မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု

By ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) အဆိုပြုထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။ သောကြာနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် မစ္စတာ မစ်ချဲလ် ဟာ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှုးနဲ

အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆုံး အခြေအနေ


ရန်ကုန်၊ ဇွန်- ၂၉
အာရှဘော လုံးအဖွဲ့ချုပ် (AFC)က ပထမဆုံး အကြိမ်ကျင်း ပမည့် AFC U-22 အာရှဖလား အတွက်ခြေ စစ်ပွဲစဉ် များကို အုပ်စု(၇) စုခွဲ၍ ယခုနှစ်ဇွန်လ အတွင်း ကျင်းပလျက်ရှိသည်။ ရန်ကုန်တွင် ကျင်းပလျက်ရှိသည့် အုပ်စုတွင် ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်အပြီး တောင်ကိုရီးယားနှင့် အိမ်ရှင်မြန်မာအသင်းတို့သည် ရမှတ်(၇)မှတ်စီ တူညီနေသော်လည်း တောင်ကိုရီးယားအသင်းက (ဂိုးကွာခြားချက်)ဖြင့် အုပ်စုကို

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိ


   အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။

Daw Aung San Suu Kyi coming back from Europe Trip

အများပြည်သူအတွက် လုပ်ငန်းများ အချိတ်အဆက်ရှိဖို့ ပြည်တွင်းနဲ့ပြင်ပ ပူးပေါင်းမည်

ကရင်နီပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ကာလအတောအတွင်း အများပြည်သူအတွက် လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ပြည်တွင်းနဲ့ ပြည်ပက လူထုကိုယ်စားပြု လူမှုအသင်းအဖွဲ့တွေ အတူတကွပူးပေါင်းသွားကြမယ် လို့သိရပါတယ်။

״နောက်အနာဂါတ်အတွက် ကျနော်တို့ ပြည်တွင်း CBO’sတွေနဲ့ နယ်စပ် CBO’sတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာဖို့အတွက် ကျနော်တို့  Network အဖွဲ့လိုတယ်ဆိုပြီးတော့မှ Network တဖွဲ့ ဖွဲ့လိုက်တယ်လို့ ပြောရမှာပေါ့ ״လို့ကရင်နီ ဿသနာ ဖွံ့ဖြိုးရေး ကော်မီတီ KnRCDC က ဥက္ကဌ ခူတော်ရယ်သက် ကပြောပါတယ်။

ပြည်တွင်းပြည်ပ CBO အဖွဲ့များ ကွန်ယက် ဆက်သွယ်ရေး workshop တစ်ခု၌တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်အတွင်း အများပြည်သူအတွက် အလုပ်အကျွေးပြုရာမှာ

နစ်နာကြေးမရဘဲ အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ ရင်ဖွင့်


ဦးကြည်လှိုင် (ရွှေပြည်သာမြို့နယ် အုတ်ဖိုရွာ)
ကျနော်တို့ကတော့ ဘိုးဘွားတွေလက် ထက်ကတည်းကနေပြီးတော့ ရထားတဲ့လယ်မြေတွေ။ မြေဧကအားလုံး၂၇.၇၉ ဧက ရှိတယ်။ ကျနော့်အဒေါ် ဒေါ်အေးနာမည်နဲ့ ပေါက်တယ်။ ၁၉၈၆ နောက်ပိုင်း ကျနော်တို

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်မှာ ထိုင်း စိုးရိမ်



မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့တဲ့ မေလက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့

Tu Maung Nyo – ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ



သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊

လူတစ်သန်းကြိုဆိုရေး

အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆုံး အခြေအနေ

အာရှဘော လုံးအဖွဲ့ချုပ် (AFC)က ပထမဆုံး အကြိမ်ကျင်း ပမည့် AFC U-22 အာရှဖလား အတွက်ခြေ စစ်ပွဲစဉ် များကို အုပ်စု(၇) စုခွဲ၍ ယခုနှစ်ဇွန်လ အတွင်း ကျင်းပလျက်ရှိသည်။ ရန်ကုန်တွင် ကျင်းပလျက်ရှိသည့် အုပ်စုတွင် ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်အပြီး တောင်ကိုရီးယားနှင့်

မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား

မရမ်း ကုန်းမြို့နယ် တိုက်ပြို ကျမှုဖြစ် ပွားရာ ရပ်ကွက် အနီးတွင် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး အသတ် ခံရမှု  ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အသတ်ခံရသူမှာ မပိုးပိုးမွန် ဖြစ်ပြီး ၀မ်းဗိုက် လည်ပင်းနှင့်ပေါင်တို့တွင် ထိုးသွင်း ဒဏ်ရာ များဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ



ထိုင်းနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၌ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်။ ထိုမိန့်ခွန်းတွင် မြန်မာနိုင်ငံ ၏ အပြောင်းအလဲများကို နိုင်ငံတကာက အားပေး ကူညီရန် တိုက်တွန်းခဲ့သည် (ဓာတ်ပုံ – Reuters)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့

Google ၏ Nexus 7 Tablet အမျိုးအစားသစ် မိတ်ဆက်ပြသ


(၇)လက်မ အရွယ်အစားရှိ Screenသည် Resolution အရည်အသွေး 1280x800ထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး Storage ပမာဏ 8 GBနှင့် 16 GB ဖြင့် နှစ်မျိုးခွဲခြား ထုတ်လုပ် ရောင်းချသွားမည်ဖြစ်

Google ၏ Nexus 7 Tablet အမျိုးအစားသစ် မိတ်ဆက်ပြသ
Googleသည် Screen အရွယ်အစား သေးငယ်သည့် Tablet အသစ်တစ်မျိုးကို စတင်မိတ်ဆက် ပြသလိုက်ကြောင်း သိရှိရသည်။ Nexus 7 အမျိုးအစား Tabletသည် Googleထုတ် နောက်ဆုံး OS Versionဖြစ်သော Android 4.1 Jelly Beanကို ထောက်ပံ့ပေးနိုင်မည်ဟု


AFP ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပြင်သစ် သမ္မတဟောင်း Mr. Nicolas Sarkozy နှင့်ဇနီး Mrs. Carla Bruni Sarkozy တို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ပဲရစ်မြို့ ရီဂျင်နယ် ဟိုတယ်မှ ပြန်လည်ထွက်ခွာ လာစဉ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့မနက်ပိုင်း တည်းခိုရာဟိုတယ်ကို လာရောက်

မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်


လူတစ် ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကို တရုတ်-မြန်မာနှစ် ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
    ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသတင်း အခြေအတင် ဆွေးနွေးခြင်း


မဇ္ဈိမ ဝဘ်ဆိုက်တွင် ဇွန်လ ၂၁ ရက်စွဲဖြင့် “အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်” ဟု
ဖတ်လိုက်ရခြင်းအားဖြင့် အလွန်အားရဖွယ် ဖြစ်ရပါသည်။

၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ

နော်ဝေးမှ မြန်မာအား ဒေါ်လာသန်း (၇၀) ကူညီမည်


Naway_01ဤဒေါ်လာသန်း (၇၀) ကို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ကူညီမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် ဟာညူချမ် ခလိုရိုက ယမာန်နေ့၌

ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ


ရန်ကုန် (မဇ္ဈိမ) ။       ။ လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေရန်နှင့် လုပ်ငန်းခွင် သာယာရေး
ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်

ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်



ရန်ကုန် (မဇ္ဈိမ) ။       ။ ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့
ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း

ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်



ယမန်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် ဒေါက်တာ စင်ယာသီယာမောင်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဝေမိုး / ဧရာဝတီ)
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေသည့်

ကမ္ဘာ့ ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသော ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီး

ဗြိတိန် နိုင်ငံအပါ အ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်း စုကြည် ၏ ဥရောပ ခရီးသည် သူမအား ကမ္ဘာ့ ခေါင်းဆောင် တစ်ဦး အဖြစ် မှတ်ကျောက်တင် အသိ အမှတ်ပြု ခြင်းခံရသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့

မန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ ဆောင်ရွက်သူ အားလုံးကို ပြင်သစ် ထောက်ခံမည်

  ပြင်သစ် သမ္မတ ဖရနှ်ဆွာ ဟော်လန် ဒီက ပြင်သစ်သည် မြန်မာ့ ဒီမိုကရေ စီအပြောင်း အလဲတွင် ပါဝင် ဆောင်ရွက် သူအားလုံးကို ထောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်သို့ လာလည်ချင်ပါက

နယ်စပ်လူထုအကျိုး မယ်တော်ဆေးခန်း ပြည်တွင်းနဲ့ ပူးပေါင်း ဆောင်ရွက်လို


ဓာတ်ပုံ ASSOCIATED PRESS
နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပြည်ပခရီးစဉ်တွေ သွားလာနိုင်ပြီးတော့ လွှတ်တော် နိုင်ငံရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တဲ့အထိ အပြောင်းအလဲတွေ

မြန်မာ- ဘင်္ဂလာ ဒေခ်ျ့ နယ် စပ်တွင် ရေကြီး၊ မြေပြို၊ လူသေဆုံး မူများရှိ

ရခိုင် ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော မြို့နယ်နှင့် ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံ ဘက်အ ခြမ်းတွင် မိုးအဆက် မပြတ်ရွာ သွန်းနေ သဖြင့် နေရာအ များအပြား အား ရေနစ်မြုပ် နေပြီး ကားလမ်းများ ကျိုးပြတ်ကာ လူသေဆုံး မူများလည်း ရှိနေကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် အင်္ဂါနေ့က စတင်ရွာသွန်းခဲ့သော မိုးကြောင့် မောင်တော မြို့ပေါ် နေရာ အများအပြားတွင် ရေနစ်နေကြောင်း

ရန်ကုန် မြို့တွင် ကြိုးဆွဲချ သေဆုံးမှု တစ်ပတ် အတွင်း ခြောက်ကြိမ် ဖြစ်ပွား


ကင်ဆာ ဝေဒနာရှင် ကြိုးဆွဲ ချသေဆုံး ခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - Eleven Media Group
ရန်ကုန် တိုင်းဒေ သကြီး အတွင်း၌ အစိုးရ၀န် ထမ်းအိမ် ရာတွင် နေထိုင်သူ အမျိုးသမီး တစ်ဦး ဆေးကု သရန် ငွေကြေး အခက်အခဲ ကြောင့် ကြိုးဆွဲ ချသေ ဆုံးသည့်

စက်ရုံ သုံးရုံမှ အလုပ် သမား ဦးရေ ၃၀၀ ကျော် လျော့ချ


လှိုင်သာ ယာစက် မှုဇုန်ရှိ စက်ရုံ တစ်ခု၏ အလုပ် ခေါ်စာအား လာရောက် ကြည့်ရှု နေသူများ ဓါတ်ပုံ -Eleven Media Group

ရန်ကုန် တိုင်းဒေ သကြီး အတွင်း  လှိုင်သာ ယာစက် မှုဇုန်ရှိ ဆန္ဒဖော် ထုတ်မှုပြု လုပ်ခဲ့သည့် စက်ရုံ သုံးရုံမှ အလုပ် သမား ဦးရေ ၃၀၀ ကျော် လျော့ချ ခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်မှာ

AGD Bank ၌ နိုင်ငံခြား ငွေစရင်း ဖွင့်နိုင်တော့မည်

အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တွင် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ် လိုသူများ ဘဏ်စာရင်း ဖွင့်လှစ်နိုင်တော့မည်ဖြစ် သည်ဟု AGD ဘဏ်မှ ကြားသိရပါသည်။
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉

ဆိုးလ်-ရန်ကုန် တိုက်ရိုက်လေကြောင်း ပျံသန်းမည်

နာူးဒေလီ (မဇ္ဈိမ)။   ။ ကိုးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင်္ဘာလ ၁၃ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည်။

ကိုးရီးယား ထိပ်တန်း လေကြောင်းကုမ္ပဏီဖြစ်သည့်

ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌

မန္တလေးတက္ကသိုလ် ၃ ခုက ဆရာဆရာမ ၄၀ သမဂ္ဂဖွဲ့


မန္တလေးမြို့မှာ ရှိတဲ့ မန္တလေးတက္ကသိုလ် (ပင်မ)၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ် (မန္တလေး) တို့ပါဝင်တဲ့ တက္ကသိုလ် (၃) ခုက ကထိကများ၊ ပါမောက္ခများ စတဲ့ ဆရာ၊ ဆရာမဦးရေ (၄၀) ခန့်က ဘုန်းကြီးကျောင်း တခုမှာ ဒီကနေ့ နေ့လည် (၁) နာရီက တွေ့ဆုံ ဆွေးနွေးပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂကို ယာယီ ကော်မတီအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Wikipedia
မန္တလေး တက္ကသိုလ်၏ ပင်မ အဆောက်အဦဖြစ်ပါသည်။
ဒီယာယီ ကော်မတီကို မန္တလေးအဝေးသင် တက္ကသိုလ်၊

ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်



By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၂၅ရက်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို

မြစ်ကြီးနားမြို့ ရေကြီး စိုးရိမ်ရေမှတ်အထက်ေ၇ာက်နေ


ကချင် ပြည်နယ်မြို့တော် ၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးမှူကြောင့်
မြစ်ကြီးနားမြို့ စီတာပူမနော်ကွင်း (၂၅.၆.၂၀၁၂)ရက်နေ့ နံနက် (၁၁း၃၀)
အချိန် မြင်ရပုံ။


မြစ်ကြီးနားမြို့ မြစ်ရေကြီးမူ ဖြစ်ပွားနေပြီး စိုးရိမ်ရေ အမှတ် 1200cm တွင်ရှိရာ ယခု 1300cm သို့ရောက်ရှိ့နေပြီဖြစ်ကြောင်း မြို့အတွင်း သတိပေးကြေညာနေပါသည်။

ဧရာဝတီမြစ်ရေသည် ယနေ့ ဇွန် ၂၅ ရက်တွင် မြင့်တက်လာသောကြောင့် ကချင်ပြည်နယ်မြို့

တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ


ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူသည် တောထဲသို့ အင်ဥ(မှို) သွားရှာစားနေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ်

ဆန်စပါးကုမ္ပဏီများ လယ်သမားများကို ငွေထုတ်ချေးမှု ရပ်မည်


  
l

မြန်မာပြည်မှ လယ်စိုက်ကွင်းတခု
ပြည်တွင်း ဆန်စပါးအထူးပြု ကုမ္ပဏီများမှ တနိုင်ငံလုံးရှိ တောင်သူလယ်သမားများသို့ ထောက်ပံ့လျှက်ရှိသည့် ချေးငွေအကူအညီ အပါအ၀င် ထောက်ပံ့မှုအားလုံးကို လာမည့်မိုးစပါးရာသီမှ

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း

စံခလပူရီ (မဇ္ဈိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက်မှုတို့ ဤရက်ပိုင်း အတွင်း

သတင်း မြ၀တီတွင် ရွှေဆိုင် ဓားပြတိုက် ခံရပြန်

မြ၀တီ ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက် လာရောက်သူများကို ချစ်ကြည်ရေး တံတား ဂိတ်တွင် ထိုင်း လုံခြုံရေးများက စစ်ဆေးမှုများ ပြုလုပ်နေစဉ်(ဓာတ်ပုံ – မန်နေဂျာ အွန်လိုင်း)
ကရင်ပြည်နယ် မြ၀တီမြို့

နေအိမ် အမွေ ပိုင်ဆိုင်မှု ဆုံးဖြတ် ချက် ဒေါ်အောင်ဆန်း စုကြည် အယူခံ ၀င်မည်


AFP

ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ် ဖြစ်ပါသည်။


 တရားရုံးရဲ့ အမွေ ပိုင်ဆိုင်မှု ဆုံးဖြတ် ချက်အပေါ် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အယူခံဝင် မယ်လို့

တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန်

တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန် အမိန့်ချမှတ် ဟု သတင်းထွက်
ဂျာနယ်ကောက်နုတ်ချက်၊ ဇွန် ၂၄၊ ၂၀၁၂
ဇွန်လ ၂၂ နေ့စွဲဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာတွင် မြန်မာ့ထုံးတမ်းဓလေ့ ဥပဒေအရ ဗဟန်းမျြိ့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း။ အမှတ် ၄၅/၄၆ နေအိမ်နှင့် ခြံဝင်းကို အစ်ကို အောင်ဆန်းဦးနှင့် ညီမ ဒေါ်အောင်ဆန်းစုကြည်တို့က

ဗိတိန်မှ ကားဆားဗစ် စင်တာကြီး တစ်ခု မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည်


ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ

ရာခိုင်နှုန်း ၃၀ လျှော့၍ ဂျပန်နှင့် အမေရိကန်ကားများ ရောင်းမည်


ဂျပန်နှင့် အမေရိကန်ကားများကို ရာခိုင်နှုန်း ၃၀ အထိ လျှော့၍ ရောင်းချမည် ဖြစ်ကြောင်း သိရ သည်။

“နိုင်ငံတော်အစိုးရပိုင်းက

ဧရာဝတီတံတား(ရတနာသိင်္ဃ) ၂၀၁၂ခုနှစ် အပြီးတည်ဆောက်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ တံတားဆောက်လုပ်ရေးစီမံကိန်း  အထူးအဖွဲ့ (၁၄) က တည်ဆောက်  နေသောဧရာဝတီတံတား (ရတနာ သိင်္ဃ) တံတားကြီးကို ၂၀၁၂ ခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း

အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေဖို


(၁)
တစ်နေ့ ဂျာနယ်ဟောင်းများကိုရှင်းရင်းက နိုင်ငံခြားသတင်းနှစ်ပုဒ် ပြန်ဖတ်ကြည့်မိပါသည်။ သတင်းနှစ်ပုဒ်လုံး အရှေ့တောင်အာရှနိုင်ငံများမှ ဖြစ်သည်။ ကာလမှာ

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ

by FNG on June 23, 2012

Teen couple kissing in park outdoors
HKTလက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach
ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့်
Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာ သည် ဟု
ရန်ကုန် အခြေစိုက် အလှ အပ ရေးရာ မဂ္ဂဇင်း တစ်စောင် မှ

Farmers sue zaykabar over land grab

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း



မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၂၄) ရက် )

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက
 လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း

ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း


2012-06-22
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်က ဘင်္ဂါလီ မိသားစု တချို့နဲ့ သန်းခေါင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
RFA
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအား သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားသော ယာယီစခန်းများ ဖြစ်ပါသည်။
လုံခြုံရေးအရ နာဇီရပ်ကွက်၊

ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ

2012-06-22

မကွေးတိုင်း ရေစကြိုမြို့နယ် ငမြာကြီး၊ လေးရာပြည့်ရွာနဲ့ ငါးလန်ရွာက လူတွေဟာ ဧရာဝတီမြစ်ကမ်း ပြိုတဲ့အတွက် ရွာရွှေ့ပြောင်း ကြရပြီး နေရေးထိုင်ရေး သာမက ရေအခက်အခဲနဲ့ပါ ကြုံနေရတယ် လို့ ပြောပါတယ်။

RFA
ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်တွေကို

အင်တာနက်ရရှိရန် EVDO စနစ်ပါ ဆင်းကဒ် လဲလှယ်အသုံးပြုရမည့် CDMA 800 MHz



CDMA 800 MHz မိုဘိုင်းဖုန်းများ အင်တာနက်လိုင်းရရှိရန်အတွက် (EVDO)စနစ်ပါသည့် Sim Cardနှင့် လက်ရှိအသုံးပြုနေသည့် Sim Cardများအား

ဂျပန်အလုပ်ရှင်၏ လှောင်ပြောင်မှုကြောင့် အလုပ်သမားများ ပြန်လည်ဆန္ဒပြ


နယူးဒေလီ (မဇ္ဈိမ) ။       ။ စက်ရုံအလုပ်သမားအပေါ် လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ဂျပန်လုပ်ငန်းရှင်၏
ပြောစကားနှင့် ခနဲ့သည့် အပြုအမူများကြောင့် ပြေလည်နိုင်ဖွယ်ရှိသည့် မင်္ဂလာဒုံ စက်မှုဇုန် ၁ မှ FAMOSO အထည်ချုပ်စက်ရုံ အလုပ်သမားများ၏အရေး နှောင့်နှေးသွားရပြီး ဆက်လက်

မန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တရုတ် သတိပေး

မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေဟာ "အလျင်စလို" လုပ်လို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံပိုင်

သမ္မတ ဦးသိန်းစိန်ကို ဗြိတိန် ဖိတ်ကြားမှု ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ David Cameron က သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြား လိုက်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကို ဦးသိန်းစိန်က လက်ခံလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့် ရသူက မနေ့က ပြောဆိုပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က နေပြည်တော်တွင်

ဒေါ်စု ဗြိတိန် ပါလီမန်မှာ စကားပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ၀န်ကြီးချုပ် David Cameron တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ။ (ဇွန် ၂၁၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန်ထဲမှာ မကြာသေးခင် မိနစ်ပိုင်းလေး အတွင်းမှာပဲ မိန့်ခွန်းပြောလို့ ပြီးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို စောင့်ကြည့် နားထောင်နေတဲ့ မစုမြတ်မွန်က

နားရောဂါကြောင့် ခေါင်းမူးဝေခြင်း



မူးဝေခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားတတ်သည့် ဝေဒနာ တစ်မျိုး ဖြစ်ပြီး လူတိုင်း ခံစားဖူးကြပါမည်။  သွေးတိုးကြောင့် သော်လည်းကောင်း၊ ဆီးချိုကြောင့် သော်လည်းကောင်း၊ သွေးပေါင်ကျလျှင်

အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်


ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံများ ဖြစ်လာလိမ့်မည်ဟု စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့်

ယုဇနပိာုတယ်တွင် ကိုရီးယားအမျိုးသမီးသေဆုံး


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနပိာုတယ်၌ ဇွန်လ(၂၀)ရက်နေ့ နံနက်၃နာရီခွဲအချိန်တွင် ကိုရီးယား လင်မယားနှစ်ဦးတည်းခိုနေရာမှ ကိုရီိးယားအမျိုးသား၏ ဓားချက်ကြောင့် ကိုရီးယားအမျိုးသမီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း

လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ




နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ

ဒေါ်အောင်ဆန်းစုကြည် Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ဆု လက်ခံ


ဇွန် ၂၀၊ ၂၀၁၂


(photos – Getty Images)
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ယနေ့ လက်ခံရယူသည်။

စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်း


Antioxidant-rich cruciferous vegetables, such as cauliflower, tomatoes, broccoli and brussels sprouts, are linked to breast and prostate cancer prevention.
ဓာတ်ပုံ VOA

By ခင်မျိုးသက်

မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့  ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။
အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ

ဒလိုင်းလားမားနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တွေ့ ပြီ (ဓါတ်ပုံ)

နိုဘယ်ဆုရှင် တိဘက်ခေါင်းဆောင်
အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ။

မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍

ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင်  အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိနေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ပြီး ဗြိတိန်လွှတ်တော်၌

ပွေ့ဖက်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

by Health Articles on Monday, June 18, 2012 at 10:21am ·


လူတစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်တာက မျက်လုံးချင်း ဆုံပြီး ကြည့်တာထက် ပိုပြီး အကျိုးကျေးဇူးများပါတယ်။  လူတွေဟာ ကိုယ်ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆုံတဲ့အခါ ပွေ့ဖက်နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီလို ပွေ့ဖက်တာကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့ သို့သွားရောက်ရန် အတွက် အိုင်းရစ် အဆိုတော်ဘိုနို မှ သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ပေးအပ်ခဲ့


ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာလူ့ အခွင့် အရေးဆု ပေးအပ်ပွဲ နှင့် U2အဖွဲ့ အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ

သီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်


ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ်

မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း

မောင်တောတွင် UNHCR တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်း  ရရှိသည်။

ဖမ်းဆီးခံရသူမှာ မချိုလေးမာ ဆိုသူ  အမျိုးသမီး ဖြစ်ပြီး မောင်တော အမှတ် (၃) သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဒေသခံ

နော်ဝေမှာ မြန်မာတွေ ညီညွတ်ကြဖို့ ဒေါ်စုမှာကြား

နော်ဝေမှာ မြန်မာတွေ ညီညွတ်ကြဖို့ ဒေါ်စုမှာကြားမိခင်မွေးရပ်မြေနဲ့ဝေးနေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ အငြင်းပွားစရာဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို  စုပေါင်းဆွေးနွေးအဖြေရှာကြရင်းညီညွတ်ကြဖို့နဲ့   ဒီမိုကရေစီကြိုးပမ်းမှုတွေမှာလည်း

သတင်း ကိုကာကိုလာက မြန်မာအမျိုးသမီးများ အလုပ်အကိုင်အတွက် ဒေါ်လာ ၃ သန်း ကူမည်

ထိုင်းနိုင်ငံတွင် တွေ့ရသော ကိုကာကိုလာ ဖြန့်ချိရောင်းချရေး ကားတစီး (ဓာတ်ပုံ - Wikimedia)
မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည် ရင်းနှီးမြှုပ်နှံမည့် ကိုကာကိုလာကုမ္ပဏီက မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း အတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟု သိရှိရသည်။
ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် ကုမ္ပဏီကြီးတခုဖြစ်သည့်

ပြုပြင်ပြောင်းလဲရေး အားလုံးပါဝင်မှ ရေရှည်ခံမယ်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျမက အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ဘယ်လိုနေရာကမဆို ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခမ်းမမှာ

စစ်တွေ မြို့ပေါ်ရှိ ဆရာတော်ကြီးများ ရခိုင် အရေး အစိုးရထံ တောင်းဆိုမည်

ဆူပူအကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး များကရခိုင်တိုင်းရင်းသားများ အရေးကို အစိုးရထံတောင်းဆိုသွားမည်ဖြစ်ကြောင်းစစ်တွေမြို့ရှိ ၀ံလက်ဖောင် ဒေးရှင်းမှ ဦးသိန်းထွန်း အေးက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများသည် စစ်တွေမြို့ ဘုရားကြီးအနီး ကျားရုပ်ကျောင်း တိုက်၌ ယနေ့ (ဇွန်လ ၁၇ရက်) တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး

Toast To Freedom - Music Video (long version)

Aung San Suu Kyi_Nobel Peace Prize Speech on ABC24: 16 June 2012

သမ္မတအိုဘားမားရဲ့ စီးပွားရေးနိုးထမှုအစီအစဉ်နဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှု

မေလထုတ် အလုပ်သမားရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ အရင်လတွေနဲ့စာရင် အလုပ်လက်မဲ့ အရေအတွက် ဦးရေ မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။ သမ္မတက ပုဂ္ဂလိကစီးပွားရေးနယ်မှာ အဆင်ချောနေပါပြီလို့ အမေရိကန်သမ္မတအို

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု မိန့်ခွန်း



ဓာတ်ပုံ AP
ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံယူမည့် ခမ်းမအတွင်းသို့ ၀င်လာစဉ်။
၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို အခု အသံလွှင့်နေတဲ့ အချိန်မှာ ကျင်းပနေတာ အခု သတင်း မဖတ်ခင်ကလေးမှာပဲ