ဆီးနှင့်ကျောက်ကပ်ရောဂါကင်းဝေးလိုလျှင်


(ဒေါက်တာအောင်မော်)

         ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး၏ တစ်ဘက်တစ်ချက်တွင် ရှိသော ကျောက်ကပါတစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်းများစွာအနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်၊ ကျောက်ကပ်တစ်ခုသည် ၅အောင်စခန့်သာ လေးသော်လည်း  ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်းကျော် ပါရှိလေသည်။