စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများစံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။

အစာရေ မျိုပြွန်ကင်ဆာ ဖြစ်နှုန်း လျော့ကျစေပါတယ်

အာဟာရဆိုင်ရာ လေ့လာမှုတစ်ရပ် အရ စံပယ် လက်ဖက်ရည်ကြမ်းကို မကြာ ခဏသောက်တာနဲ့ အစာရေမျြွိုပန်ကင် ဆာဖြစ်နှုန်း လျော့နည်းမှုအကြား ဆက် စပ်မှု ရှိကြောင်း သိရပါတယ်။ လက်ဖက် စိမ်း၊ အူလွန်လက်ဖက်ရည်နဲ့ စံပယ်ရနံ့ လက်ဖက်ရည်တွေကို သောက်တာ ကြောင့် အင်တီအောက်ဆီးဒင့် ရရှိမှု များကာ မသောက်သူတွေနဲ့ စာရင် အ စာရေမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းမှု ပိုရှိပါတယ်။

စိတ်ခံစားမှု ကောင်းမွန်ပြီး နှလုံးခုန် မြန်ဆန်မှုအား လျော့နည်းစေခြင်း

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း သောက်တာကြောင့် စိတ်တည်ငြိမ်စေပြီး နှလုံးခုန်နှုန်း မြန်တာကို လျော့ကျစေပါ တယ်။ လာဗန်ဒါနဲ့ စံပယ်ပန်းရနံ့ လက် ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကို တည် ငြိမ်စေပြီး နှလုံးခုန်ရင်တုန်ဝေဒနာကို လျော့ကျစေပါတယ်။

လေဖြတ်ခြင်း အန္တရာယ် လျော့ကျပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို လျှော့ကျနိုင်ခြင်း

တရုတ်လေ့လာမှု တစ်ခုအရ စံပယ် ပန်းရနံ့ လက်ဖက်ရည်ကြမ်းသောက်တာ ကြောင့် လေဖြတ်ဝေဒနာကို သိသိသာ သာ လျော့ကျစေတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။

စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်းကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် စိတ်ပူပင်သောက ကို လျော့ပါးစေပြီး စိတ်တည်ငြိမ်အေး ချမ်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက် ရည်သောက်သလို ကိုလက်စထရောကျ စေတာ၊ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာ၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်တာ၊ အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာတို့ လို ကောင်းကျိုးတွေကို ရရှိစေ ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်း မှာ ကဖင်းဓာတ် အနည်းငယ်ပါဝင်တဲ့ အ တွက် ကဖင်းဓာတ်နဲ့ မတည့်တဲ့ တချို့လူ တွေမှာ စံပယ်ရနံ့ လက်ဖက်ရည်များများ သောက်တာကြောင့် ရင်တုန်တာနဲ့ က တုန်ကယင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။ 

ကြယ်စင်

By Good Health

ကလေးငယ်များတွင် အရေးကြီးသည့် ရောဂါလက္ခဏာများ

(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း
ကလေးငယ်အသက်ရှူရခက် ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူ နိုင်ရန် ရင်ပတ်နှင့်လည်ပင်းကြက် သားများ အားပြုရသောကြောင့် နံရိုး များအကြား ရင်ပတ်ချိုင့်ဝင်ခြင်း၊ လည်ပင်းကြွက်သားများ ထိုးထိုး ထောင်ထောင်ဖြစ်လာခြင်း၊ အသက် ရှူစဉ် တရွှီးရွှီးမြည်ခြင်းတို့ဖြစ်လာပါက ဆေးရုံသို့အမြန်သွားပါ။

(၃) မွေးကင်းစကလေးများ၌ အဖျားကြီးခြင်း
မွေးကင်းစ နှစ်လအောက် ကလေးများ၌ အဖျားတိုင်းသည့်အခါ စအိုတွင်းသို့ သာမိုမီတာထည့် တိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင် ဟိုက် ကျော်ပါက ဆရာဝန်နှင့်ပြပါ။ မွေးကင်းစအဖျားသည် အအေးမိခြင်း မှ ဦးနှောက်အမြှေးရောင်ခြင်းအထိ ဖြစ်နိုင်ပြီး အခြားအရွယ်ကလေးများ ထက် ပိုမိုဂရုစိုက်ကုသရလေ့ရှိသည်။

(၄) အသားဝါခြင်း
မွေးကင်းစ အသားဝါလျှင် အလင်းကုထုံး (phototherapy) ပေး၍ကုသရလေ့ရှိသည်။ အသားဝါ စေသည့် ဘီလီရူဘင်ဓါတ် (bilirubin) အလွန်အမင်းမြင့်တက်လာပါက ကလေးငယ်၏ဦးနှောက်ကိုထိ ခိုက်စေပြီး ဉာဏ်ရည်မမီ သည်အထိ ဖြစ်စေသည်။

(၅) အစိမ်းရောင်၊ အညိုရောင် အန်ခြင်း
ကလေးငယ်များသည် မကြာခဏ အန်တတ်သူများဖြစ်သော်လည်း အစိမ်းရောင်၊ အညိုရောင်များ အန်ပါကဂရုစိုက်သင့်သည်။ အူလမ်း ကြောင်းပိတ်ခြင်းကြောင့် အစိမ်းရောင်အန်တတ်ပြီး ၀မ်းတွင်းသွေး ထွက်ခြင်းကြောင့် ကော်ဖီအနှစ်အညို မည်းရောင် (ကော်ဖီရည် အညို ဖျော့ရောင်မဟုတ်) အန်တတ်သည်။ ကလေးငယ်ဦးခေါင်းကို ထိခိုက်မှု ဖြစ်ပြီးနောက်အန်ပါကလည်း အရေး တကြီး စောင့်ရှောက်သင့်သည်။

သီဟ

Source:WebMD

Health Updates Journal Vol.2, No.37