
အသက် ၅၅ နှစ်ကျော်အရွယ် အမေရိကန် နိုင်ငံသားတို့အနေဖြင့် မှတ်ဥာဏ်ယိုယွင်း ကျဆင်းခြင်းကို စိုးရိမ်မှု ကြီးမားနေကြသည်။ အယ်လ်ဇိုင်းမား ဖောင်ဒေးရှင်းအဖွဲ့၏ အဆိုအရ လူဦးရေ ၄ သန်းကျော်သည် အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရပြီး ၄င်းအရေအတွက်သည် ၂၀၅၀ ခုနှစ်သို့ ရောက်ရှိလျှင် ၄ ဆခန့် တိုးပွားလာဖွယ်ရာ ရှိသောကြောင့် ထိုသို့စိုးရိမ်မှုကို နားလည်သင့်ပေသည်။