HIV ပိုးတွေ့ပြီး ချက်ချင်းကုသလျင် AIDS ပပျောက်နိုင်


HIV ရောဂါပိုး ကူးစက်ခံရသူတွေကို အလျင်အမြန် ဆေးဝါးကုသမှုပေးနိုင်ရင် AIDS ရောဂါဖြစ်ပေါ်စေတဲ့ ပိုးမွှားတွေ ပျောက်ကင်းစေတဲ့အထိ ဖြစ်နိုင်တယ် ပြင်သစ် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

အခု အသစ် ရှာဖွေ တွေ့ရှိလိုက်တဲ့ သုတေသန အသစ်ကိုတော့ PLoS Pathogens ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြထားတာပါ။ အမေရိကန်နိုင်ငံမှာ မိခင်ဝမ်းတွင်းမှာကတည်းက HIV ရောဂါပိုး ရှိနေတဲ့ မွေးကင်းစ ကလေးငယ်လေးတဦးကို မွေးပြီးပြီးချင်း နာရီပိုင်းအကြာမှာ ဆေး ကုသမှု ပေးလိုက်ရာက ရောဂါပိုး လုံးဝ ပျောက်ကင်းသွားတဲ့အကြောင်း အခုလ အစောပိုင်းတုန်းက ကြေညာအပြီး ဒီသုတေသန ထွက်လာတာပါ။

ပြင်သစ်သုတေသီတွေက အရွယ်ရောက်ပြီးသူ ဝေဒနာရှင် ၁၄ ဦးကို ရောဂါပိုး ကူးစက်ပြီးပြီးချင်း ကုသမှုပေးခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီ လူနာတွေဟာ နောက်ဆုံးမှာ ဆေးမသောက်တော့ဘဲ (၇) နှစ် နေခဲ့ကြပါတယ်။ လူနာတွေမှာ ရောဂါ ပြန်ဖြစ်လာတဲ့ လက္ခဏာ မတွေ့ရဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ ဆေးမသောက်ပဲ နေလိုက်ရင် HIV ရောဂါပိုးဟာ ပြန်ထလာလေ့ ရှိပါတယ်။

ရောဂါကို စောကုသလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ သိုလှောင်ထားလို့ မရတော့တဲ့အပြင် ရောဂါပိုးသန္ဓေပါ ပြောင်းသွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ရောဂါကို စောစီးစွာ အလျင်အမြန် ကုသလိုက်ခြင်းရဲ့ အကျိုးက ကိုယ်ခံအားကိုပါ ထိန်းသိမ်းထားရာ ရောက်တယ်လို့ ဆိုပါတယ်။

Female orgasm (1) အမျိုးသမီး ပြီးခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၃)

“Orgasm ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ “လိင်ဆက်ဆံမှု ဖြစ်စဉ်ရဲ့ အဆုံးပိုင်း” လို့ ယေဘူယျ ပြောကြပေမဲ့ အတိအကျဆိုရရင် မဟုတ်သေးပါ။ (မာစတာဘေးရှင်း) ကို ဆက်ဆံမှု တခုရဲ့ အစိတ်အပိုင်း တခုဖြစ်ဖြစ်၊ အပြီးရောက်သွားအောင်ဖြစ်ဖြစ် လုပ်လို့ရတယ်။ တယောက်တည်းက ဖြစ်ဖြစ် တယောက်မကဖြစ်ဖြစ်၊ အင်္ဂါတမျိုးထဲသုံးပြီး ရရှိနိုင်လို့ ဖြစ်ပါတယ်။ Orgasm ကျား-မ နှစ်မျိုး ရှိတာထဲက “မ” နဲ့ ပတ်သက်တာကိုသာ ရွေးရေးပါမယ်။ အပြီးရောက်ဘို့ ယောက်ျား ၂-၅ မိနစ်၊ မိန်းမ ၂ဝ မိနစ်ကြာတယ်လို့ ဆိုတယ်။ သုတေသန အမျိုးမျိုးက ကိန်းဂဏန်း အမျိုးမျိုး ထုတ်တယ်။ မတူကြဘူး။ မတူတဲ့ အထဲမှာ တူတာက “အမျိုးသမီးများဟာ ယောက်ျား တခါပြီးတိုင်း၊ သူတို့ တခါမပြီးပါ။” ထပ်တူသေးပြန်တာက “မိန်းမတွေ ရာနှုံးတချို့ (၇-၁ဝ%) က တခါမှ မတခါဘူး။” တချို့ဆိုရင် Orgasm ဖြစ်ရမှန်းကိုတောင်မှ မသိရှာကြပါ။

စိတ်ပျက်စရာ မကောင်းတာကတော့ အမျိုးသမီးများဟာ ပြီးမသွားပေမဲ့ အများအားဖြင့် ကျေနပ်မှုရကြတယ်။ ပူးကပ်-ပွတ်သပ်မှု၊ ယုယ-အနှစ်သက်ခံရမှု၊ စတာတွေအပေါ်မှာ တန်ဘိုးကြီးကြီးထားတယ်။ နဲနဲလွဲနေတာတခုက “မိန်းမ ပြီးတာကို မိန်းမထက် ယောက်ျားက ပိုဖြစ်စေချင်နေတတ်တယ်။” အမျိုးသမီး မပြီးတာက ငါ့ကြောင့်လား။ သူ့ကြောင့်လား တွေးလာလို့ပါ။

၁၉၆ဝ ခုနှစ်မှာ ကျား ၃၁၂ နဲ့ မ ၃၈၂ ကို Orgasm ဖြစ်ရင် ဘာတွေ ဖြစ်လာသလဲဆိုတာ စမ်းသပ်ပြီး၊ ထုတ်ပြန်တာက “စိတ်လှုတ်ရှားမှု အရှိန်တက်လာ၊ သွေးစီးဆင်းမှု များလာ၊ ဒီအဆင့်မှာ တန်းနေရာကနေ (အော်ဂဇင်) ဖြစ်လာပြီး၊ နောက်ဆုံး အားလုံး ပြန်လျှော့ကျသွားတယ်။” လို့ ဆိုပါတယ်။ ၁ဝ နှစ်ကြာတော့ အမျိုးသမီး သုတေသီတယောက်ကနေ ထပ်ဖြည့်တာက “စိတ်လှုတ်ရှားမှုထဲမှာ စိုးရိမ်မှု၊ ခုခံနိုင်စွမ်းမဲ့မှုနဲ့ အပြန်အလှန် ပြောဆိုနိုင်စွမ်းမရှိမှု တွေကြောင့် လိင်စိတ်ကို နည်းစေနိုင်သလို၊ (အော်ဂဇင်) ရမှာကိုပါ တားဆီးစေနိုင်တယ်။” တဲ့။

နောက် ၁ဝ နှစ်ကြာပြန်တော့ အမျိုးသမီးပညာရှင် တယောက်က “Desire ဆန္ဒက Arousal စိတ်ဖြစ်ပေါ်မှု နဲ့ Orgasm ပြီးဆုံးခြင်းကို သက်ရောက်စေတာ မှန်ပေမဲ့၊ Orgasm ဟာ အထွတ်အထိပ် မဟုတ်ဘူး။ ဆက်ဆံမှု အဆင့်တဆင့်မှာလည်း ကျေနပ်မှု ရစေနိုင်တယ်” လို့ ယူဆပါသတဲ့။ (အော်ဂဇင်) ဟာ သာယာမှုအထွတ်အထိပ်လို့ အလွယ်ပြောတာ သိပ်မမှန်ပါ။ အဓမ္မပြုကျင့်တာ ခံရတဲ့အခါ ရှက်စိတ်နဲ့ရောပြီး၊ “အနည်းအပါး” ဖြစ်သွားတတ်သေးတယ်။

Orgasm ဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ၁၉၉၇ တုံးက British Medical Journal မှာ အသက် ၄၅-၅၉ ရှိသူ ယောက်ျား ၉၁၈ ဦးကို ၁ဝ နှစ်တာ စမ်းသပ်တဲ့အခါ၊ Orgasms နည်းနည်းသာ ဖြစ်ခဲ့သူတွေက ပိုပြီး အသက်တိုတယ်။ လိင်ဆက်ဆံမှု ရှိခဲ့သူတွေမှာ နှလုံးရောဂါဖြစ်တာလည်း ထက်ဝက် နည်းတယ်လို့ ရေးခဲ့တယ်။ (ကလိုရီ) အများကြီး သုံးပြစ်လို့ အလေးချိန် ကျစေနိုင်တယ်။

အမျိုးသမီးမှာ Orgasm ရရင် ကလေးရနိုင်လမ်း ပိုများစေတယ်လို့ ဆိုတယ်။ အဲဒီချိန်မှာ သူ့မွေးလမ်းက ပိုတိုသွားတဲ့ပြင် စုပ်အား ဖြစ်လာလို့တဲ့။ ဒါကို မှန်းပြောကြတာတော့ မဟုတ်ဘူး။ ၁၉၉၄ တုံးက (ဗော်လန်တီယာ) အမျိုးသမီးတွေကို လိင်ဆက်ဆံနေတုံး (ဗဂျိုင်းနား) ထဲမှာ Fiber optic cameras ထည့်ထားပြီး လေ့လာတာပါ။

ဒီအဆင့် ရောက်တော့မယ် ဆိုတာကို သူမကိုယ်တိုင် သိတယ်။ Sex flush မျက်နှာနီမြန်းလာမယ်။ Clitoris သန်မာလာပြီး၊ အတွင်းကို ငုံ့လာတယ်။ Vagina ပိုစိုစွပ်လာပြီး၊ နုတ်ခမ်းကြွက်သားငယ်က အရောင်ရင့် လာမယ်။ အဝပိုင်းက ကြုံ့-ကြပ်လာပြီး၊ ကျန်အပိုင်းက ပိုရှည်၊ ပိုကျယ်၊ ပိုဖေါင်းကြွလာတယ်။ ရင်သားထိပ် တင်းတောင့်လာတယ်။ သားအိမ်၊ မွေးလမ်း၊ စအို၊ တင်ပါးဆုံထဲက ကြွက်သားတွေ “အလိုအလျောက်” စည်းချက်ကျကျ ကြုံ့လာတယ်။ နှလုံးခုန်နှုံး မြန်လာတယ်။ အသက်ရှူတာ မြန်လာ-ပြင်းလာတယ်။ ဒါ့ပြင် သားအိမ်ကပါ ၃-၁၅ ခါလောက် ကြုံ့လာတယ်။ ကလေးဖွါးချိန် ထွက်တဲ့ Oxytocin ဟော်မုန်း ထွက်လာတယ်။ သာယာမှု အထွတ်အထိပ်ကို ခံစားရတယ်။ Euphoric sensation “ပီတိလွှမ်းဖြာ ခံစားမှုပါ” လို့ ပြောနိုင်တယ်။

ယောက်ျားတွေလို ပန်းထွက်တာမျိုး အမျိုးသမီးကလည်း အဆုံးသတ်မှာ Ejaculation ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ ဆီးသွားပြွန်ဘေးက Ducts ငယ်လေးတွေကနေ ဆီးသွားသလို အရည်ထွက်လာတဲ့။ ငြင်းနေကြဆဲပါ။

Orgasm ကိုတော့ လူတိုင်းလိုလိုက သိကြတယ်။ Anorgasmia, Ejaculatory Anhedonia, Inorgasmia ဆိုတဲ့ ဆေးဝေါဟာရတွေကိုတော့ ဆရာဝန်တချို့တောင်မှ သိပ် သတိမထားမိတတ်ကြပါ။ Orgasm မဖြစ်တာကို ခေါ်တာပါ။

အမျိုးသမီး ပြီးစီးအောင် ဘယ်လို ကြံဆောင်မလဲ။ Clitoris က အရေးပါလာတယ်။ (ကလိုက်တောရစ်) ဟာ အမျိုးသား လိင်အင်္ဂါနဲ့ ခန္ဓာဗေဒအရ တသဘောတည်း ဖြစ်တယ်။ သူ့အရေးပါမှုကို အများက လက်ခံကြတယ်။ Freud's theory အရ Clitoral orgasm (ကလိုက်တောရစ်) ကျေနပ်မှု နဲ့ Vaginal orgasm (ဗဂျိုင်းနား) ကျေနပ်မှု ဆိုပြီး၊ နှစ်မျိုး ခွဲထားတယ်။ ပဌမ အမျိုးအစားဟာ အပျိုဖြစ်ချိန်မှာ ဖြစ်တာနဲ့ နောက်တမျိုးက အရွယ်ရောက်ပြီးသူတွေနဲ့ ဆိုင်တယ်။ အပျိုစစ်စစ် ဖြစ်အုံးတော့ Clitoris ကို နိုးဆွရင် (အော်ဂဇင်) ရစေနိုင်တာဖြစ်ပြီး၊ နောက် တမျိုးမှာတော့ (ဗဂျိုင်းနား) ကို အသုံးချမှ ရတာဖြစ်တယ်။

ဒီ (သီအိုရီ) အရဆိုရင် အရွယ်ရှိသူတွေမှာ Clitoris ရဲ့ အရေးပါမှုကို ဘေးချိတ်ထားသလို ပြောရာ ကျနေတယ်။ Clitoris မှာ ခံစားနိုင်တဲ့ အာရုံကြောတွေ အများကြီးရှိတာမို့ ကလိရင်-ထိရင် လိင်စိတ် ကြွစေတယ်။ ဆက်ဆံနေချိန်မှာ နေရာကို ကျားအင်္ဂါနဲ့ ထိစေရင် အဲဒီအကျိုးကို ရစေတယ်။ ကျားအင်္ဂါနဲ့သာ မဟုတ်ပါ။ ကိုယ်တိုင်ဖြစ်ဖြစ် ကရိယာနဲ့ ဖြစ်ဖြစ် ထိစေရင်လည်း ဖြစ်ပါတယ်။ ခံစားကြပုံချင်း တဦးနဲ့တဦး မတူဘူး။ တချို့က ထိပ်နေရာကို ဘယ်လောက် ထိ-ကိုင်-ပွတ်သပ်ပါစေ ခံနိုင်ပေမဲ့၊ တချို့ကြ သိပ် Sensative ဖြစ်တာမို့ အသာအယာ မဟုတ်ရင် နာတာဖြစ်စေတယ်။ မြင်နိုင်တဲ့နေရာ သာမကပါ၊ အထဲမှာ အင်္ဂါအဝ ဘေးတဖက်ဆီ ဆက်ဆင်းသွားတဲ့ မြင်းခွါပုံလို (တစ်ရှူး) ရှိသေးတယ်။ ဒီအစိတ်အပိုင်းကိုပါ ထိမိရင် ခံစားမှုပိုစေတယ်။ နာတာလည်း မရှိဘူး။

နောက်ထပ် အရေးပါတာ လာပြန်ပါသေးတယ်။ G-spot ဆိုတဲ့နေရာကို Dr. Ernst Grafenberg ကနေ စပြောခဲ့တာမို့ သူ့နာမည်ကို ဂုဏ်ပြုထားတာပါ။ လူပြောများတယ်။ တကယ် ရှိတယ်-မရှိဘူး၊ ရှိရင်လည်း ဘယ်မှာရှိလဲ၊ ငြင်းနေကြတုံးဘဲ။ (ဗဂျိုင်းနား) နံရံရဲ့ ရှေ့-အပေါ်ပိုင်း၊ ဆီးစပ်ရိုး အောက်-နောက်နားမှာလို့ ပြောတယ်။ နေရာကို နှစ်ခွ ရေးရတာကတော့ ခန္ဓာဗေဒကို စာသင်သလို ပြောရရင် လူတယောက်ကို “မတ်တပ်ရပ်၊ ရှေ့တည့်တည့်ကြည့်၊ လက်ကို ဆန့်တန်း၊ လက်ဝါးကို ဖြန့်ပြီး ရှေ့ကို မျက်နှာမူတဲ့ အနေအထား” ပေါ် မူတည်ပြီး၊ တခုနဲ့တခုကို နှိုင်းပြောရတယ်။ ဆိုလိုတာက လက်မြှောက်ထားပေမဲ့ တံတောင်ဆစ်ဟာ လက်ကောက်ဝတ်ရဲ့ အထက်မှာ။ အိပ်နေနေ၊ မနေနေ အမျိုးသမီး ဆီးသွားလမ်းဟာ (ဗဂျိုင်းနား)ရဲ့ ရှေ့မှာ ရှိတယ်လို့ ပြောရတယ်။

ရင်သား၊ တင်ပါး နဲ့ စအိုတို့ကလည်း လိင်စိတ်ကြွစေတဲ့အပြင် (အော်ဂဇင်) အထိ အထောက်အကူပြုတယ်။ တချို့မှာ Sexual dreams အိပ်မက်ကြောင့်လည်း ရစေနိုင်တယ်။

စကားပုံတခုရှိတယ်။ “ယောက်ျားသည် မီး၊ မိန်းမသည် ရေ” တဲ့။ မီးကနေ ရေကို ပွက်ဆူစေရပါသတဲ့။ ဒီသဘောအတိုင်း Orgasm ရအောင် ယောက်ျားကနေ စွမ်းဆောင်ပေးဘို့ လိုတယ်။ အမျိုးသမီးတွေက စိတ်ဖြစ်ပေါ်လာဘို့ အချိန် ပိုယူတယ်။ သူတို့အများစုက Foreplay ကြိုတင်နိုးဆွမှု လုပ်တာကို အမျိုးသားတွေထက် ပိုသဘောကျတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ ဆေးပညာ မတတ်လည်း နားလည်ကြတာမို့ မရေးတော့ပါ။ ရေးချင်တာက “မလောပါနဲ့။ အတင်း မဖြစ်မနေ Orgasm ရအောင် အလုပ်မခိုင်းပါနဲ့။ OG သွားပြခိုင်းတာကို နောက်ဆုံးကြမှ စဉ်းစားပါ။”

စိတ်တူသဘောတူ ယောက်ျား Orgasm ရတာကို အမျိုးသမီးက သိပ်တန်ဘိုးထားတယ်။ သူ့မအတွက်ပါ ကျေနပ်မှု ဖြစ်စေတယ်။ အမျိုးသမီးတွေက တခါ Orgasm ရပြီး၊ ဆက်တိုက်ဆိုသလို စိတ်ဖြစ်ပေါ်မှု ပြန်ရလာတယ်။ ယောက်ျားများ ကတော့ တခါပြီးတဲ့နောက် အချိန် ကန့်လန့်ကာ ချလိုက်ရသေးတယ်။ အမျိုးသမီးတွေက “တဆက်တည်း” တခါမက ရနိုင်တယ်။ Multiple orgasms ရှိတာ သေခြာတယ်။ နောက်တခါ ထပ်ရတာက ပိုတောင် ပြင်းထံသေးတယ်။ နောက်ပြန်ရဘို့က အရင်တခါလောက် အချိန်မယူဘူး။ ဆိုင်ရာနေရာ-အင်္ဂါတွေက ပိုပြီး Sensitive ဖြစ်လာလို့ပါ။ သူတို့မှာ (အော်ဂဇင်) ကို ခံစားရချိန်ကလည်း အမျိုးသားထက် အချိန်ပိုကြာတယ်။ “ယောက်ျားထက်အရင် မိန်းမက Orgasm ရတာမျိုးက (ပါဖက်) ဖြစ်တယ်လို့ ဆိုနိုင်တယ်။”

Orgasm ရစေချင်ရင် အမျိုးသမီးအနေနဲ့ စိတ်ပိုင်းအခြေအနေ လုံခြုံမှုရှိနေစေသင့်တယ်။ အဖေါ်မှာ STD ရှိသလား။ သူများတွေ မြင်မှာလေလား။ Orgasm ဆိုတာက ဘယ်လိုက ဘယ်လို ဆိုတာကိုပါ သိသင့်တယ်။ အမျိုးသမီးကို သူ့ဖါသူ (မာစတာဘေးရှင်း) အလုပ်ခိုင်းဘို့လည်း အကြံပေးကြတယ်။ Fantasies အဆန်းတွေလည်း တချို့က သဘောကျတယ်။ သူများကြိုက်တာက ကိုယ့်အတွက် ကောင်းချင်မှ ကောင်းတာကို သတိပြုပါ။ အနေအထား ရွေးတတ်ပါ။ “သူမကို ဦးဆောင်စေတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။”

ယောက်ျားတွေက Orgasm control လုပ်နိုင်တာ၊ အမျိုးသမီးတွေက Orgasm များများရတာမျိုးက အတွေ့အကြုံနဲ့ အသိတရားပေါ်မှာ မူတည်တယ်။ အိမ်ထောင်ကျခါစ မဖြစ်သေးတာ လူလိုကိုယ်လိုပါ။ မိန်းကလေးတွေဟာ ငယ်ရင် ဖြစ်သွားခဲ့တာကို သိချင်မှ သိအုံးမယ်။ သူ့အဆင့်နဲ့သူ တိုးတက်လာမှာပါ။ ဖြစ်စေ-ကောင်းစေ လုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိတော့ရှိတယ်။ အများအားဖြင့် တရားမဝင်ဆေးတွေမို့ မရေးတော့ပါ။ နာမည်ကြီး Viagra နဲ့ အလားတူ Vigora ဆေးတွေဟာ ပန်းညှိုးရောဂါအတွက် ဖြစ်ပါတယ်။ ဒီဆေးက ကျားအင်္ဂါမှာ သွေးပိုစီးလျှောက်စေတယ်။ စိတ်ဖြစ်ပေါ်မှုကို အားပေးတာ မဟုတ်ဘူး။ ပန်းညှိုးတာ မဟုတ်လည်း သုံးရင် အချိန်ကြာကြာ တောင့်တင်းနေစေတယ်။ ဒါ့ကြောင့် အမျိုးသမီးကို Orgasm ရအောင် ကူညီဘို့ အချိန်ပိုရစေနိုင်တယ်။ တကြိမ်မှာ ၅ဝ မီလီဂရမ်ဆို လုံလောက်တယ်။

ဒီအချိန်မျိုးတွေမှာ အမျိုးသမီးကနေ Cry and Moan အသံထွက်တာ၊ အော်တာ၊ ငိုမလိုဖြစ်တာမျိုးက တယောက်နဲ့ တယောက် မတူဘူး။ အသံလုံးဝ မထွက်သလောက်နဲ့ ကျယ်လောင်တာအထိ ကွာခြားတယ်။ တယောက်တည်း တောင်မှ တချိန်နဲ့ တချိန်၊ တရွယ်နဲ့ တရွယ် မတူဘူး။ ဒါရိုက်တာကနေ မင်းသားကို ပြောချင်တယ် “သူများလို မဟုတ်လို့ ကိုယ့်မင်းသမီးကို အထင်မသေးသင့်ဘူး။”

(ရှိတ်စပီးယား) ရဲ့ (လိုင်း) တွေရှိတယ်။ "I will live in thy heart, die in thy lap, and be buried in thy eyes" "I will die bravely, like a smug bridegroom" “သူမရဲ့ ပေါင်ကြားမှာဘဲ သေသွားပါစေ။” “ငါဟာ သွေးနားထင်ရောက်နေတဲ့ သတို့သားလို သတ္တိရှိရှိ သေသွားမယ်။” တဲ့။

Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html

Dr. တင့်ဆွေ
၂-၆-၂ဝ၁ဝ

Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း

Thu, Nov 3, 2011 at 12:07 PM
- အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို ဘယ်လိုသိနိုင်ပါသလဲ။ ဆက်ဆံပြီး အချိန်ဘယ်လောက်ကြာမှ သိနိုင်ပါသလဲ။
- ရှိပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်ပါသလဲရှင်။
- နောက်ပြီး အမျိုးသားတွေက သုက်လွတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါလား။
- အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုက်မလွတ်ရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။
- နောက်ပြီး မေးချင်တာရှိရင် နောက်ထပ်ဆရာဆီကို မေးပို့ပြီးမေးလို့ ရပါသလားရှင်။ - Become Pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
- ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducation.blogspot.com/2010/03/anc-antenatal-care.html
- ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်း မေးနိုင်ပါတယ်။

အမျိုးသားတွေက သုက်လွတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါတယ်။ သုက်လွှတ်ချိန်ဟာ အထွတ်အထိပ် ဖြစ်နေချိန်ဖြစ်တယ်။ ဆေးစာ (အင်္ဂလိပ်စာ) နဲ့ Orgasm လို့ရော Climax လို့ပါ ခေါ်တယ်။ သုက်လွှတ်ခြင်းကိုတော့ Ejaculation လို့ ခေါ်တယ်။ အဲဒီ ဖြစ်စဉ်ပြီးတာနဲ့ အမျိုးသားဟာ ယာယီသဘောပြောပြော ဒီတခါဘဲပြောပြော လိင်ကိစ္စ ပြီးဆုံးသွားတဲ့သဘော ဖြစ်တယ်။ စိတ်ရော ရုပ်ပါ၊ တခန်းရပ်သွားတယ်။ နောက်တကြိမ် ပြန်ဖြစ်ဘို့ အချိန် ယူရသေးတယ်။ မိနစ်ပိုင်းသာ ကြာတာလဲ ဖြစ်ပါတယ်။ တခါတလေ တနေ့တွက်တာ တခါနဲ့ ပြီးသွားတယ်။ တခါတလေ ဘယ်တော့ ပြန်ဖြစ်မယ် မပြောနိုင်ဘူး။
အဲဒီ Ejaculation အဆင့် မဖြစ်ဘဲနဲ့ လိင်ကိစ္စကို ဒီတကြိမ်အတွက် အဆုံးမသတ်ဘူး။ အဆုံးမသတ်ချင်ဘူး။ ယောက်ျားမှာ အဲလို ဆက်ဆံမှုပြုတိုင်း ကျေနပ်မှု ရသွားတာမျိုးဟာ မိန်းမတွေက ဆက်ဆံမှု အကြိမ်တိုင်းမှာ အဲလိုဖြစ်ချင်မှ ဖြစ်တယ်။ ယောက်ျားမှာ Orgasm မဖြစ်ဘူးဆိုတာ မရှိသလောက်ပါ။ အကြောင်းတခုခုကြောင့်သာ အဲဒီအဆင့်အထိ မရောက်ဘဲ ရပ်နားလိုက်ရတာတော့ ရှိနိုင်တာပေါ့။

အဲလို Ejaculation သုက်လွှတ်ချိန်မှာ ယောက်ျားမှာ ထူးခြားမှုတွေ အများကြီးရှိသေးတယ်။ စိတ်ကျနပ်မှု ရစေမယ်။ သာသာမှု အထွတ်အထိပ်ကို ခံစားရမှုရမယ်။ ကျားအင်္ဂါထိပ်ဝ (ဆီးထွက်ပေါက်) က Sperm သုက် ခေါ်တဲ့ အရည် ထွက်မယ်။ သုက်ထွက်တာက ပန်းထွက်တာမျိုး။ Rhythmic contractions စည်းချက်ကျကျ ပန်းထုတ်တာမျိုးဖြစ်တယ်။ Spinal reflex ခါးရိုးထဲက အာရုံကြော တုံ့ပြန်မှုကနေ အဲလို ဖြစ်စေတယ်။ တိတိကျကျပြောရရင် နံပါတ် S2-4 တင်ပါးဆုံ အကြော နံပါတ် ၂ နဲ့ ၄၊ Pudendal nerve (ပြူဒင်တယ်) အာရုံကြောကနေ ဖြစ်စေတယ်။ စုစုပေါင်း စက္ကန့်တွေ အများကြီး အချိန်ကြာတယ်။ ပန်းထုတ်တဲ့ အကြိမ်ရေ မတူတတ်ဘူး။ ၁ဝ-၁၅ ကြိမ် ဖြစ်တာ များတယ်။ ပဌမဦးဆုံးတကြိမ် ညှစ်ထုတ်မှု First contraction ဖြစ်တာနဲ့ နောက်ဆက်မဖြစ်အောင် ထိန်းလို့ လုံးဝ မရတော့ပါ။ ပန်းထုတ်တဲ့အား သန်ရာကနေ တဖြေးဖြေး ပျော့လာလိမ့်မယ်။ အစမှာ Contraction ဟာ ဝ့၆ စက္ကန့်ကနေ နောက်ပိုင်း ဝ့၁ စက္ကန့်သာ ကြာတယ်။ ဆီးထွက်ပေါက်ကနေ ဘယ်လောက်အထိ ပြေးအောင်သွားနိုင်သလဲဆိုတာ စိတ်ဝင်စားသူတွေရှိလို့ လေ့လာမှုတွေပြုပေမဲ့ ကျန်းမာရေးအတွက် အသုံးမကျပါ။ မ-အင်္ဂါထဲမှာ ကိုယ်ဝန်ရစေဘို့ရော၊ သာယာမှုအတွက်ပါ အဝေးကြီးရောက်စေဘို့ မလိုဘူး။

Ejaculation သုက်လွှတ်တာဟာ Stimulation ဆိုတဲ့ နှိုးဆွမှုတွေ ပြည့်စုံ-ကျေနပ်ရင်ရတယ်။ အဖေါ်မိန်းကလေး မပါဘဲ သူတယောက်ထဲလဲ (မာစတာဘေးရှင်း) လုပ်ပြီး ဖြစ်နိုင်တယ်။ မိန်းကလေးတွေလဲ တယောက်ထဲနဲ့ အဲလို လုပ်လို့ရတယ်။ Sympathetic nervous system (ဆင်ပသပ်တစ်) အာရုံကြော စနစ်ကနေ လုပ်ပေးတာ ဖြစ်တယ်။ ဖြစ်စဉ် အစပိုင်းမှာ သူ့ရဲ့ Urethra (ယူရစ်သရာ) ဆီးပြွန်မှာ Pulses ခုန်လာတာမျိုး သိလာမယ်။ ခုန်တယ်ဆိုတာ ဆရာဝန်တွေက လူနာရဲ့ လက်ကောက်ဝတ်မှာ စမ်းကြတာမျိုး ဖြစ်တယ်။

Ejaculation ဖြစ်နေတုံး သုက်ထွက်လာမှာက ပဌမ ၁-၂ ကြိမ် ညှစ်တာမှာ ဖြစ်တယ်။ ဒုတိယ ညှစ်တဲ့အချိန်ထွက်တာ အများဆုံး၊ သုက်စုစုပေါင်းရဲ့ ၄ဝ% ထွက်တယ်။ ထွက်တာရပ်ပြီးလဲ ညှစ်အားဆက်ရှိနေသေးတယ်။ ပန်းထုတ်တာက ၅-၁ဝ ကြိမ် ဖြစ်တယ်။ နောက်သုတေသန တခုက ၅-၂၃ ကြိမ်အထိရှိတာ သိရတယ်။ အကြိမ်များတိုင်း အရည်များတာတော့ မဟုတ်ဘူး။ ခံစားမှုတော့ ပိုစေမယ်။

Orgasm ဖြစ်တာမှာ တကိုယ်လုံးမယ် ထူးခြားမှုတွေရှိလို့ ဒီဖြစ်စဉ်တွေကို ယောက်ျားဟာ မသိမရှိ သိပါတယ်။ အဖေါ် မိန်ကလေး ကိုယ်တိုင်ပါ ယောက်ျား အဲလိုဖြစ်နေတာကို ခံစားပြီး သိစေနိုင်တယ်။ တချို့က အဲလိုပြီးစီးတာကို သိပ်သဘောကျတယ်။ ကိုယ်ဝန်တားနည်း တခုဖြစ်တဲ့ Withdrawal method သုက်ရည် အပြင်ထုတ်ပြစ်ခြင်း လုပ်တာက တချို့ မိန်းကလေးတွေအတွက် သာယာမှု နည်းစေတတ်တယ်။ ဘယ်အရာမဆို ချင့်ချိန်ရတာမို့ ကိုယ်ဝန်တားချင်တာအတွက် သာယာမှုကို လျှော့သင့်ရင် လျှော့ရမှာပေါ့။

မိန်းကလေး Orgasm ဖြစ်တာကို သိစေနိုင်တာတော့ နည်းတတ်တယ်။ တချို့မှာတော့ သိပ်ကိုသိသာတယ်။ လိင်ဆက်ဆံချိန်မှာ အသံထွက်တာ၊ မျက်နှာ အမူအယာ စတာတွေက တယောက်နဲ့ တယောက် တော်တော် မတူတတ်ဘူး။ ပြီးချိန်မှာလဲ အဲလိုဘဲ။ ပြီးသွားစေတယ် ဆိုတာက ဂုဏ်ယူစရာ၊ အားတက်စရာမျိုးဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီး တချို့က Fake orgasm အယောင်ဆောင် ပြီးတယ်လို့ လုပ်တတ်ကြသေးတယ်။

"အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုတ်မလွတ်ရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။"

တည့်တည့် ဖြေရရင် ယောက်ျားက မိန်းမရဲ့ (ဗဂျိုင်းနား) ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရစေပါ။ Orgasm ဖြစ်မှ သုက်ထွက်တယ်။ သုက်ထဲမှာသာ သုက်ပိုးပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ သုက်ပိုးတွေက မ-မျိုးဥနဲ့တွေ့ဆုံ-ပေါင်းစပ်မှသာ သန္ဓေဖြစ်စေတယ်။ ယောက်ျားမှာ ကနဦး စိုစွမ်မှုဖြစ်တဲ့ Semen အရည်ထဲမှာ သုက်ပိုး မပါပါ။ သုက်ရည် ဆိုတာထဲမှာက Sperm (စပမ်း) သုက်ပိုး နဲ့ Seminal fluid (ဆီမီနယ်) အရည် ရောနေတယ်။ သုက်ရည် ၁ စီစီထဲမှာ သုက်ပိုး ကောင်ရေ သန်း ၂ဝ ပါတယ်။

Ejaculation သုက်လွှတ်တယ်လို့ဘဲ ခေါ်တဲ့ ဖြစ်စဉ်မှာ တချို့ယောက်ျားတွေက သုက်ပိုးမပါဘူး။ Anejaculation သုက်မထွက်နိုင်ခြင်းထဲမှာလဲ ၂ မျိုးရှိတယ်။ (၁) Total anejaculation လုံးဝ သုက်မလွှတ်နိုင်ခြင်း၊ ဘယ်အခါမျိုးမှာမ သုက်က ထွက်မလာသူမျိုး။ ဒါပေမဲ့ အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဘယ်လိုလုပ်လုပ် သုက်မထုတ်နိုင်ပေမဲ့ အိပ်ပျော်နေတုံး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ စိတ်ကြောင့်ပါ။ (၂) Orgasmic anejaculation စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပေမဲ့ သုက်က မပါဘူး။ ထွက်မှန်းမသိ၊ ဒါမှမဟုတ် အနည်းအပါး လောက်သာ ထွက်မယ်။ သုက်ထွက်ပြွန်မှာ ပိတ်နေတာ၊ အာရုံကြော မကောင်းတာ နဲ့ Retrograde ejaculation သုက်ပြောင်းပြန် ထွက်တာတွေကြောင့် ဖြစ်နိုင်တယ်။ ကလေးမရစေတဲ့ အကြောင်းတွေထဲက တခုဖြစ်တယ်။

- Anejaculation သုက်မထွက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/anejaculation.html
- Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html
Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-viability-and-motility.html
- Methods of semen colleaction သုက်ရည် ထုတ်ယူနည်း
- Semen Analysis သုက်ရည်ရဲ့ အရည်အသွေး
- Male orgasm ယောက်ျား ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/male-orgasm.html တွေကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၃-၁၁-၂ဝ၁၁

Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ

မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်း သိကြပြီးဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက်စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။

ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။

Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
1. GHB (Gamma Hydroxybutyric Acid)
2. Rohypnol (Flunitrazepam)
3. Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင် အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း Drug-facilitated sexual assault ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြား ရာဇဝတ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်
GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။

Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။

Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။ ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ ဆေးသည် လျှင်မြန်စွာ အာနိသင် ပြနိုင်သည်။ ဆေးအာနိသင် မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့် အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ
အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း။ အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်သကဲ့သို့ဖြစ်ခြင်း၊ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း။. တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ သတိမေ့မြောခြင်း။ ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း၊ Coma သေဆုံးခြင်း။

Ketamine ၏ အာနိသင်များ
စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း၊ မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း။ လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်း၊ အူတက်အောင် ရယ်ခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ် ထိခိုက်ခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ ထုံထိုင်းခြင်း၊ လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမူအရာ ကြမ်းတမ်းလာခြင်း၊ စကားသံ ဗလုံးဗထွေးဖြစ်ခြင်း၊

ဒီဆေးတွေ တရားဝင်သလား၊ ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေး ဝန်ဆောင်မှု ပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol ၏ အာနိသင်များ
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများအား လျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇဝါဖြစ်ခြင်း အမြင်ဝေဝါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ ဆေးခတ်ထားနိုင်ပါတယ်။

ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီ မရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အဝတ်အစားလဲခြင်း မပြုလုပ်ပါနှင့်။

ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။ သင် အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။

သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အဝအား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါးအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း အန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ
• ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။
• အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
• ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။
• အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။
• Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို http://www.csus.edu/alcohol/predatory_drugs.html မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။)
Source = Myanmar Online News http://www.facebook.com/pages/Myanmar-Online-News/459386844101959
Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://dts-medicaleducation-adult.blogspot.in/2012/03/date-rape.html

Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး

Fri, Feb 22, 2013 at 5:03 PM
အစားအသောက်စားရင် သက်သတ်လွတ် အသီးအနှံချည်းပဲစားတာ လူအတွက်ကောင်းပါသလားဆရာ။ အဲ့လိုစားရင် အာဟာရဓါတ်တွေဘာတွေများ ချို့ယွင်းနိုင်ပါသလားဆရာ။

ဆရာဝန်တွေကတော့ သက်သတ်လွတ်စားပါလို့ မတိုက်တွန်းပါ။ အာဟာရအကြောင်းရေးထားတာကို ပို့လိုက်တယ်။ လူတွေဘယ်ဓါတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာတွေတွေ့မှာပါ။ ဒီဓါတ်တွေ ဘယ်ကနေရရ ပြည့်ဝ မျှတဘို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သိထားဘို့က လူတွေဟာ အစုံစားသက်ရှိဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကိုယ်ဟာ အစုံလိုတယ်။ အသားထဲကသာရတာတိုင်းကိုတော့ အသားမစားသူတွေ မရနိုင်ပါ။ အားဆေးဆိုတိုင်းလဲ အစားအစာလောက်မပြည့်စုံပါ၊ မကောင်းလှပါ။

သက်သတ်လွတ် စားတာမှာ ကျန်းမာရေးဒေါင့်ကကြည့်ရင် အကျိုးတွေရော စိုးရိမ်စရာတွေပါရှိတယ်။ သုတေသန အဖြေတွေအရ အဝလွန်သူနည်းတယ်၊ နှလုံး-သွေးကြောရောဂါ နည်းတယ်။ သွေးတိုးကြောင့် သေဆုံးရတာ နည်းတယ်လို့ သိရတယ်။ (ကယ်လိုရီ) အဆီကနေရတာ နည်းတယ်။ (ဖိုက်ဘာ) ပိုရမယ်။ ပိုတက်ဆီယမ် နဲ့ ဗီတာမင် (စီ)။ (အီး) တွေရမယ်။ ကျယ်ပြန့်တဲ့ လေ့လာမှုတခုအရ နှလုံးသွေးကြောကျဉ်းလို့ သေဆုံးရသူ ယောက်ျား ၃ဝ% နဲ့ မိန်းမ ၂ဝ% ပိုနည်းတယ်။ ဒါဟာ Saturated fat, Cholesterol and Animal protein တွေနည်းလို့ဖြစ်တယ်။

အားနည်းမှာတွေကတော့ -
• Fatty acids ဖက်တီး-အက်စစ် Omega 3 (အိုမီဂါ-၃) ကို Olive oil, soy, walnuts, pumpkin seeds, canola oil, kiwifruit, hempseed, algae, chia seed, flaxseed, echium seed, lettuce, spinach, cabbage နဲ့ purslane တွေကရမယ်။ ပဲပုတ်စားပါ။ အစေ့အဆံစားပါ။
• Protein intake (ပရိုတင်း) နည်းနည်းလေး နည်းတယ်။ အားကစားသမားတွေဆိုရင် သိပ်မဆင်မပြေဘူး။ စုံအောင်စားသူဆိုရင်တော့ နည်းတာ မတွေ့ဘူးလို့ နိုင်ငံစုံက လေ့လာမှုတွေက ဆိုတယ်။
• Iron သံဓါတ်ပါဝင်မှုမှာ အလေးချိန်အရ အတူတူပဲပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးချဘို့ အစွမ်းမှာတော့ နည်းတဲ့အမျိုးအစားဖြစ်နေတယ်။ black beans, cashews, hempseed, kidney beans, broccoli, lentils, oatmeal, raisins, spinach, cabbage, lettuce, black-eyed peas, soybeans, many breakfast cereals, sunflower seeds, chickpeas, tomato juice, tempeh, molasses, thyme နဲ့ whole-wheat bread တွေမှာ သံဓါတ်ပါတယ်။ ပဲအမျိုးမျိုးစားပါ။
• Vitamin B12 ဗီတာမင် ဘီ (၁၂) ဆိုတာ အသီးအနှံကရတာ မဟုတ်ပါ။ ဘီ ၁၂ ကို ကိုယ်ကလိုတာ နည်းနည်းလေးပေမဲ့ ချို့တဲ့ရင် ဆိုးတာတွေဖြစ်စေနိုင်တယ်။ အာရုံကြောအားနည်းစေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းရင် အထဲကကလေးကိုထိခိုက်မယ်။ ဝ-၆ လ ကလေး = 0.4 mcg (မိုက်ခရိုဂရမ်)၊ ၉-၁၃ ကလေး = 1.8 mcg (မိုက်ခရိုဂရမ်)၊ ၁၄ နှစ်သား = 2.4 mcg(မိုက်ခရိုဂရမ်)၊ နို့တိုက်မိခင် = 2.8 mcg (မိုက်ခရိုဂရမ်)။
• Calcium intake ကယ်လ်စီယမ်ကို အသားစာသူတွေနဲ့ အတူရနိုင်ပါတယ်။ တချို့မှာတော့ ကိုယ်ထဲဓါတ်ပြုမှု အားနည်းတာတွေ့ရတယ်။ နွားနို့ပါသောက်သူတွေဆိုရင် ကောင်းမယ်။ broccoli, beans, peas, lentils, cabbage, lettuce, collard greens, bok choy, kale, turnip greens, Spinach, swiss chard နဲ့ beet greens တွေမှာ ကယ်လ်စီယမ် ပါတယ်။ စိမ်းတဲ့အသီးအရွက် အမယ်စုံအောင်စားပါ။

- Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
- Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
- Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
- Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
- Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.com/2011/01/iodine.html
- Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html
- Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
- Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
- High Calorie Food (ကယ်လိုရီ) များတဲ့ အစားအစာများ http://dts-medicaleducation.blogspot.com/2010/07/high-calorie-food.html

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၃

မသေနိုင်သည့် ပုံတူမျိုးပွား ကြွက်ဗီဇမျိုးစိတ်အား တီထွင်နိုင်

Written by ဇင်မင်း

ဂျပန်နိုင်ငံမှသုတေသနပညာရှင်များသည် ပုံတူမျိုးပွား ကြွက်ဗီဇမျိုးစိတ်သစ်များကို အဆင်မပြတ် တီထွင်ဖန်တီးလျက်ရှိကြရာ၊ ယခင်ဒေါ်လီဟုခေါ်သည့် သိုးပုံတူမျိုးပွားဗီဇမွေးမြူသည့် စနစ်အတိုင်း ကြွက် တစ်ကောင်မှ ပုံတူမျိုးပွား ကြွက် ၅၈၁ ကောင်ကို ထုတ်ယူနိုင်ခဲ့ကြောင်း မတ်လ ၇ ရက်နေ့ထုတ် Cell Stem Cell ဂျာနယ်တွင် ဖော်ပြထားသည်။ စတင်မျိုးပွားခံ ကြွက်အား အကြိမ်ပေါင်း ၂၅ ကြိမ် မျိုးဗီဇပွားခြင်းမှ ယခုလို အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖော်ထုတ်သည့်နည်းစနစ်သည် တိရစ္ဆာန်မျိုးစိတ်များကို အရည်အသွေးမီစွာ ထုတ်လုပ်နိုင်မည့် နည်းစနစ် ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၊ RIKEN ဇီဝဖွံ့ဖြိုးရေးသုတေသနအဖွဲ့ဌာန အဖွဲ့ခေါင်းဆောင် တီရူဟီကို ဝါကာယာမ ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် ဒေါ်လီဟုခေါ်သော သိုးမျိုးစိတ်ဗီဇပြုပြင်မှုအတိုင်း ဆင့်ကဲစမ်းသပ် တီထွင်ခဲ့သော်လည်း နည်းပညာအဟောင်းဖြင့် ပြန်လည်ပြီးမျိုးစိတ်များကို ပွားများရသည်မှာ အခက်အခဲရှိခဲ့ ကြောင်း၊ ယခုနည်းစနစ်သစ်က အင်ဇိုင်းကွန်ပေါင်းတစ်မျိုးဖြင့် ကလုန်းဆဲလ်များကို ပေါင်းစပ်နိုင်ခြင်းကြောင့် ဤမျှအတိုင်းအတာအထိ မျိုးစိတ်များကို ပွားများနိုင်ခဲ့ကြောင်း ပါမောက္ခ တီရူဟီကိုကပြောကြားခဲ့သည်။
အဖွဲ့အနေဖြင့် ကြွက် မျိုးဆက် ၂၅ ဆက်တိုင်တိုင် ပုံတူမျိုးပွား အောင်မြင်ခဲ့သည်။ ကြွက်တစ်ကောင်မှသည် ၂၅ ကောင်၊ ထို ၂၅ ကောင်မှသည် ဆင့်ကဲမျိုးပွားခြင်းဖြင့် ကောင်ရေ ၅၈၁ ကောင်ကို ထပ်မံမျိုးပွားနိုင်ခဲ့ခြင်းဖြစ် သည်။ ယခုအချိန်အထိ ဤမျှအတိုင်းအတာအထိ မျိုးစိတ်များပို မပွားနိုင်သေးသောကြောင့် ထူးခြားသည့် တွေ့ရှိချက်ဖြစ်ကြောင်း ဟားဗတ်ဆေးတက္ကသိုလ်မှ ဗီဇမျိုးစိတ်ပညာရှင် ဂျော့ ချပ်ကပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ပါမောက္ခ တီရူဟီကိုနှင့် အဖွဲ့သည် ကြွက်တစ်ကောင်မှ မျိုးဗီဇကိုထုတ်ပြီး ၁၆ နှစ်တိုင်တိုင် အအေးခံ သိမ်းဆည်းထားခဲ့ပြီးမှ စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ အခြားအဖွဲ့များကလည်း နွား၊ ဝက်နှင့် ကြောင်များကို စမ်းသပ်ပြီး မျိုးပွား နိုင်စေရန် ကြံဆောင်ခဲ့သော်လည်း မျိုးဆက် ၃ ဆက်ခန့်အထိသာ အောင်မြင်ခဲ့ကြသည်။ ယခုတွေ့ရှိချက်သည် မသေးဆေးတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ထူးခြားသော တွေ့ရှိမှု ဖြစ်သဖြင့် နောင်အခါ လူမျိုးစိတ်ကိုလည်း အကြိမ်ကြိမ် ဖန်တီးနိုင်ရန် ကြံဆောင်နိုင်လိမ့်မည်ဟု ယူဆရသည်။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

Written by Aung Kham (TSJ team)
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ 
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ 
အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ 
ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ 
Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။ 
--
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace
✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg
➤ LearningScience.org
✤ Link: http://is.gd/te9NqS
➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
For more - http://is.gd/y7Fukg
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/03/blog-post_8.html

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ Casual, One-night stand “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ Love ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။

ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။

Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။

သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။

B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)

လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁ဝ

Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ

Sat, Mar 9, 2013 at 9:34 AM
ယောက်ျားလေးရဲ့ သုတ်ရည်ထဲက သုတ်ပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ အချိန်ဘယ်လောက်ကြာကြာနေနိုင်ပါသလည်း။ တကယ်လို့ သုတ်ပိုးဟာ ခနွာကိုယ်အပြင်ဘက်ရောက်ပြီး အချိန် နည်းနည်းကြာမှ မိန်းမအင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။

• Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာအပ်ါမှာမူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။
• သုက်ရည်ကို အမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်တယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။
• ဒါကြောင့် အမျိုးသမီးတွေဟာ တလမှာ တရက်တည်းမှာသာ မျိုးဥကထွက်ပေမဲ့ မျိုးဥမထွက်ခင် သုက်ပိုးတွေက အရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။
• အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥ ရှင်နေချိန်အတွင်း သုက်ပိုးနဲ့တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့အတူထွက်တဲ့ Semen (စီမင်) အရည်ထဲမှာဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။
• (စီမင်) ကို အေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထားရင် နှစ်နဲ့အထိထားနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိရှင်နိုင်တယ်။ သုတေသန်တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။
• ဘာမှာကွာသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာ မူတည်တယ်။ အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။
• ကိုယ်ဝန်ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကိုလိုက်နာသင့်တယ်။
• တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေတဲ့ အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့ ပါနေနိုင်တယ်။
• ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။
• မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာရှိနေပေမဲ့ မျိုးဥအိမ်ကနေထွက်လာပြီးနောက်မှာ ၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသနအများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။
• ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီအတွင်းမှာ ထွက်နိုင်တယ်။ တရက်ကျော်မှထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိရှင်နိုင်တယ်လို့ ဆိုတာလဲရှိပါတယ်။
• ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။
• အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ အမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ ယောက်ျားသုက်ပိုး ဝင်လာစေတာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၃

ရူးဆိုး၏ပညာရေးဆိုင်ရာအမြင်



Written by တင်ညွန့်
ပညာရေးသဘောတရားများကို ထည့်သွင်းဖော်ပြထားသည့် ရူးဆိုး၏ Émile စာအုပ်သည် လူငယ်တစ်ဦးအနေဖြင့် “သဘာဝ ပညာရေး” အတွက် မည်သို့ကိုယ်ပိုင်ဖွေရှာလေ့လာခဲ့ပုံကို တင်ပြထားသည့်စာအုပ်ဖြစ်သည်။ ရူးဆိုး၏သဘောတရားများကို နိုင်ငံတော်ပညာရေး သို့မဟုတ် ပြည်သူ့ပညာရေးတွင် အသုံးချနိုင်ရန် နောက်ပိုင်းကျမှ ဆွေးနွေးစရာဖြစ်လာခဲ့ကြသည်။ ပြည်သူ့ပညာရေး နှင့်ပတ်သက်ပြီး ရူးဆိုး၏အမြင်များကိုကြည့်လျှင်
“လူသည် အသက်ရှင်စကတည်းက အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လေ့လာသင်ယူရသည်။ မွေးလာသည်နှင့် နိုင်ငံသား အဖြစ် ခံယူခွင့်ရှိသူဖြစ်သဖြင့် နိုင်ငံသားတာဝန်များကို ထမ်းဆောင်ရန် စတင်လေ့ကျင့်ရပေတော့မည်။ အရွယ်ရောက်သူတိုင်း အတွက် သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များ ရှိသကဲ့သို့ အရွယ်မရောက်သေးသည့်ကလေးသူငယ်များအတွက် ပြဋ္ဌာန်းချက်များ လည်း ရှိရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားတတ်စေရန်၊ ကျိုးနွံတတ်စေရန်စတင်သင်ကြားပေးရမည်ဖြစ်သည်” ဟု အစောပိုင်းကတည်းကသူ့စာပေများတွင်တွေ့မြင်ခဲ့ရသည်။
ရူးဆိုး၏ပညာရေးဆိုင်ရာအမြင်တွင် -
ကျွန်ုပ်တို့သည် ချည့်နဲ့စွာဖြင့်မွေးဖွားလာခဲ့ကြသည်။ ကျွန်ုပ်တို့တွင် အင်အားတွေလိုအပ်သည်။ အကူအညီ မဲ့သောကြောင့် အထောက်အပံ့လိုအပ်သည်။ စဉ်းစားဉာဏ်မရှိသောကြောင့် ဆင်ခြင်တုံတရားလိုအပ်သည်။ မွေးဖွားလာစဉ်ကတည်းက မပြည့် စုံခဲ့သောကြောင့် လူသား၏အမွေကိုဆက်ခံနိုင်ရန် လိုအပ်ချက်တွေ ဖြစ်လာသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အရာသည် ပညာရေးသာဖြစ်သည်။
ထိုပညာရေးသည် သဘာဝတရား၊ လူသားနှင့်၊ ရုပ်ဝတ္ထု ပစ္စည်းများမှလာသည်။ ကျွန်ုပ်တို့၏ကိုယ်အင်္ဂါများနှင့် အာရုံခံစားနိုင်စွမ်းတို့ကို ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့လာသင်ယူခြင်းသည် သဘာဝတရားပညာဖြစ်သည်။ လူသားသည် လူသား ထံမှသာ လေ့လာသင်ယူခြင်းသည် လူသားပညာဖြစ်ပြီး၊ လူသားသည် ပတ်ဝန်းကျင်ထံမှ လေ့လာသင်ယူခြင်းသည် ရုပ်ဝတ္ထုပညာဖြစ်သည်။
ကျွန်ုပ်တို့သည် ဆရာသုံးဦး၏သင်ကြားခြင်းကို ခံကြရသည်။  ထိုဆရာသုံးဦးသင်ကြားမှုများ ဝိရောဓိဖြစ်လျှင် တပည့် ဖြစ်သူသည် ပညာရည်ချို့ငဲ့ပြီး ကိုယ်တိုင်ငြိမ်းချမ်းသည့်အရသာကို ဘယ်သောအခါမှ ခံစားနိုင်မည် မဟုတ်ပေ။ ဆရာသုံးဦး၏ သဘောညီမျှလျှင် တပည့်ဖြစ်သူသည် ပန်းတိုင်သို့အရောက်လှမ်းနိုင်မည်ဖြစ်သလို၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်လည်းဖြစ်သည်။ သို့မှသာသူ့ကို ပညာတတ်ဟူ၍ ခေါ်ဝေါ်နိုင်မည်ဖြစ်သည်။
အရာရာသည် ကျွန်ုပ်တို့၏ထိန်းချုပ်နိုင်မှုအပေါ်မူတည်သည်။ လူသား၏ပညာရေးသည် လူသားကသာ ထိန်းချုပ်နိုင်သည်။ ကိုယ်ကထိန်းချုပ်နိုင်စွမ်းရှိ မရှိမသေချာလျှင်သော်မှ ကောင်းမြတ်သည့်စိတ်ထားနှင့် စကားတို့ဖြင့် တိုက်ရိုက်ထိန်းချုပ်မှုကို ခံယူရန် အခွင့်အရေးရှိသည်။ ကလေးများသည် ထိုအခွင့်အရေးမျိုး ရရှိသင့်သည်။
ပညာသင်ကြားရေးသည် အောင်မြင်မှုတစ်ခုခုကိုရယူရန် မျှော်လင့်ထားမှုမရှိလျှင် အောင်မြင်သည့် ပညာရေးဟူ၍ မဆိုနိုင်ပေ။ သို့ဖြစ်ရာ ပညာသင်ကြားရေးကို အနုပညာရပ် Art  တစ်ခုအနေဖြင့် ရှုမြင် ကြည့်တတ်ရမည်ဖြစ်သည်။ ပန်းတိုင်မရှိသည့် ကြိုးပမ်းအား ထုတ်မှုသည် အချည်းနှီးသာဖြစ်မည်။ ပန်းတိုင်သို့ရောက်မရောက်ဆိုသည်မှာ အခွင့်အလမ်းရ မရဆိုသည်နှင့်လည်းဆိုင်သေးသည်။
သို့ဖြစ်ရာ ပန်းတိုင်ဆိုသည်အဘယ်နည်း။ သဘာဝအတိုင်း ဖြစ်ပျက်နိုင်မှုသည် ပန်းတိုင်ဖြစ်သင့်သည်။ ပညာရေးတွင် သဘာဝ ဦးတည်ချက်သုံးရပ်သည် အပြိုင်လုပ်ဆောင်လျှက်ရှိကြသည်။ ကျွန်ုပ်တို့ လိုက်နာရ မည့်အချက်နှစ်ချက်မှာ ထိုသဘာဝလမ်းကြောင်း အတိုင်းလိုက်ရန်နှင့် သဘာဝထက်မကျော်လွန်စေရန် ထိန်းချုပ်နိုင်စွမ်းရှိရေးပင်ဖြစ်သည်။
ကလေးတစ်ယောက်၏အမြင်သည် လူကြီးတစ်ယောက်အမြင်နှင့် လုံးဝကွဲပြားနိုင်သည်။ ကလေးသည် အပြစ်ကင်းခြင်း၊  အားငယ်တတ်ခြင်း၊ ရင့်ကျက်နိုင်စွမ်းနှေးကွေးတတ်ခြင်းတို့အပြင်  ပျော်ရွှင်လိုခြင်း၊ လွတ်လပ် လိုခြင်းတို့ကြောင့် လူကြီးနှင့်တူညီသည့် အမြင်မျိုးရှိနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ကလေးဆို သည်မှာ သဘာဝအားဖြင့်ကောင်းမြတ်သည့်သူများဖြစ်ကြသည်။
လူတစ်ယောက်ဖွံ့ဖြိုးတိုးတက်မှုသည့် အဆင့်အမျိုးမျိုးကို ဖြတ်ကျော်လာကြရသည်။ အဆင့်တိုင်းတွင် သူနှင့်သင့်လျှော်သည့် ပညာကို ရှာဖွေဆည်းပူးခဲ့ရသည်ချည်းဖြစ်သည်။
ကလေးတစ်ယောက်အား ဘာသင်ကြားပေးသင့်သည်ကို ဆုံးဖြတ်ခြင်းသည် ကလေး၏သဘာဝနှင့် သူ့ဖွံ့ဖြိုးမှု အဆင့်ကို နားလည်မှသာဖြစ်မည်။
လူတစ်ဦးက လူတစ်ဦးအပေါ်တန်ဖိုးထား လေးစားမှုသည် သူတက်လှမ်းလာခဲ့ရသည့် အဆင့်နှင့်လည်း ဆိုင်သည်။ ပညာရေး ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ သီးခြားအရည်အသွေးကို ပိုင်းဖြတ်နိုင်ရန်ဖြစ်သည်။ “လူတိုင်းကိုယ်ပိုင်စိတ်ခံစားချက်ရှိသည်” ဆိုသည့် အချက်ကို မမေ့သင့်ပေ။
ကလေးတိုင်း အခြေခံအားဖြင့် စိတ်လိုက်မာန်ပါလုပ်လိုစိတ် ရှိကြသည်။ ဂနာမငြိမ်ဖြစ်နေသည့်သူတို့စိတ်ကို စပ်စုလိုစိတ်ရှိစေရန် အစားထိုးပေးရမည်။ စိတ်ဖွံ့ဖြိုးတိုးတက်မှုသည် ခန္ဓာကိုယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် တိုက်ရိုက်အထောက်အကူပြုသည်။
ပညာရေးတွင်အောင်မြင်မှုရခြင်းသည် ပတ်ဝန်းကျင်၏လွှမ်းမိုး မှုနှင့်လည်းဆိုင်သည်။ ပတ်ဝန်းကျင်သည် လူသားအပေါ် လွှမ်းမိုး ကြောင်း Dewey ကလည်းသဘောပေါက်ခဲ့သည်။ သို့ဖြစ်ရာ ဆရာများအနေဖြင့် ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သင့်သည်။ ကလေး၏ ဝန်းကျင်ကိုနားလည်ခြင်းသည် ပညာရေးကို အောင်နိုင်ခြင်းဖြစ်သည်။
ဆရာသည်ကလေးက ဘာကိုဆုပ်ကိုင်ထားသည်ကိုမသိဘဲ ပြုပြင်ရန်မဖြစ်နိုင်ပေ။ ကလေးသည် သူထင်ရာ မြင်ရာကို စွဲမြဲစွာ ခံယူထားလေ့ရှိသည်။ ထိုအစွဲကို ချွတ်ပေးနိုင်မှသာ ဆရာကောင်းတစ်ယောက်ဖြစ်နိုင်မည်။
ကိုယ့်ကိုယ်ကိုစိတ်ပိုင်း အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးနေစေရေးအတွက် ကမ္ဘာ့အမြင်နှင့် မျက်ခြေမပြတ်သင့် ပေ။ လူတိုင်း ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်များရှိကြသည်။ ဆရာကသူတို့အပေါ် လွှမ်းမိုး ချုပ်ကိုင်မှုဖြင့် သူတို့ကိုမဆုံးဖြတ်စေသင့်။ကလေးသည် ဆရာ၏သင်ပြမှုကို ခံယူနေရသည်ဆိုခြင်းထက် ကလေးသည် သူ့ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြဿနာတစ်ခုကို ဖော်ထုတ်တင်ပြနိုင်စွမ်း ရှိစေရမည်ဖြစ်သည်။  ယနေ့ကျွန်ုပ်တို့သိနေသည့် “ပညာရေးဖောက်ထွက်မှု” သဘောတရားများကို ရူးဆိုးက Émile တွင် ပြတင်းပေါက်ကို မပြင်ဘဲပိတ်ထားလျှင် ကလေးသည် အိုက်လာပါက ချိုးဖောက် ထွက်သွားမည် ဆိုသည့်သဘောတရားဖြင့်ဆွေးနွေးထားသည်။
ရူးဆိုးက နောင်မျိုးဆက်သစ်သည် အလျှံပယ်ကြွယ်ဝသည့် ဘ၀များကို ရယူခံစားပိုင်ခွင့်ရှိပြီး ပြဿနာပေါင်း ထောင်သောင်းမက ကြုံတွေ့ကြရဦးမည့်သူများဖြစ်သည်ဟုဆိုသည်။ Émile သည် ပလေတို၏ Republic ပြီးလျှင် အထင်ရှားဆုံးပညာရေးဆိုင်ရာ သဘောတရားစာအုပ်ဖြစ်သည်။ သူရေးသည့် Confession သည် St. Augustine ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထက်ပိုပြီး ထင်ရှား သည်။ The Reverise  သည် စိတ်ကူးယဉ် သရုပ်မှန်ဝါဒဖြစ်ပေါ်စေရေး များစွာအထောက်အပံ့ပေးခဲ့သည်။ The Social Contract  သည် ထုတ်ဝေစဉ် ကတည်းက တော်လှန်ရေးသမားများ၏ တော်လှန်လိုစိတ်ကိုမဖြစ်ဖြစ်အောင် လှုံ့ဆော်ပေးခဲ့ သည်ဟု ဆိုနိုင်သည်။
ရူးဆိုးသည် အထီးကျန်ခြင်း၊ လူ့ဘောင်အသိုင်းအဝိုင်းနှင့်ကင်းကွာလိုခြင်း စိတ်ရှိပြီး ထိန်းချုပ်မှု၊ အကြွင်းမဲ့ စိုးမိုးမှုများကို မနှစ်သက်သူဖြစ်သည်။ သူ့တွင်အပြောနှင့်အလုပ် မသက်ဆိုင်သလိုနေထိုင် ပြုမူခြင်းများ ရှိသော်လည်း ပညာရေးအလေးထားမှု၊ သဘာဝပညာရေး၊ ကလေးဗဟိုပြုသင်ကြားရေးတို့ကို စတင် တည်ဆောက်ခဲ့သူတစ်ဦးအနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်သည်။ ဘ၀တွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပတ်ဝန်းကျင်ကိုအလေးမပြု နိုင်လောက်အောင် ခံစားချက်ပြင်းထန်နေသော်လည်း ပတ်ဝန်းကျင်ပညာရေးကို အလေးထားဆွေးနွေးသွားသည်။ တကယ်တော့ ရူးဆိုးသည် အထီးကျန်စွာ ခံစား နေထိုင်ရင်း လူသားများနှင့် ရင်းနှီးကျွမ်းဝင်လိုစိတ်ကို သူ့အနုပညာတွင်သရုပ်ဖော်ကာ ကမ္ဘာကျော်ခဲ့ရသူ တစ်ဦးဖြစ်ပါသည်။

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

  

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်
နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ်
ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊
နိုင်ငံတကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်
ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များ နည်းတူ အရည်အချင်းများ၊ အရည်အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း
ဖြစ်သည်။

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ

ကိုမိုးဇော်
 မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း
အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။”

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

“လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ ”

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး  မြန် မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့  သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့
အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

သွေးကင်ဆာအကြောင်း သိကောင်းစရာများ


Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထ၀ီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။

သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ ?



လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိနေပါတယ် ။

၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)

ဂျပန်နိုင်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် ) ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း ( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီး ယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။

၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)

နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ် ။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါတယ် ။

၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)

ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။

၎ ။ မျိုးရိုးဗီဇ ( Genetic)

သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။

၅ ။ ခုခံအားစနစ် (Immunological )

လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့

-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။

လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ ?



လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။

လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန် သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- ပိန်ချုံးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- သွားဖုံးရောင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ
- အရိုးနှင့် အဆစ်အမြစ်နာခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့

- မောပန်းလွယ်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပိန်ချုံးခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယားမဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။

Ref - Davidson's Principle and Practice of Medicine ( 20th Edition)
- http://www.cancer.ca/

www.thettantvillage.com
သက်တန့်ချို

အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ




၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း

ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?

မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။

၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။

၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။

ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။

၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။

၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။

မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။

၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။

ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။

၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

၁၁ ။ ဆံပင်တု တပ်သင့်လား ။

ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။

၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။

Ref : WebMD

သက်တန့်ချို
16 August 2010

Nail Abnormalities လက်သည်း ခြေသည်း များက ပြောသော ရောဂါများ


nail2
nail1

ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများဟာ လက်ချောင်း ခြေချောင်းများ အတွက် အကာအကွယ် တစ်ခုဖြစ်သလို အလှတစ်ပါး လို့ လည်း ယူဆပြီး အလှဆင် တတ်ကြ ပါတယ် ... ကျန်းမာရေး ရှုထောင့် ဖက်မှာတော့ ရောဂါပိုး ခိုအောင်းရာ နေရာ ဖြစ်သလို အချို့ သော ရောဂါများ ရဲ့ရောဂါ လက္ခဏာ ပြသရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ... လက်သည်း ခြေသည်းများ ရဲ့ ပုံမှန် မဟုတ်တဲ့ ချို့ယွင်းချက် လက္ခဏာ များ ကို ကြည့်၍ ခန္ဓာကိုယ်တွင်း ဖြစ်နေသော ရောဂါ အကြောင်း ကို ခန့်မှန်း နိုင်ပါတယ် ... လက်သည်း ဟာ ၃လမှာ ၁ စင်တီမီတာနှုန်း ရှည်ထွက်ပြီး ခြေသည်း ကတော့ ၃ဆနှေး ပါတယ် ... ဒါ့ကြောင့် ခြေသည်း ပိုးဝင်လို့ အားလုံး ပျက်စီး သွားရင် အကောင်း ပကတိ ဖြစ်ဖို့ (၁၈)လ ကြာပါတယ် ... ခြေသည်း လက်သည်း ရှည်ထွက်နှုန်း ကိုသိထားခြင်းဖြင့် ခြေသည်း လက်သည်း ပေါ်က ချို့ယွင်းချက် တစ်ခုရဲ့ အချိန် ကာလကို ခန့်မှန်း နိုင်ပါတယ် ... အချို့ ရောဂါများ ကို မြန်မာ ဘာသာ ပြန်ဆိုရန် ခက်ခဲပေမယ့် အတတ်နိုင်ဆုံး ပြန်ဆို ထားတာ ကြောင့် ကွဲပြားမှု အနည်းငယ် ရှိပါက နားလည် ပေးစေလိုပါတယ် ...

လက်သည်း ရင်းခုံး လာခြင်း(Clubbing): လက်သည်း ရင်းခုံးခြင်း ဟာ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်းခွံ အောက်ခြေမှ တစ်ရှူးများ ထူထဲလာပြီး လက်သည်း ခွံရင်းမှ ထောင့်ချိုး ပျောက်သွားခြင်းကို ခေါ်ပါတယ် ... အလွယ်တကူ စမ်းသပ်နည်း ကတော့ (ပုံပါ အတိုင်း) လက် တစ်ဖက်စီ မှ လက်ချောင်းများအား လက်သည်းချင်း ကပ်၍ ထားပါက လက်သည်း ရင်းကြားတွင် ပုံမှန် တွေ့ရသော စိန်ပုံ သဏ္ဍန် ကွက်လပ် (diamond shape space) ပျောက်နေ ပါက လက်သည်း ရင်းခုံးခြင်း ဖြစ်ပေါ် နေပါတယ် ("Schamroth Sign") ........ ............ .......... .......... ............လက်သည်း ရင်းခုံးခြင်း ဖြစ်ရတဲ့ အကြောင်းတွေ ကတော့
  • အသည်းခြောက် ရောဂါ(Cirrhosis of Liver)
  • အဆုတ်တွင်း ကင်ဆာ ရောဂါများ(Pulmonary malignancies)
  • အဆုတ် ပြည်တည်နာ နှင့် အဆုတ်တွင်း ပြည်ဝင် ရောဂါများ(Lung abscess & empyema)
  • ပန်းနာနှင့် အခြား နာတာရှည် အဆုတ် ပြွန်ပိတ် ရောဂါများ(COPD)
  • မွေးရာပါ နှလုံးရောဂါများ(Congenital heart diseases)
  • နှလုံး အတွင်းမြှေး ရောင်းရမ်းနာ (Endocarditis) တို့ ဖြစ်ပါတယ် ..
clubbing
test clubbing


koilonychia
လက်သည်းခွက်ခြင်း(Koilonychia): လက်သည်း ဟာ ဇွန်းလို ခွက်နေပါက အောက်ပါ ရောဂါများ ဖြစ်နိုင် ပါတယ် ...
  • သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia)
  • မွေးရာပါ ဗီဇ ချို့ယွင်းမှု ကြောင့် သံဓါတ် စုပ်ယူမှု များသော ရောဂါ (Haemochromatosis)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ (Raynaud's disease)

လက်သည်း ကန့်လန့်ဖြတ် လိုင်းပေါ်ခြင်း (Beau's Lines): လက်သည်း ရှည်ထွက်ခြင်း ကို အဟန့်အတား ဖြစ်စေသော အပြင်းအထန် နေမကောင်းပါက လက်သည်းပေါ်မှာ ကန့်လန့်ဖြတ် လိုင်းပေါ် လာပါတယ် ... အောက်ပါ ရောဂါများဟာ ကန့်လန့်ဖြတ်လိုင်း ပေါ်လာ နိုင်ပါတယ်..
  • အကြီးအကျယ် ခန္ဓာကိုယ် နေမကောင်း ဖြစ်ခြင်း(Severe systemic illness)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ(Raynaud's disease)
Beau's_Lines


onycholysis
လက်သည်း ကွာခြင်း(Onycholysis): လက်သည်းဟာ လက်သည်း အောက်ခြေ အရေပြားမှ ကွာဟ လာပါက အောက်ပါ ရောဂါများ ဖြစ်နိုင်ပါတယ် ...


လက်သည်း အောက်သွေး ယိုစီးကြောင်း ပေါ်ခြင်း (Splinter haemorrhage): လက်သည်း အောက်တွင် ဒေါင်လိုက် သွေးယိုစီးကြောင်း ပေါ်ခြင်းကို ခေါ်ပါတယ် ... အောက်ပါ ရောဂါများဟာ သွေးယို စီးကြောင်း ပေါ်လာ နိုင်ပါတယ်..
  • ရောဂါပိုးဝင် နှလုံး အတွင်းမြှေး ရောင်ခြင်း (Infective Endocarditis)
  • ထိခိုက် ဒဏ်ရာ ကြောင့် သွေးယိုစီးခြင်း (Minor trauma)
Splinter haemorrhage


leukonychia
လက်သည်း ဖြူခြင်း (leukonychia): လက်သည်း တစ်ခုလုံး (သို့) တစ်စိတ် တစ်ပိုင်း အစက် အပြောက် အားဖြင့် ဖြူခြင်း ကို ခေါ်ပါတယ် ... အစက်အပြောက် အားဖြင့် ဖြူခြင်းကို လက်သည်း ပွင့်သည် ဟုလည်း ခေါ်ကြပါတယ် ... အောက်ပါ အခြေအနေများ ကြောင့် ဖြစ်နိုင်ပါတယ် ...
  • သွေးတွင်း အယ်လ်ဗျူမင် လျော့နည်း သော ရောဂါ (Hypoalbuminaemia)
  • သာမန် ထိခိုက် ဒဏ်ရာကြောင့် လက်သည်းတွင်း လေခိုခြင်း (air trapped in nail plate) ဖြစ်နိုင် ပါတယ်
လက်သည်း ဖြူခြင်းသည် ကုသရန်၊ စိုးရိမ်ရန် မလိုသော လက္ခဏာ ဖြစ်ပါတယ်..


နှစ်ရောင်ချယ် လက်သည်း (Half and Half nails): လက်သည်း အရင်းပိုင်းသည် အဖြူရောင် ဖြစ်နေပြီး အဖျားပိုင်းသည် အညိုရောင်ဖြစ်နေခြင်းကို ခေါ်ပါတယ် ... အခု လို ဖြစ်ရခြင်း ရဲ့ အကြောင်း ကတော့ နာတာရှည် ကျောက်ကပ် အလုပ် မလုပ် သောရောဂါ (Chronic Renal Failure) ကြောင့်ပဲ ဖြစ်ပါတယ် ...
Half & Half Nails

အခုရေးသား တင်ပြ ပေးတာ ကတော့ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်း ခြေသည်းပေါ်မှာ ထင်ဟပ် လာသော လက္ခဏာ များကိုဘဲ အဓိက ရေးသား ထားတာ ဖြစ်ပါတယ် ... အခြား လက်သည်း ခြေသည်း တိုက်ရိုက် ပိုးဝင်နာ၊ မှိုစွဲနာ များလည်း အများအပြား ရှိပါတယ် ... စာဖတ်သူများ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ ...