Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား




အခုဆိုရင် ​အီဘိုလာ ​ဗိုင်းရပ်စ် ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၇၃၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။

အဲဒီရောဂါ ​ခံစားနေရသူ ​တွေကို ​တခြားနေရာ ​သွားခိုင်းမှာ ​မဟုတ်ပဲ ​ရဲတွေ၊ ​စစ်တပ်တွေနဲ့ ​အစောင့် ​အကြပ် ​ထားပြီး ​ရောဂါမပျံ့နှံ့အောင် ​ထိန်းသိမ်း ​သွားမယ်လို့ ​Sierra ​Leone ​နိုင်ငံ ​သမ္မတက ​ပြောပါတယ်။

Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံ ​နှစ်ခု ​စလုံးမှာ ​ရောဂါပျံ့နှံ့မှု ​ထိန်းသိမ်းတဲ့ ​အနေနဲ့ ​လူစုလူဝေး ​ပြုမှုတွေ ​ကိုလည်း ​ကန့်သတ်မှု ​လုပ်လိုက် ​သလို ​သေဆုံးမှု ​မှန်သမျှကို ​အာဏာပိုင်တွေကို ​အသိပေးဖို့ ​လည်း ​ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ ​Guinea, ​Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​ပျံ့နှံ့နေ ​တာဖြစ်ပြီး ​အဲဒီနိုင်ငံက ​လူတွေကိုလည်း ​အိမ်နီးချင်း ​နိုင်ငံတွေက ​အဝင်အထွက် ​ကန့်သတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီပိုးကို ​နှိမ်နင်းဖို့ ​အတွက် ​အရေးပေါ် ​ဒေါ်လာ ​သန်း ​၁၀၀ ​လောက် ​လိုမယ်လို့ ​လည်း ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောပါတယ်။ ​ဒါပေမဲ့ ​အခုအချိန် ​အထိ ​ဒီရောဂါပိုး ​အတွက် ​ကာကွယ်ဆေးတွေ ​မရှိသေးပါဘူး။ ​အနောက် ​အာဖရိက ​နိုင်ငံတွေကနေ ​တခြားနိုင်ငံတွေဆီ ​ကူးစက်မှာကို ​စိုးရိမ်တဲ့ ​အတွက်လည်း ​အမေရိကန် ​US ​peace ​corps ​အဖွဲ့က ​အာဖရိက ​အနောက်ပိုင်းက ​သူ့ရဲ့အမှုထမ်းအယောက် ​၃၄၀ ​ကိုလည်း ​ပြန်လာဖို့ ​စီစဉ်ပေးနေပြီ ​ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာကြောင်း ​၁၉၇၆ ​ခုနှစ်မှာ ​သိရှိကြတာ ​ဖြစ်ပါတယ်။ ​အီဘိုလာပိုးရှိနေတဲ့ ​လင်းနို့က ​တခြားအကောင်တွေကို ​ကိုက်မိပြီး ​အဲလို ​အကိုက်ခံရတဲ့ ​သားကောင်တွေကို ​လူတွေက ​စားမိတဲ့အခါ ​ရောဂါကူးစက်တာဖြစ်ပါတယ်။ ​လူတစ်ဦးကနေတစ်ဦး ​ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-01/1351140

အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ


 ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်


17.3.2014
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို

ရဲစခန်းကို ၀င်တိုက်ပြီး ရဲအရာရှိတစ်ဦးအား သတ်ခဲ့၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ဝင် ၆၀၀ ကျော်ကို သေဒဏ်ချမှတ်



(မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့)

အီဂျစ်တရားရုံး တစ်ခုက ယခင်ဩဇာကြီးမားခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့နှင့် ဆက်စပ်သူ (၆၀၀)ကျော်ကို သေဒဏ်ပေးရန် ထောက်ခံဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်က မင်ညာရှိ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယင်းအတွက် အကြမ်းဖက်မှု စွဲချက်တစ်ရပ် တင်ရှိခဲ့ခြင်း ဖြစ်သည်။ စီရင်ချက်တွင် အကျုံးဝင်သူ (၆၈၃)ဦးထိ ရှိနေပြီး ယင်းတို့အနက် ညီအစ်ကိုတော်များ အဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီသည်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဒ်ါအောင်ဆန်းစုကြည် ခြံရှေ့မှ ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ကို ပါတီတာဝန်ရှိသူများတွေ့မည်



ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် ထိုင်နေကြစဉ် (ဓာတ်ပုံ - ကြည်တိုး)
 တက္ကသိုလ်ရိပ်သာလမ်း ရှိဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ တွင် နှစ်ရက်တိတိ တွေ့ခွင့်လာတောင်းခံခဲ့သော ထားဝယ်မှ ရဟန်းတစ်ပါးနှင့်အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပါတီတာဝန်ရှိသူများက လက်ခံတွေ့ဆုံသွားမည်ဟု သတင်းရရှိသည်။

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၂၈

ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။

ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အပြာရောင် စိန်ပွင့်တစ်ပွင့် ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ဖြစ်


ကမ္ဘာပေါ်တွင် အရှားပါးဆုံး စိန်ပွင့် အမျိုးအစား တစ်ရပ်ဖြစ်သော အပြာရောင်စိန်ပွင့် တစ်ပွင့်သည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ရာ ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်ခဲ့ပြီး ယခင်စံချိန်ဟောင်းထက် ၀ ဒသမ ၇၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ ယခု စိန်ပွင့်သည် ၅ ဒသမ ၃၀ ကရက် အလေးချိန်ရှိပြီး ၁ ကရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း တန်ကြေးရှိသည်ဟု ဆိုသည်။
အဆိုပါ စိန်ပွင့်ကို ဧပြီလ ၂၄ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘွန်ဟမ်း လေလံဌာနတွင် လေလံတင် ရောင်းချခဲ့ပြီး Trombino အမည်ရှိ လက်စွပ်၌ တပ်ဆင်ထားကာ ခြောက်ကြိမ်တိတိ လက်ဆင့်ကမ်း ရောင်းချခဲ့ပြီး ဖြစ်သည်။ မူလဈေးနှုန်းမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းသာ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ လက်စွပ်ကို အဲလိဇဘတ်တေလာ ကဲ့သို့သော ဟောလိဝုဒ်စတားတို့၏ လက်စွဲထင်ရှား ကျော်ကြားသည့် အီတလီ လက်ဝတ်ရတနာ ပညာရှင် ဘူဂါရီက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ငါးကရက်ကျော်သည့် အပြာရောင် စိန်ပွင့်များ လွန်စွာရှားပါးလှပြီး ဈေးကွက်၌ တွေ့ခဲလှသည်။ တော်ဝင်မိသားစုများနှင့် ထင်ရှားကျော်ကြားသူတို့သည် ရာစုအဆက်ဆက် အပြာရောင် စိန်ပွင့်အား တပ်မက်ခဲ့ကြရာ ၁၇ ရာစု အနှောင်းပိုင်းက ပြင်သစ်ဘုရင် လူဝီ-၁၄ ၀ယ်ယူခဲ့သည့် Hope Diamond အမည်ရှိ အပြာရောင်စိန်ပွင့်မှာ သမိုင်းတွင် အကျော်ကြားဆုံး ဖြစ်သည်။
ယင်းစိန်ပွင့်ကို ယခုအခါ ၀ါရှင်တန်ဒီစီရှိ စမစ်ဆိုးနီးယန်း သဘာဝ သမိုင်းပြတိုက်တွင် ထားရှိသည်။ အိန္ဒိယမှလာသည့် ယင်းစိန်ပွင့်သည် ပြင်သစ်တော်လှန်ရေးအတွင်း ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။
Ref:AFP

မသေနိုင်သည့် ပုံတူမျိုးပွား ကြွက်ဗီဇမျိုးစိတ်အား တီထွင်နိုင်

Written by ဇင်မင်း

ဂျပန်နိုင်ငံမှသုတေသနပညာရှင်များသည် ပုံတူမျိုးပွား ကြွက်ဗီဇမျိုးစိတ်သစ်များကို အဆင်မပြတ် တီထွင်ဖန်တီးလျက်ရှိကြရာ၊ ယခင်ဒေါ်လီဟုခေါ်သည့် သိုးပုံတူမျိုးပွားဗီဇမွေးမြူသည့် စနစ်အတိုင်း ကြွက် တစ်ကောင်မှ ပုံတူမျိုးပွား ကြွက် ၅၈၁ ကောင်ကို ထုတ်ယူနိုင်ခဲ့ကြောင်း မတ်လ ၇ ရက်နေ့ထုတ် Cell Stem Cell ဂျာနယ်တွင် ဖော်ပြထားသည်။ စတင်မျိုးပွားခံ ကြွက်အား အကြိမ်ပေါင်း ၂၅ ကြိမ် မျိုးဗီဇပွားခြင်းမှ ယခုလို အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖော်ထုတ်သည့်နည်းစနစ်သည် တိရစ္ဆာန်မျိုးစိတ်များကို အရည်အသွေးမီစွာ ထုတ်လုပ်နိုင်မည့် နည်းစနစ် ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၊ RIKEN ဇီဝဖွံ့ဖြိုးရေးသုတေသနအဖွဲ့ဌာန အဖွဲ့ခေါင်းဆောင် တီရူဟီကို ဝါကာယာမ ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် ဒေါ်လီဟုခေါ်သော သိုးမျိုးစိတ်ဗီဇပြုပြင်မှုအတိုင်း ဆင့်ကဲစမ်းသပ် တီထွင်ခဲ့သော်လည်း နည်းပညာအဟောင်းဖြင့် ပြန်လည်ပြီးမျိုးစိတ်များကို ပွားများရသည်မှာ အခက်အခဲရှိခဲ့ ကြောင်း၊ ယခုနည်းစနစ်သစ်က အင်ဇိုင်းကွန်ပေါင်းတစ်မျိုးဖြင့် ကလုန်းဆဲလ်များကို ပေါင်းစပ်နိုင်ခြင်းကြောင့် ဤမျှအတိုင်းအတာအထိ မျိုးစိတ်များကို ပွားများနိုင်ခဲ့ကြောင်း ပါမောက္ခ တီရူဟီကိုကပြောကြားခဲ့သည်။
အဖွဲ့အနေဖြင့် ကြွက် မျိုးဆက် ၂၅ ဆက်တိုင်တိုင် ပုံတူမျိုးပွား အောင်မြင်ခဲ့သည်။ ကြွက်တစ်ကောင်မှသည် ၂၅ ကောင်၊ ထို ၂၅ ကောင်မှသည် ဆင့်ကဲမျိုးပွားခြင်းဖြင့် ကောင်ရေ ၅၈၁ ကောင်ကို ထပ်မံမျိုးပွားနိုင်ခဲ့ခြင်းဖြစ် သည်။ ယခုအချိန်အထိ ဤမျှအတိုင်းအတာအထိ မျိုးစိတ်များပို မပွားနိုင်သေးသောကြောင့် ထူးခြားသည့် တွေ့ရှိချက်ဖြစ်ကြောင်း ဟားဗတ်ဆေးတက္ကသိုလ်မှ ဗီဇမျိုးစိတ်ပညာရှင် ဂျော့ ချပ်ကပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ပါမောက္ခ တီရူဟီကိုနှင့် အဖွဲ့သည် ကြွက်တစ်ကောင်မှ မျိုးဗီဇကိုထုတ်ပြီး ၁၆ နှစ်တိုင်တိုင် အအေးခံ သိမ်းဆည်းထားခဲ့ပြီးမှ စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ အခြားအဖွဲ့များကလည်း နွား၊ ဝက်နှင့် ကြောင်များကို စမ်းသပ်ပြီး မျိုးပွား နိုင်စေရန် ကြံဆောင်ခဲ့သော်လည်း မျိုးဆက် ၃ ဆက်ခန့်အထိသာ အောင်မြင်ခဲ့ကြသည်။ ယခုတွေ့ရှိချက်သည် မသေးဆေးတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ထူးခြားသော တွေ့ရှိမှု ဖြစ်သဖြင့် နောင်အခါ လူမျိုးစိတ်ကိုလည်း အကြိမ်ကြိမ် ဖန်တီးနိုင်ရန် ကြံဆောင်နိုင်လိမ့်မည်ဟု ယူဆရသည်။

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

  

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်
နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ်
ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊
နိုင်ငံတကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်
ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များ နည်းတူ အရည်အချင်းများ၊ အရည်အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း
ဖြစ်သည်။

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ

ကိုမိုးဇော်
 မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း
အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။”

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

“လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ ”

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး  မြန် မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့  သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် ကူညီမည်


(ဓာတ်ပုံများ - NLD Facebook)

မြေမြှုပ်မိုင်းတွေ အများအပြား စုဝေးရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ကို တနင်္ဂနွေနေ့က ရောက်ခဲ့တဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်း NLD Facebook မှာ ဖော်ပြထားပါတယ်။


ပြည်သူ့လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျောက်ကြီး မြို့နယ်တွင် ဖွင်လှစ်ထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဆက်ဆံရေးရုံးကို ရောက်ရှိစဉ် အဲဒီလို ပြောဆိုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးအပြင်  ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်း၊ ဒေသဖွံဖြိုးမှု မြှင့်တင်ဆောင်ရွက်ရေး၊ မိုင်းသင့်စစ်ဘေးဒဏ်ခံ မသန်စွမ်းသူများ ဘ၀ တိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

KNU ကလည်း ဒီလုပ်ငန်းစဉ် နဲ့ လုပ်ငန်းနယ်ပယ်  အသီးသီးမှာ  ပူးပေါင်းပါဝင်ဖို့ သဘောတူကြောင်း
KNU အမှတ် (၃) တပ်မဟာမှုး စောအယ်ကလူသိန်းက ပြောကြားခဲ့ပါတယ် တဲ့။
google map
(မှတ်ချက် - ကျာက်ကြီးနဲ့  ထိုင်းမြန်မာနယ်စပ် အကွာအဝေးက မိုင် ၂၀  မကဘူးလို့ စာဖတ်သူတဦးက ထောက်ပြပါတယ်။ ဂူဂဲလ်မှာ ပြန်ကြည့်တော့ သူပြောသလိုပဲ မိုင် ၅၀ ၀န်းကျင် ဝေးကွာတာ တွေ့ရပါတယ်။ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။)
ကရင်တိုင်းရင်းသား အများအပြား နေထိုင်တဲ့ ကျောက်ကြီးဟာ ထိုင်းမြန်မာနယ်စပ်နဲ့ မိုင် ၅၀ အကွာမှာ တည်ရှိပါတယ်။ မြေပုံမှာ ကြည့်ရင် ကျောက်ကြီးကို နေပြည်တော်-ရန်ကုန် လမ်းမကြီးနားမှာ တွေ့ရမှာပါ။

ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့တဲ့ ကျောက်ကြီးဒေသဟာ မကြာသေးခင်ကာက စတင်တည်ငြိမ်လာပါတယ်။ KNU ကလည်း ဆက်ဆံရေးရုံးတရုံး ဖွင့်ခဲ့ပါတယ်။

နော်ဝေနိုင်ငံကလည်း ကျောက်ကြီးဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်း၊ မြန်မာငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ် (Myanmar Peace Support Initiative – MPSI) အောက်မှာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ နော်ဝေသံရုံးရဲ့ အွန်လိုင်းမှာ ရေးသားထားပါတယ်။
နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ကလည်း ဒီဒေသမှာ စီမံကိန်းတချို့ ရှိတယ်လို့ အဲဒီ အွန်လိုင်းမှာပဲ ရေးထားပါတယ်။

ပဲခူးတိုင်းထဲမှာ မြေမြှုပ်မိုင်းတွေ အသက်ဝင် အိပ်စက်နေတဲ့ မြို့တွေကတော့ ကျောက်ကြီး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူမြို့တွေ ဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်မိုင်းပိတ်ပင်ရေးကွန်ရက်    International Campaing to Ban Landmines ရဲ့ အွန်လိုင်းမှာ ဖော်ပြထားပါတယ်။

(မှတ်ချက် - ကျောက်ကြီးနဲ့  ထိုင်းမြန်မာနယ်စပ် အကွာအဝေးက မိုင် ၂၀ လို့ ဖော်ပြခဲ့ပါတယ်။  စာဖတ်သူတဦးက  မိုင် ၂၀ မကဘူးလို့ ပြောပါတယ်။ ဂူဂဲလ်မှာ ပြန်ကြည့်တော့ သူပြောသလိုပဲ မိုင် ၅၀ ၀န်းကျင် ဝေးကွာတာ တွေ့ရပါတယ်။ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။)

ဆက်စပ် -

မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း







 

ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ စတင်လျှောက်ထားနိုင်


ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြေညာသည်။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်၍သော် လည်းကောင်း၊ ကိုယ်ပိုင်အဖြစ် တည်ထောင်လို၍သော် လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။ “ကိုယ်ပိုင်ကျောင်းအဖြစ် နိုင်ငံခြားသင်တန်းကျောင်း ဖွင့်မယ်ဆိုရင် ပြည်တွင်းက မြန်မာအချို့ ပါဝင်ရမှာ ဖြစ်တယ်။ မြန်မာကျောင်းဆိုရင်လည်း သတ်မှတ်ထားတဲ့ ဆရာတွေ ရှိရမှာ ဖြစ်တယ်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူတွေအတွက် သတ်မှတ် စည်းကမ်းတွေ ရှိပြီးသားပါ။ အဲဒီစည်းကမ်းတွေအတိုင်း ညီညွတ်တဲ့သူတွေ အနေနဲ့ ဆက်သွယ် လျှောက်ထားနိုင်မှာပါ” ဟု ပညာရေး အတိုင်ပင်ခံ ဆရာဦးမိုးသူက ပြောသည်။ နိုင်ငံတော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းတွင် ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား များစွာ လိုအပ်နေကြောင်း သိရသည်။ ကျွမ်းကျင်လုပ်သား ပိုမိုရရှိရန်နှင့် လုပ်သားထု ကျွမ်းကျင်မှု မြှင့်တင်နိုင်ရန် အတွက် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကသင်တန်းကျောင်း အမျိုးမျိုး ဖွင့်လှစ်လိုသူများသည် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့) ကိုယ်ပိုင်တည်ထောင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကြေညာထာခြင်းဖြစ်သည်။ “လက်ရှိ သင်တန်းကျောင်းတွေက ပေးတဲ့ Certificate အများစုက ပြည်တွင်း နေရာအချို့မှာပဲ အသုံးဝင်တယ်။ တကယ်လည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်မယ့် နိုင်ငံတကာကလည်း အသိအမှတ်ပြုမယ့် သင်တန်းကျောင်းတွေ များများပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်” ဟု အထက (၁) အင်းစိန်ရှိ ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအေးလွင်က ပြောသည်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ အနေဖြင့် သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ လေကောင်းလေသန့် ကောင်းမွန်မှု၊ ကွန်ပျူတာခန်း၊ အရည်အချင်း ပြည့်ဝသော ဆရာ/ဆရာမများ ရှိရမည်ဖြစ်ကြောင်း ဆရာဦးမိုးသူက ဆက်လက်ပြောကြားသည်။ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကိုရီးယားခရီးစဉ်အတွင်း သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ပက်ဂွန်းဟေးနှင့် တွေ့ဆုံသွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၅ ရက်တွင် ဟိုနိုလူလူမြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီလ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူမည် ဖြစ်သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးထိပ်သီး ညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇန်န၀ါရီလ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်ပြီး ကွမ်ကျူးဆုကို လကခံရယူမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အမေရိကန်-တောင်ကိုရီးယား ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့် ပြုလုပ်ထားကြောင်း သိရ

ha-21-1-10

ထိုင်းနိုင်ငံ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိစစ်ရေးရုံးအားတွေ့ရစဉ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့်ပြုလုပ်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ထိုသို့ အကူအညီပေးမှု လုပ်ငန်းများတွင် နေရပ်သို့ ပြန်လည်နေရာချထားပေးရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ၊ နေထိုင်ခွင့် အစီအစဉ်များအတွက် ပြုလုပ်ပေးသွားရန်အတွက် စီစဉ်ထားကြောင်း၊ အဆိုပါကိစ္စများအတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ရှိထားကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေ ပြန်လာရင် ကိုယ့်ဌာနေ ကိုယ်နေရပ်ကို ပြန်လည်ပို့ပေးတာတို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် အကူအညီပေးတာတို့၊ နောက်ပြီး သူတို့ဝင်လာတဲ့အခါ နေထိုင်နိုင်ခွင့်တွေကို အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ" ဟု လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေမှ ပြောသည်။
လက်ရှိတွင် ထိုင်းရောက် ယာယီမြန်မာနိုင်ငံ အလုပ်သမားများနှင့် ရွှေပြောင်းအလုပ်သမားများအတွက် ၃ လ သက်တမ်းရှိ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စီစဉ်လျက်သာရှိသေးကြောင်း သိရသည်။
သို့သော် ယာယီနိုင်ငံကူလက်မှတ်များ ပြုလုပ်ရာတွင် သတ်မှတ်ထားသော ငွေနှုန်းထားထက် များစွာပိုပေးနေရပြီး အဆိုပါ ယာယီနိုင်ငံကူလက်မှတ်အတွက်လည်း ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းဝန်ကျင်ခန့် ရှိနေပြီး အများစုမှာ တစ်နေ့လျှင် ၀င်ငွေကျပ် ၄၀၀၀ မှ ၈၀၀၀ ထိ ရရှိကြကြောင်း သိရသည်။

ဘက်ထရီကြိုးမသုံးဘဲ အားဖြည့်နိုင်မယ့် Nokia ဖုန်းတွေ လာမယ်


Aung Kham (TSJ team) ~


ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။

ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။

သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူကရမယ့် လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုတယ်၊ ကြေးနီနဲ့ ပတ်ဝန်းကျင်မှ အပူကို စုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။

 ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထားတဲ့ ဖုန်း ဖြစ်ပါတယ်။

အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။

Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

 

Ref:techblog

http://blog.techspace.com.mm/2013/01/nokia-e-cu.html ကနေ ကူးယူ ဖော်ပြပါတယ်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်သွားမည်


 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု
 ha-12-1-1

တည်ဆောက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောပြခဲ့ပါသည်။
အဆိုပါ အဆင်မြင့်ဆိုက်ရောက်ရပ်နားကွင်းအား Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး၊ ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၆ လအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဟု အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ အဆင့်မြင့်ဆိုက်ရောက်ရပ်နားကွင်း တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က "အခုလို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ သက်သက်သာသာ ရှိစေဖို့အတွက်ပါ။ မိုးတွင်းလိုကာလမျိုးမှာလည်း ကားပေါ်ကဆင်းတဲ့အခါ လေဆိပ်လိုမျိုး မိုးလွတ်လွတ်ကင်းကင်းနဲ့ သွားလာနိုင်အောင် လုပ်သွားမှာပါ။ ခရီးကပြန်ရောက်တဲ့အခါမှာလည်း အငှားကားတွေကို အဆင်သင့်ငှားစီးလို့ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက်လက်ပြောကြားသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဆိုက်ရောက်ရပ်နားကွင်း နှစ်ကွင်းရှိကြောင်း သိရပြီး ယခုအသစ်တည်ဆောက်မည့်ကွင်းမှာ ဒုတိယရပ်နားကွင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအနောက်ဘက်ရှိ ရန်ကုန်-မန္တလေး ကားဂိတ်အများစုရှိသောေ နေရာတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သောစာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ယာဉ်လိုင်းပေါင်း ၁၂၈ လိုင်းရှိပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ၀င်ထွက်သွားလာနေကြောင်း သိရသည်။

ပထမဆုံး အများပိုင်လေကြောင်းအတွက် လေယာဉ် တစီး ရောက်လာ

 ရွှေမြန်မာ လေကြောင်းလိုင်းအတွက် ရောက်ရှိလာတဲ့ လေယာဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း

မြန်မာနိုင်ငံမှာ ပထမဆုံး အများပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်းဟာ လာမယ့် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စတင်ပြီး ပြည်တွင်းခရီးစဉ်တွေ ဈေးသက်သာစွာနဲ့ ပြေးဆွဲပေးဖို့ လေယာဉ် တစီးရောက်လာခဲ့ပါတယ်။ 


လူဦးရေ ၁၈၀ ဆံတဲ့ Air Bus A 320-232, Xy-AGS လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ဇန်န၀ါရီလ ၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး- နေပြည် 
တော် ခရီးစဉ်ကို စမ်းသပ် ပျံသန်းခဲ့ပါတယ်လို့ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ အဆိုပါ အများပိုင် လေကြောင်းလိုင်းအတွက် ပထမလေယာဉ်ဖြစ်ပြီး ဒုတိယမြောက်လေယာဉ်က လည်း လာမယ့်လမှာ မြန်မာပြည်ကို ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Skype သို့ ငွေပေးချေနိုင်သည့် ၀န်ဆောင်မှုဝက်ဆိုဒ် စတင်

အွန်လိုင်းမှတစ်ဆင့် နိုင်ငံပေါင်း ၁၈၀ ကျော်သို့ ဖုန်းခေါ်ဆိုနိုင်သည့် Skype ဖုန်းခေါ်ဆိုမှု စနစ်ထဲသို့ ငွေဖြည့်တင်းနိုင်သည့် Website ဝန်ဆောင်မှုကို ယခုလမှ စ၍ လွှင့်တင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှု ဝက်ဘ်ဆိုက်မှာ www.mmskype.com  ဖြစ်ပြီး ငွေဖြည့်တင်းရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅  ဒေါ်လာမှ စ၍ ငွေဖြည့်တင်းရမည်ဖြစ်ပြီး ငွေသားကို MyanPay Online Payment Gateway မှတစ်ဆင့် ပေးချေနိုင်ကြောင်း သိရသည်။
ထို့အပြင် အင်တာနက်ဆိုင်များအတွက် ပိုမိုအဆင်ပြေလွယ်ကူစေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
“ငွေပေးချေစဉ် အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype  အကောင့်ထဲကို Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ်” ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။

မန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လေ့လာရေး စ


မြန်မာနိုင်ငံက ဘတ်စကတ်ဘော အားကစားသမားတွေရဲ့ အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေး ခရီးစဉ် ပထမနေ့အဖြစ် ဗုဒ္ဓဟူးနေ့မှာတော့ ၀ါရှင်တန်မြို့တော်နဲ့ အနီးတ၀ိုက်မှာရှိတဲ့ အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေ၊ မသန်မစွမ်း အားကစား သမားတွေရဲ့ လေ့ကျင့်မှုတွေ အပါအ၀င် အားကစား အထောက်အကူပြု အစီအစဉ်တွေကို သွားရောက် လေ့လာကြပါတယ်။

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ဆွေးနွေးပွဲတွင် KIA ပါဝင်မည်

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်မည်ဖြစ်ကြောင်း  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ၎င်းတို့ရုံးခန်း၌ပြုလုပ်သော လိုင်ဇာခရီးစဉ်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။