စိတ်ခံစားမှု ကောင်းစေမည့် အချက် ၁၀ ချက်


ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးမှု တွေကတော့ ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို အကြာကြီး အချိန်ဆွဲ မထားဘဲ အောက်ပါ နည်းလမ်းတွေကို သုံးကြည့်ပါ။  ငါးမိနစ်လောက်နဲ့ စိတ်ခံစားမှု ကောင်းလာ နိုင်ပါတယ်။
၁။  အပြင်ထွက် လမ်းလျှောက်ပါ

စိတ်ရှုပ်ထွေးလာချိန်မှာ တစ်ယောက်တည်း အပြင်ကိုထွက်ပြီး လမ်းလျှောက်ကာ ပတ်ဝန်းကျင်က လတ်ဆတ်တဲ့ လေကို ရှူရှိုက်လိုက်ပါ။ သင့် အလုပ်စားပွဲက အလုပ်တွေ၊ အိမ်ထဲက ပြဿနာတွေ၊ လူမှုရေး ကိစ္စတွေကို ခဏလောက် မေ့ပြီး ခန္ဓာကိုယ် နွေးထွေးတဲ့အထိ လမ်းလျှောက်လိုက်ပါ။
၂။  သီချင်းနားထောင်ပါ
မြူးကြွတဲ့ သီချင်းဖွင့်ပြီး မျက်စိမှိတ်ကာ ကခုန်လိုက်ပါ။ ဒါမှမဟုတ် လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်လိုက်ပါ။
၃။ ဟာသလုပ်ပါ
ရိုင်းစိုင်းတဲ့ အပြုအမှုမျိုး မဟုတ်ဘဲ သွက်လက်တဲ့ အမူအရာတွေနဲ့ ဟာသပြုလုပ်ရင်း မိတ်ဆွေတွေနဲ့ စကားပြောပါ။ သင်ရဲ့ပြောင်းလဲတဲ့ အမူအရာကြောင့် သင့် မိတ်ဆွေတွေက သင့်က တန်ပြန်ဟာသတွေ ပြောနေပါလိမ့်မယ်။
၎။  လက်ဖက်ရည်သောက်ပါ
ကော်ဖီထက် စိတ်ခံစားမှု ကောင်းစေတာက လက်ဖက်ရညပါ။ လေ့လာမှုတွေအရ လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက် သောက်သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းကို လျှော့ချပေးနိုင်ကြောင်း သိခဲ့ရပါတယ်။
၅။  ရေစိမ်ချိုးပါ
အေးမြတဲ့ ရေပန်းအောက်မှာ နှစ်မိနစ်လောက် မျက်နှာကမော့ပြီး မျက်နှာပေါ်ကျလာတဲ့ အေးမြတဲ့ရေကို ခံစားကြည့်ပါ။ စိတ်ခံစားမှု တကယ်ပဲ ကောင်းစေပါတယ်။
၆။  အရောင်တောက်တာတွေ ဝတ်ဆင်ပါ
သစ်လွင် တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
၇။ သံပရာရနံ့ရှူပါ
သံပရာရနံ့ပါတဲ့ လိုးရှင်းတွေဟာ စိတ်ကို ကြည်လင်စေပါတယ်။ ဗီတာမင်စီဟာ သောက်သုံးရာမှာ အကျိုးရှိရုံသာမက  ရနံ့ကြောင့်လည်း လူကို လန်းဆန်းစေပါတယ်။ သံပရာ၊ သံပရိုနံ လိမ္မော်သီးတွေရဲ့ ရနံ့ကို ရှူပါ။
၈။ အနားယူပါ
ထိုင်ခုံ တစ်ခုပေါ်မှာ ထိုင်ပြီး နောက် ကျောတွေကို မှီလိုကကာ ဦးခေါင်းကို နောက်မှီ ထိုင်ခုံပေါ် မော့လိုက်ပြီး မျက်စိ မှိတ်ထားလိုက်ကာ အသက်ကို ပုံမှန်ရှူပြီး ခဏမှိန်းနေပါ။
၉။ ချောကလက်စားပါ
ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် အနက်ရောင် ချောကလက် တစ်လက်မလောက် စားပေးပါ။
၁၀။ အကြောဆန့်လေ့ကျင့်ခန်း လုပ်ပါ
ဘယ်နဲ့ညာ လက်ချောင်းလေးတွေ တစ်ခုနဲ့တစ်ခု ယှက်ပြီး ဆန့်တန်း ထုတ်တဲ့ လေ့ကျင့်မှုမျိုးတွေနဲ့ အကြောဆန့်တဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ငါးမိနစ်လောက် ပြုလုပ်ပေးပါ
by https://www.facebook.com/notes/health-articles

No comments:

Post a Comment