မိခင်လောင်းများ စားသောက်သင့်သော အစားအစာ ၁ဝ မျိုး


(က) ဆယ်လ်မွန်ငါး
သိပံ္ပပညာရှင်တွေကတော့ ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။ ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့ အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။  အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း
အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။
Facebook အသုံးပြုလွန်းခြင်း
ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။
သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း
မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။
နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း
အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့ တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။ အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။
အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း
အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်း စေနိုင်တာကြောင့် မလုပ်သင့်ပါ။
ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း
နေ့ခင်းအချိန် လေ့ကျင့်ခန်း လုပ်ပေးရင် တစ်နေ့လုံးလိုလို လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့် အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
ကြယ်စင်
Ref: Good Health 29 May, 2012 – 11:19
Source: http://www.yatanarpon.com.mm/news/review-58652

ခြေထောက်နာခြင်းနှင့် အစားအစာများ



မျှင်ထူကြွက်သားတွေ ရောင်ရမ်းပြီး ခြေထောက်တွေနာကျင်တာကို လူတိုင်းနီးပါးကြုံတွေ့ရ တတ်ပါတယ်။ အဲဒီလို ခံစားမှုတွေကို လုံးဝကြီးပျောက်ကင်းသွားအောင် ကုသဖို့က အတော်ကိုခက်ခဲပါတယ်။ ဆေးဝါးတွေဟာူကြွက်သား များ နာကျင်ခြင်း၊ မောပန်းခြင်းနဲ့ တခြားအခြေအနေတွေကိုသက်သာဖို့အတွက်သာ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်လူနာ တော်တော် များများဟာ သူတို့ရဲ့ရောဂါလက္ခဏာတွေ သက်သာဖို့ဆိုရင် သူတို့စားသောက်တဲ့ပုံစံနဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပေး ဖို့လိုပါတယ်။ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်လဲဆိုတာကို သိထားရင် လူနာအနေကို အတော်ကို အထောက်အကူပြုနိုင်ပါတယ်။ လူနာတချို့ဟာ သူတို့စား သောက်တဲ့အစားအသောက်တွေကြောင့် သူတို့ခံစားရတဲ့ ကြွက်သား နာကျင်မှုတွေ၊ ကြွက်သားတောင့်တင်းမှုတွေဟာ ပိုပြီးဆိုးဝါးလာတတ်ပါတယ်။

“တကယ်ကောင်းတဲ့ဆေးဖြစ်အောင်”


ဆေးတွေဟာ လူတွေကို ကျန်ကျန်းမာမာနဲ့အသက်ရှည်ရှည်နေနိုင်ဖို့ ကူညီပေးပါတယ်။ သူတို့ကြောင့် သက်တောင့်သက်သာနေနိုင်လာပါတယ်။ ဝေဒနာခံစားရမှုတွေလျော့နည်းလာပါတယ်။ ကျွန်မတို့တွေက ဆေးတွေဆီက ကောင်းတဲ့အာနိသင်ကိုသာ အလိုရှိပေမယ့် သူတို့ကြောင့် ပြဿနာတွေပြန်ဖြစ်နိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ ဆေးတွေကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုပေးရာကနေ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့တချို့ ပြဿနာတွေဟာ မထူးဆန်းပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်ခံရပုံချင်းမတူကြပါဘူး။ အချိန်ခဏိုင်းမျှသာံစားရပြီး ပြန်သက်သာ သွားတာမျိုးရှိသလို ဆေးရုံဆေးခန်းကို အချိန်မီသွားရောက်ဖို့လိုတဲ့အထိ ပြင်းထန်တာမျိုးကိုလည်း ကြုံတွေ့ရ တတ်ပါတယ်။

စိတ်ခံစားမှု ကောင်းစေမည့် အချက် ၁၀ ချက်


ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးမှု တွေကတော့ ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို အကြာကြီး အချိန်ဆွဲ မထားဘဲ အောက်ပါ နည်းလမ်းတွေကို သုံးကြည့်ပါ။  ငါးမိနစ်လောက်နဲ့ စိတ်ခံစားမှု ကောင်းလာ နိုင်ပါတယ်။
၁။  အပြင်ထွက် လမ်းလျှောက်ပါ

မကြာခဏ ရင်ပူတတ်သူတို့ သိထားသင့်သော နေထိုင်စားသောက်မှုပုံစံ




ရင်ပူတဲ့ဝေဒနာကို မကြာခဏ ခံစားရတတ်သူတွေ အနေနဲ့ နောက်တစ်ကြိမ် ရင်ပူဝေဒနာ မရရှိစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။ အစာကို နည်းနည်းချင်း စားပေးရပါမယ်။ ညစာကို နောက်ကျမှ၊ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ ကပ်ပြီးစားတာမျိုး ရှောင်ပါ။ အစာစားပြီး ချက်ချင်း လဲလျောင်းတာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစားကို တင်းကျပ်နေအောင် မဝတ်ပါနဲ့။ အထူးသဖြင့် အမျိုး
သမီးတွေအဖို့ အတွင်းခံဘော်လီကို တင်းကျပ်နေအောင် မဝတ်သင့်ပါ။

ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ


by Health Articles on Wednesday, October 31, 2012 at 11:14am ·

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရောဗိုက်ထဲက သန္ဓေသားပါ အာဟာရလိုအပ်ချက် ပြည့်မီစေဖို့ အစားအသောက်မျိုးစုံကို  ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။

အဓိက စားသင့်သည်များ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အခွံချွတ်မထားတဲ့ ပေါင်မုန့်နဲ့ ကွေကာများများ၊ အဆီနည်းအသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း အသင့်အတင့်၊ သကြား၊ ဆားနဲ့အဆီ ပါဝင်မှုများတဲ့ အစာအနည်းငယ်၊ အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အခွံမာသီးနဲ့ အစေ့အဆန်။

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင်




နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ အခု ဂျာမနီနိုင်ငံက လေ့လာမှုအရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာရ
ှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

ကင်ဆာမဖြစ်အောင် နေ့စဉ် စားသောက်ရာတွင် သတိပြုသင့်သည်များ


by Health Articles on Wednesday, October 31, 2012 at 11:09am ·
 
ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာ ရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။  ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။

စားသောက်သင့်သည်များ

(၁) ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့လို မပြည့်ဝဆီပါတဲ့ အစားအစာတွေ၊ ဂျုံမှုန့်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေလို အမျှင်ဓာတ်ပါတဲ့ အစာတို့ကို စားပေးသင့်ပါတယ်။
(၂) တူနာငါး၊ ဆာဒင်းငါးတို့လို အိုမီဂါ ၃ နဲ့ ၆ ပါဝင်မှုများတဲ့ ပင်လယ်စာကို စားပေးပါ။
(၃) ဟင်းချက်တဲ့အခါမှာ သံလွင်ဆီစစ်စစ်နဲ့ မြေပဲဆီတို့ကို သုံးပါ။ ဟင်းရွက်သုပ်ရာမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီကို သုံးသင့်ပါတယ်။
(၄) ဆီးသီးလို အမျှင်ဓာတ် ပါဝင်မှုမြင့်မားတဲ့ သစ်သီးတွေကို စားပါ။ ဖြစ်နိုင်ရင် အချိုရည်အစား သစ်သီးဖျော်ရည်ကို သောက်ပါ။ သစ်သီးတွေထဲမှာ ကင်ဆာကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။

်ပထမ ဆုခူးခဲ့သူ ဒရမ်သမားလေး


မကြည့်မိရင် တခေတ်နောက်ကျသွားမယ်၊ ဒီလိုတော်တဲ့ကလေးမျိုးဆို အမေတွေ အတွက် ဗိုက်အခါတရာမက အနာခံပြီး မွေးဖို့ ၀န်လေးမယ် မထင်ပါဘူး....ကျနော်လည်း ဒီကလေးမျိုး လိုချင်တယ်..ဟဟ..