G-talk နဲ့Mobile ဖုန်းခေါ်မယ် .......


 

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

ကြက်ဥ၊ ဘဲဥ ပုံမှန်စားသုံးသည့် အမျိုးသားများ သတိထားဖွယ်


အပတ်စဉ် ကြက်ဥနှင့် ဘဲဥ (၂)လုံးနှင့် (၁)ခြမ်းမျှ ပုံမှန် စားသုံးသော အမျိုးသားများသည် သာမန်ထက် ဆီးကြိတ်ကင်ဆာ အဖြစ်ပိုများပြီး သေဆုံးလေ့ရှိကြောင်း ပညာရှင်များက ပြောကြား

တစ်ပတ်လျှင် ဥ(၃)လုံးမျှ ပုံမှန်စားခြင်းသည် အမျိုးသားတစ်ဦးကို ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးရန် ဖြစ်နိုင်ခြေ (၇၀)ရာခိုင်နှုန်းထိ မြင့်တက်လာစေကြောင်း သိရသည်။ သုတေသီများက ကြက်ဥ၊ ဘဲဥများကို ပုံမှန် စားသုံးမှု ကာလရှည်ကြာစွာ ပြုလုပ်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေမည်ဟု သတိပေးခဲ့သည်။ အပတ်စဉ် ကြက်ဥနှင့် ဘဲဥ (၂)လုံးနှင့် (၁)ခြမ်းမျှ ပုံမှန် စားသုံးသော အမျိုးသားများသည် သာမန်ထက် ဆီးကြိတ်ကင်ဆာ အဖြစ်ပိုများပြီး သေဆုံးလေ့ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်


ထောပတ်သီးကမူ ဆဲလ်အဖွဲ့အစည်းထိ အကျုံးဝင် သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီ ခရစ္စတီယန် ကော်တက်စ် ရိုဂျိုက ပြောကြား
Posted on Apr 26 12 - 05:45 AM
ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်
ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ခန္ဓာကိုယ်ကို အန္တရာယ် ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးက ဖယ်ရှားပေးနိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ အထူးသဖြင့် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေသော ဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်အောင် အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထိုသစ်သီးမှ ထွက်သော အဆီဓာတ်သည် ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော မော်လီကျူးများအား တိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်သင့်ဟု ဆရာဝန်များတိုက်တွန်း


လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ပုံမှန် ကော်ဖီသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို (၆၂)ရာခိုင်နှုန်းဖြင့် လျှော့ချပေးနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသီများက ထောက်ခံခဲ့
Posted on Apr 07 12 - 12:53 AM
လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်သင့်ဟု ဆရာဝန်များတိုက်တွန်း
ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်ခြင်းကို အကျင့်တစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်း ပြောကြားလိုက်သည်။ ကဖိန်းဓာတ်နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများကို ပူးတွဲလုပ်ဆောင်ပါက အရေပြားကင်ဆာ ဖြစ်နိုင်သည့် အနေအထားနှင့် ကင်းဝေးစေကြောင်း ပညာရှင်များက ဆိုသည်။ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ပုံမှန် ကော်ဖီသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို (၆၂)ရာခိုင်နှုန်းဖြင့် လျှော့ချပေးနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသီများက ထောက်ခံခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာအားနက်စ် မာရီယို ဆေးဝါးကျောင်းမှ ဒေါက်တာ ယိုပင်လူ ဦးဆောင်သော သုတေသီများသည် ကြွက်များတွင် စမ်းသပ်မှုအရ

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းက ကျန်းမာရေးထိခိုက်စေနိုင်


ပညာရှင်များက Screenများနှင့် ပုံမှန်ထိတွေ့မှု များပြားသော လုပ်ငန်းမျိုး လုပ်ကိုင်သူများ အနေဖြင့် အလုပ်ချိန် ပြင်ပတွင် မိမိတို့၏ စမတ်ဖုန်းနှင့် ကွန်ပျူတာများကို ပိတ်ထားသင့်ကြောင်းပင် အကြံပြု ပြောဆိုထား
Posted on Jun 20 12 - 05:50 PM
စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းက ကျန်းမာရေးထိခိုက်စေနိုင်
စမတ်ဖုန်းများ အလွန်အကျွံ သုံးစွဲခြင်းသည် ကျန်းမာရေးကို ထိခိုက်စေတတ်ကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ အလားတူ ဆက်စပ်သက်ရောက်မှုသည် စမတ်ဖုန်းများအပြင် Tablet ကွန်ပျူတာနှင့် Laptopများအတွက်ပါ အကျုံးဝင်ကြောင်း ပညာရှင်များက ဆိုသည်။ Chartered Society of Physiotherapyမှ ပညာရှင်များက ယနေ့ခေတ်တွင် Screen Slaveခေါ် မျက်နှာနှင့် Screen မပြတ်လပ်ဘဲ

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခုကမ်းလှမ်း


Posted on Jul 07 12 - 02:53 PM
မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခုကမ်းလှမ်း
လာမည့်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် သက်ဆိုင်ရာနှင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ထားသော နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်လိုင်းအထိရှိကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံအခြေစိုက် ANA၊ ကာတာနိုင်ငံအခြေစိုက် Qatar၊ ဂျာမနီအခြေစိုက် Condor၊ ကိုရီးယားလေကြောင်း၊ ဟောင်ကောင်အခြေစိုက် PIA လေကြောင်း၊ ထိုင်ဝမ်အခြေစိုက် EVA လေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Biman လေကြောင်းလိုင်းများဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်ကပြောသည်။ "အများစုကတော့ ပျံဖြစ်မှာပါ။ မန္တလေးကိုပျံဖို့ တရားဝင်လျှော်ထားတာတော့ Air Asia လေကြောင်းလိုင်းတစ်ခုပဲရှိသေးတယ်။ ဒါကိုလည်း ခွင့်ပြုပေးမှာဖြစ်ပါတယ်" ဟု ဒေါ်နွယ်နီဝင်းကျော်ကပြောသည်။ ထို့အပြင် မန္တလေးမြို့သို့

Goal-Line နည်းပညာ အသုံးပြုသွားရန် FIFA ဆုံးဖြတ်

Goal-Line နည်းပညာ အသုံးပြုမှု အဆင်ပြေအောင်မြင်ပါက လာမည့် ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလား (2013 Confederations Cup) နှင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား (2014 World Cup) ဘောလုံးပြိုင်ပွဲများတွင် လည်း Goal-Line နည်းပညာကို အသုံးပြုသွားမည်ဖြစ်
Posted on Jul 06 12 - 11:51 PM
Breaking News: Goal-Line နည်းပညာ အသုံးပြုသွားရန် FIFA ဆုံးဖြတ်
ဘောလုံးပြိုင်ပွဲများတွင် ဂိုးဝင် မဝင်ဆုံးဖြတ်ပေးမည့် Goal-Line နည်းပညာကို လာမည့် ယခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် FIFA Club World Cup ဘောလုံးပြိုင်ပွဲတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း FIFA ယနေ့ ဆုံးဖြတ်ချက်ချမှတ်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

အရွယ်အစားသေးငယ်ပြီး ဈေးနှုန်းသက်သာသည့် iPad တစ်မျိုး Apple ရောင်းချဖွယ်ရှိ

ပန်းသီး သို့မဟုတ် Apple အချစ်တော်များအတွက် နောက်ထပ်သတင်းတပုဒ် 
 
Appleကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ရောင်းချနေသည့် Tablet ကွန်ပျူတာ iPadများထက် ပိုမိုသေးငယ်သည့် Versionကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလာဖွယ် ရှိနေသည်။ Wall Street ဂျာနယ်က Appleသည် မျိုးဆက်(၃)ခု ရှိခဲ့ပြီဖြစ်ပြီး မျက်နှာပြင်အကျယ် (၉.၇)လက်မမှ မပြောင်းမလဲ ရောင်းချနေသော iPadများထက် သေးငယ်သည့် Tablet တစ်မျိုးကို မိတ်ဆက်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ iPad၏ ပထမဆုံး မော်ဒယ်လ်ကို (၂၀၁၀)ပြည့်နှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။



Appleအတွက် လိုအပ်သည့် စက်ကိရိယာ အစိတ်အပိုင်းများ ထောက်ပံ့နေရသူများမှ အမည်မဖော်ပြသော ကုမ္ပဏီ တစ်ခုက Appleသည် သေးငယ်သော Tablet တစ်ခုအတွက် လိုအပ်သော

ကွန်ဖူးမင်းသား

သီးလေးသီး တိုက်စစ်ဆင်တော့မည်ဟု ဆို




မိုးတွင်းကာလ ပွဲရာသီအနေဖြင့် ဇူလိုင် ၁၄ ရက်နေ့ ပြည်မြို့နယ် ယဉ်ကျေးမှုခန်းမကြီးတွင် သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ နဲ့၂၀၁၃ ပွဲရာသီအသစ်ဖြစ်တဲ့အတွက် ပြက်လုံးသစ် ၊သီချင်းသစ်တွေနဲ့ ၊ထူးထူးခြားခြား တင်ဆက်မည့်ပွဲတပွဲဟု သိရှိရပြီး. သီးလေးသီးရဲ့တိုက်စစ်ဆင်မယ့် နှစ်တနှစ်လို့  သီးလေးသီး အဖွဲ့ ဝင် လူရွင်တော်တဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီမဲ့ ပေါ်လစီပြက်လုံးဇာတ်ကွက်လေးများ စိတ်ကူးတင်ဆက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့တေးသီချင်းလေးတွေကို အငြိမ့်ပုံစံလေးဖြင့် ဖန်တီးတင်ဆက်ထားကြောင်း သိရှိရပါတယ်။
ရုံဝင်ခကိုလည်း လူတန်းစားမရွေး ကြည့်ရှုနိုင်ရန်အတွက် လူတဦးလျင် ကျပ် တထောင် ဖြင့်သာ

ဘ၀အတွက် ရည်ရွယ်ချက်


 
လူအများစုက ဘ၀အတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိကြသည်။ တချို့တွေက ဘ၀မှာ အောင်မြင်ချင်ကြသည်၊ ချမ်းသာချင်ကြသည်။ နာမည်ကြီးချင်ကြသည်။ တချို့ကတော့ ဘ၀ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုကြသည်။ တချို့ကတော့ ဘ၀ကို လွယ်လွယ်တွေးပြီး၊ ပေါ့ပေါ့လေး ဖြတ်သန်းချင်ကြသည်။ တချို့တွေအတွက် ဘ၀က အစစအရာရာ အဆင်သင့်ဖြစ်နေပြီး ဖြောင့်ဖြူးသည်။ တချို့တွေအတွက် အခက်အခဲများကို ကျော်ဖြတ်ပြီး ကြိုးစားရသည်။

ပညာ၏အရေးပါမှု
ဘယ်လိုရည်ရွယ်ချက်မျိုးမဆို ပညာက အခြေခံကျသည့်နေရာမှာ ပါဝင်သည်ဟု ကျမယုံကြည်သည်။ ပညာဟုဆိုရာတွင် ကျောင်းတွေကပေးသော အတန်းပညာသာမက၊ ဘ၀ကပေးသော လက်တွေ့ပညာ၊ အသိပညာ တို့လည်း ပါဝင်သည်။ ပညာရှိမှ ကျမတို့ အမြင်ကျယ်ပြီး ကိုယ့်ဘ၀မှာ ဖြစ်နေတာတွေကို စဉ်းစားဆင်ခြင်တတ်မည်။ ဘ၀မှာ ဘာတွေလုပ်နိုင်သလဲဆိုတာ တွေးတတ်လာမည်။

ကျမစာသင်ရသော မြန်မာကျောင်းသား ကျောင်းသူများကို ဘ၀မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိလဲဟု ကျမက မေးလေ့ရှိသည်။ အများစုက အလုပ်ကောင်းကောင်းရဖို့၊ လူတန်းစေ့ နေနိုင်ဖို့ လိုချင်ကြသည်။ တချို့တွေကတော့ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သောသူ ဖြစ်ချင်ကြသည်။ သူတို့အားလုံးက အတန်းပညာမှာ တပြေးညီရှိကြသော်လည်း၊ မတူညီကြသော ဘ၀များမှ လာကြသည့်အတွက် ဘ၀ကပေးသော အသိပညာ ကွဲပြားကြသည်။ ထို့ကြောင့် ဘ၀အတွက် ရည်ရွယ်ချက်တို့လည်း ကွဲပြားသွားကြသည်။

အထူးသဖြင့် လူငယ်ဘ၀မှာ ကျမတို့ ကြီးပြင်းသော ပတ်ဝန်းကျင်က ကျမတို့ ဘ၀မှာ ဘာလုပ်ချင်တယ်ဆိုတာအပေါ် သက်ရောက်မှုရှိတတ်သည်။ ကျမငယ်စဉ်က မိဘတွေပြောဖူးသော စကားတခွန်းရှိသည်။ “ဖေဖေ မေမေတို့က သားနဲ့သမီးကို ဒီတသက်တော့ ပညာအမွေပဲ ပေးနိုင်မယ်။ ပညာရွှေအိုး လူမခိုး ဆိုတဲ့အတိုင်း ပညာကိုသာ ဘ၀မှာ အရေးကြီးတဲ့ အမွေတခုအနေနဲ့ သင်ယူကြ”။

ကျမတို့မောင်နှမလည်း မိဘတွေပြောတဲ့အတိုင်း ဘ၀မှာ ချမ်းသာဖို့ဆိုတာထက်၊ ပညာတတ်ရင် လူတန်းစေ့နေနိုင်မယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားခဲ့ကြသည်။ ဘွဲ့ကောင်းကောင်းရဖို့၊ အလုပ်ကောင်းကောင်းရဖို့တို့က ထိုစဉ်က ကျမတို့၏ ရည်ရွယ်ချက်များ ဖြစ်ခဲ့သည်။

အွန်လိုင်းပေါ်က ဆောင်းပါးတပုဒ်မှာ နယူဇီလန်နိုင်ငံရှိ အသက် ၁၈ နှစ်အောက် ယောက်ျားလေးတချို့၏ ဘ၀အတွက် ရည်ရွယ်ချက်များက ကလေးအများကြီးယူဖို့၊ မိန်းကလေး တယောက်ပြီး တယောက်နှင့် လက်မထပ်ဘဲ တွဲနေဖို့၊ အိမ်တွေအများကြီး ပိုင်ဆိုင်ဖို့၊ အစိုးရဆီက အထောက်အပံ့ကို ရနိုင်သလောက်ရဖို့ စတာတွေ ဖြစ်သည်ဟု ရေးထားတာ ဖတ်ဖူးသည်။ မြန်မာနိုင်ငံမှ လူအများစုအတွက် ထိုသို့ ရည်ရွယ်ချက်မျိုးနှင့် လူငယ်တွေ ရှိသလားဟု အံ့သြချင်