အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်

Blog Entry
Sep 25, '10 2:49 AM
for everyone

က

မ္ဘာပေါ်မှာ လူပေါင်း ၃၇၀ သန်း ရောဂါဖြစ်နေပြီး၊ နှစ်တိုင်း လူ ၁ သန်း သေဆုံးနေရတဲ့၊ အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်

http://www.hivandhepatitis.com/0_images_2008/hepatitis-b2.jpg


  1. ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
  2. ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
  3. HBV က HIV ထက် ၁၀ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
  4. HIV ထက် HPV က အဆ ၁၀၀ ပိုပြီး ကူစက်နိုင်တယ်။
  5. သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
  6. Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈၀ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
  7. HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃၀ မှာဖြစ်နေတယ်။
  8. Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
  9. သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမ၀င် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
  10. Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။

No comments:

Post a Comment