအားမှန်စေသည်။
စိတ်ဖိစီးမှုကိုသက်သာစေပြီး စိတ်နှင့်ရုပ်ကို သိသိသာသာကြည်လင်ပေါ့ပါးစေပါသည်။
လူ၏စိတ်အာရုံသည် အသက်ရှူခြင်းနှင့် အမြဲတမ်းပတ်သက်မှု့ရှိနေသည်။
မိမိကိုယ်ကိုသတိထား ပုံမှန်လူနေမှုဘ၀တွင် သတိထားပြီး ဘယ်အချိန်တွင်ဘယ်လို
အသက်ရှူနေတာကိုလေ့လာကြည့်ပါ စိတ်အာရုံသိမ်မွေ့နူးညံ့ပြီး နေကြည့်တဲ့အချိန်တွင်
မိမိ၏်ဝင်လေထွက်လေသည်ရှည်ရှည်နှင့်မှန်မှန်ဖြစ်နေသည်ကို သတိထားမိကြမှာပါ။ဒေါသဖြစ်နေတဲ့အချိန်
စိတ်တိုနေတဲ့အချိန်တွင်အသက်ရှူခြင်းသည်ပုံမှန်မဟုတ်တော့ဘဲ အသက်ကိုအောင့်ထားမိမယ် မြန်မြန်ရှူမိနေမယ်ကိုသတိထားမိကြမှာပါ။
အသက်ရှူမမှနကန်ခြင်း၊အာရုံများကိုနှောက်လာပြီး
စိတ်မကြည့်လင်နိုင်တော့ပါ။ တစ်ခါတစ်လေအသက်ရှူမ၀သလိုမျိုး လည်းခံစားကြရမှာပါ
အာရုံအတတ်အကျများမှုကြောင့် အသက်ရှူခြင်းသည် မမှန်မကန်သောကြောင့် cellများပျက်စီးချင်း၊
အာရုံကြောများပျက်စီးခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း ထိတ်လန့်တတ်ခြင်းသမာဓိအားနည်းခြင်း
စိတ်တိုစိတ်နှောက်လွယ်ခြင်း ဦးနှောက်အာရုံကြောကို
ထိခိုက်အန္တရာယ်စေခြင်းများကိုဖြစ်စေနိုင်သည်ကို သတိမထားခဲ့မိကြပါ။
အထူးသဖြင့် အိပ်မပျော်တဲ့ ဝေဒနာရှင်
ထိတ်လန့်စိတ်နှောက်လွယ်သည့်ဝေဒနာရှင်၊ထိတ်လန့်စိတ်နှောက်လွယ်သည့်ဝေဒနာရှင်၊
စိတ်လှုပ်ရှားလွယ်သည့်ဝေဒနာရှင်များသည်အသက်ရှူလေ့ကျင့်ခန်းကိုပိုလုပ်သင့်သည်။
အသက်ကိုရှည်ရှည်နှင့်၀၀ရှူပေးခြင်းသည် စိတ်ကိုတည်ငြိမ်စေပြီး
သမာဓိအားလဲကောင်းလာစေသည်။
ဦးနှောက်ကိုလည်းကြည်လင်စေသည်။အထူးသတိပြူရမည့်အချက်သည်အစပိုင်းစလေ့ကျင့်ချိန်တွင်
အနည်းငယ်မျှသာ ပြူလုပ်သင့်သည်။ တဖြည်းဖြည်းနှင့်ပုံမှန်ဖြစ်သွားမှသာ
အခေါက်ရေတိုးပြီးပြုလုပ်ပေးပါ
ကျင့်သားမရသေးဘဲများများလေ့ကျင့်ပေးမှုကြောင့် ခေါင်းမူးခြင်း
အော့အန်ချင်သလိုဖြစ်ခြင်းများဖြစ်နိုင်သည်။
သတိထားပြီးဖြည်းဖြည်းနှင့်မှန်မှန်ပြုလုပ်ပေး၍တစ်ရက်ထက်တစ်ရက်ပိုပိုတိုးပြီးပြုလုပ်ပေးပါ။
နောက်ပိုင်းအကျင့်ဖြစ်အောင်ပြုလုပ်ပေးပါ။ အချိန်ရတိုင်း
အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပေးပါ၊
အကျိုးထူးများခံစားရပါလိမ့်မည်။ အသက်ရှူခြင်းသည် မွေးကတည်းကပါလာခဲ့သောသဘာဝတရားတွေပါ
အစာအိမ်ကို အဟာရများဖြင့် ဖြည့်ပေးရသလို
အဆုတ်ကိုလည်းလေကောင်းလေသန့်များလုံလောက်အောင်ရှူသွင်းထုတ်ရှူပေးရမှာဖြစ်ပါတယ်။                                                                                                                                                                                                                                                                                                             စာရေးသူ.... နန်းဆုကေဆွမ်

အမျိုးသား ကျန်းမာရေးအတွက် အသုံးဝင်သော လမ်းညွှန်ချက်များ



အမျိုးသားတွေ အခုထက် ပိုမိုကျန်းမာလာဖို့အတွက် ဖော်ပြပေးမယ့် လမ်းညွှန်ချက်တွေက အိမ်မှာ လိုက်နာနိုင်တဲ့ အလွယ်နည်းတွေ ဖြစ်ကြပါတယ်။  ဒီနည်းလမ်းတွေက အလုပ်လုပ်နေတဲ့ အမျိုးသားတွေ၊ ကျောင်းတက်နေဆဲ အမျိုးသားတွေ၊ အိမ်ထောင်ရှင် အမျိုးသားတွေ စတဲ့ အမျိုးသား အားလုံးအတွက် ပိုမိုကျန်းမာလာစေမယ့် နည်းလမ်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၁) လတ်ဆတ်သန့်ရှင်းသော အစာကို ကောင်းကောင်းစားပါ

သင့်ကျန်းမာရေး အခြေအနေဟာ စားသောက်တဲ့ အစားအသောက်ပေါ်မှာ မူတည်နေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဆိုရင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာတဲ့ အစေ့အဆန်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်း အဖြူရောင် အသား (ဥပမာ- ငါး၊ ကြက်)နဲ့ အနီရောင်အသား အသင့်အတင့်တို့ကို စားသောက်သင့်ပါတယ်။

သဘောကောင်းသထက် ကောင်းစေဖို့


·

ပျော်ရွှင်ချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ ကောင်းမွန်တဲ့ စိတ်ထားရှိဖို့ပါပဲ။  ကြင်နာမှုကို ကိုယ်က ပြုလိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်က လက်ခံရရှိရင်ပဲ ဖြစ်ဖြစ် ဘဝမှာ ပိုပြီးနေပျော်လာကာ ပိုနွေးထွေး လုံခြုံလာပါတယ်။ ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာကာ အရာရာကို အကောင်းမြင် လာတတ်ကြပါတယ်။ သဘောကောင်းတဲ့သူဟာ အပေါင်းအသင်း ပေါပြီး လူချစ်လူခင်များကာ အကူအညီလိုပါက ကိုယ့်ကို ပြန်ကူညီမယ့်သူ မရှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်လည်း ရှိနေတတ်ပါတယ်။ သဘောကောင်းခြင်းဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာလည်း အလွန်ပဲ အရေးကြီးပါတယ်။ လူအတော်များများဟာ ဘဝမှာ ကြင်နာမှုကို ငတ်မွတ်နေကြပေမယ့် သူတို့ ကိုယ်တိုင်ကျတော့ သူများတကာကို ကြင်နာမှု မပြတတ်ကြပါဘူး။ ဒါကြောင့် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ရရှိဖို့ ကြင်နာမှုကို ဘယ်လိုပြရမလဲဆိုတဲ့နည်း တချို့ကို ဖော်ပြလိုက်ရပါတယ်။

သံပုရာရည်၏အကျိုးကျေးဇူး

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။


ဒီလို အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်



စိတ်ညစ်နေပါသလား။ စိတ်ဖိစီးမှု များနေပါသလား။ စိတ်ဓာတ် ကျနေပါသလား။ အချိန်သိပ်ပေးစရာ မလိုဘဲ ရိုးစင်းလွယ်ကူတဲ့ အောက်ပါနည်းတွေကို လိုက်နာလိုက်ရုံနဲ့ သင့်တစ်နေတာက ပိုမိုစိတ်ချမ်းသာစရာ ကောင်းလာမှာပါ။

ပွေ့ဖက်ပါ


သင်ချစ်ခင်တဲ့သူကို စက္ကန့် ၂၀ ကြာ ပွေ့ဖက်လိုက်တာကြောင့် စိတ်ခံစားမှုကို ချက်ချင်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်း အထွက်တိုးလာစေလို့ပါ။ ဒါကြောင့် သင့်စိတ်ကို အေးချမ်းပြီး သက်သောင့်သက်သာ ရှိစေပါတယ်။

အသက် ၄၀ ကျော် အရွယ်များအတွက် ခန္ဓာကိုယ်ထိန်းသိမ်းနည်း ငါးနည်း



(၁) အပြင်စာများ မစားပါနှင့်

အပြင်စာတွေကို စားသုံးတာက ကယ်လိုရီအပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုအရ အသက် ၄၀ နှစ်ကျော် အရွယ်တွေ ကိုယ်အလေးချိန် လျှော့ချပေးဖို့ အဓိက ထိန်းချုပ်သင့်တာက ကယ်လိုရီအပိုတွေ စားသုံးမှုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီရရှိမှု လျှော့ချဖို့အတွက် သရေစာစားသုံးတာနဲ့ အပြင်စာစားသုံးမှုတွေကို လျှော့ချပေးပါ။

(၂) အချိုရည်ရှောင်ပါ

အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်တာက ကယ်လိုရီရနိုင်တဲ့ တခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှု ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်ကရတဲ့ ကယ်လိုရီက စိတ်ကျေနပ်မှုကို နည်းစေပြီး ဆာလောင်မှုကို ပိုမိုစေတာကြောင့်ပါ။

အိပ်စက်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် မှတ်ဉာဏ်


အိပ်စက်ခြင်းနှင့် မှတ်ဉာဏ်ဆက်စပ်မှု
နေ့လယ်နေ့ခင်း ခေတ္တအိပ်စက်ခြင်း Afternoon nap သည် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်သော အကျိုးပြုနိုင်သည်ဟု တွေ့ရှိရပါသည်။ မကြာသေးမီကာလက ဂျာမန်သုတေသန ပညာရှင်များသည် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ရာ စမ်းသပ်မှုတွင် ပါဝင်သူများကို လှုပ်လှုပ်ရှားရှား မပြုလုပ်ခင်နှင့် ခေတ္တအိပ်စက်ခြင်း မပြုခင်တွင် စကားလုံး စာရင်းများကို မှတ်သားခိုင်းပါသည်။ ထို့နောက် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်နှင့် အနားယူအိပ်စက်ပြီးချိန်များတွင် ပြန်လည်ရွတ်ဆိုခိုင်းရာ အိပ်စက်မှုပြုပြီးမှ ရွတ်ဆိုရာတွင် မှတ်ဉာဏ်စွမ်းအား အထူးပိုမို ကောင်းမွန်ကြောင်းကို စမ်းသပ်တွေ့ရှိရပါသည်။ ဤစမ်းသပ်ချက်ကို အိပ်စက်ခြင်းနှင့် ပတ်သက်သော သုတေသနဂျာနယ် Journal of Sleep Research တွင် ဖော်ပြထားပါသည်။

sleepingh.jpg

အိပ်ရေးပျက်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းမှု
အိပ်စပ်အနားယူမှု မရရှိခြင်း၏ ကြီးမားသော အန္တရာယ်အကျိုးဆက်မှာ မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်ပါသည်။

မိနစ်ဝက် (၃)မျိုး၊ နာရီဝက် (၃) မျိုး

သိပ္ပံပညာရှင်တွေ အမြဲပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အသက်ကြီးသူတွေ - "မိနစ်ဝက် (၃) မျိုး၊ နာရီဝက် (၃) မျိုးကို သတိပြုပါ" တဲ့။


မိနစ်ဝက် (၃) မျိုးဆိုတဲ့ စကားလုံးဟာ တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်။ လူအတော်များများဟာ နေ့ခင်းနေ့လည်မှာ အကောင်း၊ နေ့ခင်းမှာ ဘာမှမဖြစ်ဘူး။ ညကျတော့ ဆုံးပြီတဲ့။ ဟင် မနေ့ကမှ သူ့ကို တွေ့ခဲ့သေးတယ်။ ဘယ်နှယ့်ဆုံးပြီလဲ။ ညဥ့်နက်မှာ အိမ်သာသွားဖို့ ရုတ်တရက် ထလိုက်ရာမှာ အမလေး ဦးနှောက်တွင်း သွေးလျော့သွားတယ်။ ခန္ဓာကိုယ်အနေအထားကြောင့် ဖြစ်ရတဲ့ သွေးတိုးနိမ့်ကျသွားမှုကြောင့် ဦးနှောက်တွင်း သွေးဝင်နည်းပြီး မူးလဲသွားတာ၊ တချို့လဲကျပြီး ခေါင်းခွံကွဲကြေသွားမယ်။ တချို့ နှလုံး ရုတ်တရက် ရပ်သွားမယ်။ ဒါဆိုရင် သိပ္ပံပညာရှင်တွေ ဘာဖြစ်လို့ မိနစ်ဝက် (၃)မျိုး ဆိုတာကို အကြံပြုကြတာလဲ။

ကျန်းမာရေးအတွက် အိပ်စက်အနားယူခြင်း


sleepingtu.jpg
နေ့လည်နေ့ခင်း အနားယူအိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ အခုအခါမှာတော့ နေ့လည်အိပ်တာ မအိပ်တာကို အငြင်းမပွားတော့ပါဘူး။ ဂျပန်နိုင်ငံက ဟိုတုန်းကတော့ နေ့လည်အိပ်တာကို မတိုက်တွန်းခဲ့ဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ နေ့လည်ထမင်းစားပြီး နာရီဝက်အတွင်းမှာ တစ်နာရီလောက် အိပ်ဖို့ တိုက်တွန်းပါတယ်။ သိပ်အကြာကြီး မအိပ်ပါနဲ့။ ခန္ဓာကိုယ်အတွက် အကျိုးမရှိဘူး။ စောင်အထူကြီး မခြုံပါနဲ့။


ည ဘယ်အချိန် အိပ်ရာဝင်သင့်သလဲ။ ကျွန်တော်တို့ အနေနဲ့ကတော့ စောစောအိပ်၊ စောစာထလို့

လက်ပန်းတောင်းတောင် လူထု နှင့် ခရိုင်ဗကသ အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ

၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီခန့်တွင် တရုတ် ၀မ်ပေါင်ကုမ္မဏီနှင့် စီးပွားရေး ဦးပိုင်လီမီတက် ပူးပေါင်း လုပ်ကိုင်သည့် လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း အတွက် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ၊ ဆည်တည်း ကျေးရွာများရှိ မတရား သိမ်းပိုက်ခံ ထားရသည့် လယ်ယာမြေများအား ပြန်လည် ရရှိရေး အတွက် တောင်သူ လယ်သမား ဆန္ဒဖော် ထုတ်ပွဲတွင် ခရိုင်ဗကသ ကျောင်းသားများလည်း လာရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ရာ ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး အမည်များဖြင့် လူသေအခေါင်း (၃)ခေါင်း ပုံတူပြုလုပ်ပြီး မီးရှို့ မြေမြုပ်ပွဲ အခမ်းအနားကို တောင်သူလယ်သမား ကျေးရွာ သူကျေးရွာ သားများ ငါးထောင်ခန့်ဖြင့် ကျင်းပခဲ့သည်။  သတင်း- ဓါတ်ပုံ Aung Nay Myo Facebook