အဆိုပါ ဝန်ဆောင်မှု ဝက်ဘ်ဆိုက်မှာ www.mmskype.com ဖြစ်ပြီး ငွေဖြည့်တင်းရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ စ၍ ငွေဖြည့်တင်းရမည်ဖြစ်ပြီး ငွေသားကို MyanPay Online Payment Gateway မှတစ်ဆင့် ပေးချေနိုင်ကြောင်း သိရသည်။
ထို့အပြင် အင်တာနက်ဆိုင်များအတွက် ပိုမိုအဆင်ပြေလွယ်ကူစေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
“ငွေပေးချေစဉ်
အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။
ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေရမှာ ဖြစ်ပါတယ်။
ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype အကောင့်ထဲကို
Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို
အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ်” ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံက ဘတ်စကတ်ဘော အားကစားသမားတွေရဲ့ အမေရိကန်ပြည်ထောင်စု
ချစ်ကြည်ရေး ခရီးစဉ် ပထမနေ့အဖြစ် ဗုဒ္ဓဟူးနေ့မှာတော့ ၀ါရှင်တန်မြို့တော်နဲ့
အနီးတ၀ိုက်မှာရှိတဲ့ အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေ၊
မသန်မစွမ်း အားကစား သမားတွေရဲ့ လေ့ကျင့်မှုတွေ အပါအ၀င် အားကစား အထောက်အကူပြု
အစီအစဉ်တွေကို သွားရောက် လေ့လာကြပါတယ်။
