အများပိုင် အိုင်တီ ကုမ္ဗဏီ တစ်ခုဖြစ်ရေး ခြေလှမ်းပြင်
ပည်တွင်း အိုင်တီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်မည့် အများပိုင် ကုမ္ဗဏီတစ်ခု
ဖြစ်လာစေရန် ဦးတည်ကာ တည်ထောင်မှုအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ BOD အဖွဲ့ဝင် ဖြစ်သည့် ဦးမင်းဦးက ပြောသည်။
ကုမ္ပဏီကို စတင် လည်ပတ်ရန်အတွက် ကျပ်သိန်း တစ်သောင်းခွဲ ဝန်းကျင်လျာထားကာ BOD အဖွဲ့ဝင် ၉ ဦးဖြင့် စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။
ဦးမင်းဦးက “ အိုင်တီလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ အိုင်တီ လုပ်ငန်းရှင်တွေနဲ့ စိတ်ဝင်စားသူတွ စလုပ်တာပါ။
နောက်ပိုင်းမှာ အများပိုင် ကုမ္ပဏီဖြစ်လို့ Public ကို ရှယ်ယာတွေ ထုတ်ရောင်းမှာပါ။ ဒါတွေ အကုန်လုံးက အဆင့်ဆင့် သွားရမှာပါ။ ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း သိရ
ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသော
မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံရှိ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ
ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း Bangkok Bank
Public Company မှ တာဝန်ရှိ သူတစ်ဦးက သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ
Chatrium Hotel တွင် ပြုလုပ်ခဲ့သည့် Bangkok Bank ၏ Yangon Representative
Office in new location ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများသာ Bangkok Bank မှတစ်ဆင့် ငွေလွှဲပြောင်းနိုင်ပြီး ပြည်တွင်းရှိအစိုးရဘဏ်နှစ်ခုဖြစ်သော မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေးဘဏ်(MICB) နှင့် ပုဂ္ဂလိကဘဏ်လေးခုဖြစ်သော ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank)၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်တို့ ငွေလွှဲပြောင်းမှု ပြုလုပ်နိုင်ကြောင်း သိရသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ငွေလွှဲပြောင်းရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့ |
ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲရန်ညှိနှိုင်း
![]() |
![]() |
![]()
မော်လမြိုင် လေဆိပ်ကို တွေ့ရစဉ်
“၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မွန်စက်မှုကုန်သည်အသင်း အမှုဆောင်တွေနဲ့ SKY HUB INTERNATIONAL CO.,LTD ဒါရိုက်တာဦးဝင်းထွန်းဦး လာတွေ့ပါတယ်။ ထိုင်းနိုင်ငံ ခွန်ဒေါင်း၊ မဲဆောက်၊ မော်လမြိုင် တိုက်ရိုက်လေကြောင်း၊ ခရီးပြေး ဆွဲနိုင်ဖို့ ပဏာမ လေ့လာညှိနှိုင်းမှုအဖွဲ့ က စင်းလုံးငှား ဂျက်လေယာဉ်ငယ်နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လာဖို့ရှိပြီး မွန်ပြည်နယ်က ကျိုက်ထီးရိုးကို အခြေခံပြီး အခြားသွားသင့် |
ကူးတို့လှေ မှောက်၊ လူအယောက်၂၀ ကျော် ပျောက်ဆုံး
ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ
ကူးတို့ဆိပ်မှာ မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး
အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ်
ရဲစခန်းက ပြောပါတယ်။
ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

Subscribe to:
Posts (Atom)