လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။
Health Benefits of Sex လိင်နဲ့ကျန်းမာရေး
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။
Food combination အစားအစာ ဘယ်လို တွဲစားသင့်ပါသလဲ
အစားအစာ အမျိုးအစားတွေဖြစ်တဲ့ Carbohydrate (ကာဗွန်ဟိုက်ဒရိတ်)၊ Protein
(ပရိုတင်း) နဲ့ Fats (အဆီ) တွေဟာ အစာချေဘို့ရာ သူ့လိုအပ်ချက်နဲ့သူ
မတူကြဘူး။ ကိုယ်ခန္ဓာက အစာအမျိုးမျိုးကို (အယ်လ်ကာလိုင်း) အခြေအနေ နဲ့
အက်စစ်ဓါတ် အခြေအနေတွေမှာ ကျေချက်ပေးရတယ်။
Digestion အစာကျေချက်ခြင်းဆိုတာ အစာလမ်းကြောင်းကနေ ထုတ်ပေးနေတဲ့ Juices
စစ်ထုတ်ရည်တွေနဲ့ Enzymes (အင်ဇိုင်းမ်) တွေကနေ လုပ်ပေးတာဖြစ်တယ်။
စစ်ထုတ်ရည်တွေက လိုအပ်တဲ့ (အင်ဇိုင်းမ်) တွေအပေါ်မူတည်ပြီး အက်စစ်ဓါတ်
ဖြစ်ချင်ဖြစ်မယ်၊ (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်ချင်ဖြစ်မယ်။ ဒီလို
အခြေအနေမှန်အတိုင်း ရှိမှသာ အစာကျေချက်လို့ ကောင်းတယ်။
Subscribe to:
Comments (Atom)
