
ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ထိုအခါ ရောဂါအပေါင်းဟာလဲ မဖိတ်ခေါ်ဘဲနဲ့ဝင်ရောက်လာကြပါတယ်။ အထူးသဖြင့် Life Style ပြောင်းလဲခြင်းကြောင့် ဖြစ်ပွါးရသော ရောဂါတွေထဲမှာ နှလုံးရောဂါ ၊ သွေးတိုးရောဂါတွေဟာ လူသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေပါတယ်။ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ အသက်ပေါင်းဟာလဲ မနဲလှပါဘူး။ စက္ကန့် ၊ မိနစ်နဲ့အမျှ သေဆုံးနေကြပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ ကျန်းမာကြစေဖို့ ၊ မနာကြင်ကြရစေဖို့ နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် Heart Attack ကြောင်းကို တင်ပြပေးလိုက်ပါတယ်။
နှလုံးသွေးငတ်ခြင်း ( AMI ) ဆိုတာဘာလဲ
နှလုံးသွေးငတ်ခြင်း (
AMI - Acute Myocardial Infarction ) ကို များသောအားဖြင့်
Heart Attack လို့သိကြပါတယ်။
Myocardial Infarction ဆိုတာ
Myocardium ( နှလုံးကြွက်သား ) နှင့်
Infarction (သွေးငတ်ခြင်းကြောင့် ကြွက်သားများသေဆုံးခြင်း ) ဆိုတဲ့ စကားလုံးက တဆင့်လာခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ AMI ကြောင့်မဟုတ်ဘဲ ၊
Sudden Cardiac Death ကဲ့သို့ အခြားနှလုံးရောဂါကြောင့်