Lesions on penis ကျားအင်္ဂါ အနာများ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)

Mon, Jan 9, 2012 at 9:05 AM
ကျနော် ၃၃ နှစ်ရှိပါပြီ။ ကျနော့် ငယ်ပါမှာ တခါတလေ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။ အပူအအေးမမျှတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဆီးအောင့်တတ်ပါတယ်။ အများကြီးအောင့်တာတော့ မဟုတ်ဘူး။ အဖုလေးတွေ ဖောက်လိုက်ရင် အရေပြားပေါ်မှာ မိတ်တွေကို ဖောက်လိုက်ရင်ဖြစ်သလို ကျန်ခဲ့ပြီး ၂ ရက်လောက် ဆိုရင်တော့ ပျောက်သွားတတ်ပါတယ်။ အဲဒါဘာကြောင့်လဲ။

၁။ Genital herpes ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမျာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD/STI လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။



ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ(ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁ဝ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ Wart အနာက မုံလာပွင့်လို သဏ္ဌာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။ လိင်အင်္ဂါ ကြွက်နို့ Genital Warts ကိုဖတ်ပါ။

၃။ Syphilis ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre (ရှန်ကာ) လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် Syphilis (ဆစ်ဖလစ်) ရှိတယ်လို့ ခေါ်တယ်။

Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ ကျားလိင်တံမှာ တခုမက ပန်းရောင်နဲ့ အရေပြားပေါ်ခပ်ဖေါင်းဖေါင်းလေးဖြစ်တာမျိုးက Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တခါတလေ နာပြီး၊ ယားသလိုဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးတွေကို အားကိုးပါ။

၅။ Chancroid ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် (ရှန်ကာ) လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ Scabies ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ Abscesses ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးပြည်တည်နာ လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ Cancer penis လိင်တံ မှာလဲ ကင်ဆာ ဖြစ်တယ်။ အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။ လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။

သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

Dr. တင့်ဆွေ
၁၉-၈-၂ဝဝ၉

8 comments:

  1. ကျွန်တော့ပေါင်ခြံမှာ ပွေးလိုမျိုး အကွက်ကြီးဖြစ်နေတယ်ဆရာ ယားတာလည်းတအားပဲ
    အဂါင်္ တစ်ဝိုက်ဝိုက်ပြီးဖြစ်တာ မရိုသေစကား အမွေးတွေကြားထဲမှာကို ဖြစ်တာ အနားသတ်မှာအဖုသေးသေးလေးတွေ ရှိတယ်...
    အနာတစ်ခုလုံးတော့ မဟုတ်ဘူး...ပေါင်ကနေဝိုက်ပြီး စအိုဝမရောက်ခင် မှာ ပြန်ဆုံသွားတယ်... တစ်ခါတစ်လေ အဖုသေးသေးလေးတွေထဲမှာ ပြည်လိုမျိုးအရည်တွေတွေ့တယ် ကုတ်ရင်လည်း ခြောက်ပြီး အနားသတ်အတွင်းထဲမှာ အရည်ခွံ ကွာသလို
    အဖြူအဖတ်လေးတွေပါလာပြီးအဖြူကွက်လေးတွေ ဖြစ်နေတာတွေ့တယ် ဖြစ်တာတော့ ၁ နှစ် လောက်ရှိပြီ
    ဒီစာကိုဖတ်ပြီး ရင် ဖြေရှင်းနည်းလေးကို heartofoverlove.engineer@gmail.com ကို mail ပို့ပေးပါ

    ReplyDelete
    Replies
    1. ကျွန်တော့ပေါင်ခြံမှာ ပွေးလိုမျိုး အကွက်ကြီးဖြစ်နေတယ်ဆရာ ယားတာလည်းတအားပဲ
      အဂါင်္ တစ်ဝိုက်ဝိုက်ပြီးဖြစ်တာ မရိုသေစကား အမွေးတွေကြားထဲမှာကို ဖြစ်တာ အနားသတ်မှာအဖုသေးသေးလေးတွေ ရှိတယ်...
      အနာတစ်ခုလုံးတော့ မဟုတ်ဘူး...ပေါင်ကနေဝိုက်ပြီး စအိုဝမရောက်ခင် မှာ ပြန်ဆုံသွားတယ်... တစ်ခါတစ်လေ အဖုသေးသေးလေးတွေထဲမှာ ပြည်လိုမျိုးအရည်တွေတွေ့တယ် ကုတ်ရင်လည်း ခြောက်ပြီး အနားသတ်အတွင်းထဲမှာ အရည်ခွံ ကွာသလို
      အဖြူအဖတ်လေးတွေပါလာပြီးအဖြူကွက်လေးတွေ ဖြစ်နေတာတွေ့တယ် ဖြစ်တာတော့ ၁ နှစ် လောက်ရှိပြီ
      ဒီစာကိုဖတ်ပြီး ရင် ဖြေရှင်းနည်းလေးကိုပြောပြပေးပါ

      Delete
  2. ကျွန်တော့်လက်နှင့် ပေါင် ခြေသလုံးတို့မှာ အဖြူစက်လေးတွေ ညှင်းပေါက်သလို ပေါ်လာလိုက်ပျောက်သွား လိုက်နဲ့ ဖြစ်နေပါတယ်.ဆရာ.... အဖြူစက်ကလေးတွေကို လက်နဲ့ပွတ်လိုက်ရင် ခဏပျောက်သွားတယ်..ပြီးရင်ပြန်ပေါ်လာ တယ်..ရာသီဥတုအေးရင် ပိုပြီးဖြစ်ပါတယ်.ပြီးတော့အဲဒီအချိန်မှာ အသားပါပုံမှန်ထက်မည်းလာတယ်..ဖြေကြားပေးပါဦး ဘယ်လိုကုရမလဲလို့ပါဆရာ...
    နောက်တစ်ခုက (ကန်တော့ပါရဲ့) ကျားလိင်တံအရေပြားအောက်အထစ်မှာ အစက်ကလေးတွေပေါက်နေပါတယ်..ကြာပါပြီ..
    အဲဒါရောဂါလားဆရာ...ရောဂါဆိုရင်ရောဂါခြင်းများဆက်စပ်နေမလားလို့ပါဆရာ ကျေးဇူးပြုပြီး minnaypyitawthar@gmail.com ကိုဖြေရှင်းနည်းလေးပို့ပေးပါခင်ဗျား

    ReplyDelete
  3. ဆရာ No 8 လိုမျိုးဖြစ်နေတယ် ဗျ အဲ့ဒါ ဘယ်လို မျိုး ကုသလို့ ရမလဲ ပီးတော့ ဘာဆေးတွေ များ အသုံးပြုရမလဲ အဲ့ဒါ လမ်းညွှန် ပေးပါဦး။abignoise707@gmail.com

    ReplyDelete
  4. ဆရာ ကျွန်တော်လေ လိင်တံကနေ ပြည်ရေ အဝါရောင်ထွက်ထွက်နေတယ် နာလည်းနာတယ်ဖြစ်တာ တလ နီးပါးရှိနေပီ ဘယ်လိုဆေးများဝယ်သောက်သင့်သလဲ ခင်ဗျာ

    ReplyDelete
  5. ဆရာ ​လိင်​တံ ထိပ်​မှာ အဖြူ​ရောင်​လို ပြစ်​ချွဲချွဲ အဖက်​ပုံစံ​တွေ ရှိ​နေတယ်​ဆရာ.သား​ရေ အတွင်းပိုင်းမှာပါဆရာ.ယားသလိုလို နာသလိုလို​ဖြစ်​တယ်​ဆရာ.ဘယ်​လိုကုသရမလဲ ဆရာ.ရိုင်းတာရှိရင်​ ခွင့်​လွှတ်​ပါခင်​ဗျာ

    ReplyDelete
  6. ဆရာ ​လိင်​တံ ထိပ်​မှာ အဖြူ​ရောင်​လို ပြစ်​ချွဲချွဲ အဖက်​ပုံစံ​တွေ ရှိ​နေတယ်​ဆရာ.သား​ရေ အတွင်းပိုင်းမှာပါဆရာ.ယားသလိုလို နာသလိုလို​ဖြစ်​တယ်​ဆရာ.ဘယ်​လိုကုသရမလဲ ဆရာ.ရိုင်းတာရှိရင်​ ခွင့်​လွှတ်​ပါခင်​ဗျာ

    ReplyDelete