သတိထား ဖွယ်ရာ HFMD ကလေး ကူးစက်ရောဂါ

 ခြေ၊ လက်နှင့် လျှာတွင် ဖြစ်ပွားသော (Hand, Foot and Mouth Disease – HFMD) ရောဂါ တမျိုးသည် ထိုင်းနိုင်ငံ၌
ဖေါ်ထုတ်၍ မရသေးသော ရောဂါသစ် တမျိုးဖြစ်သည်ဟု ထိုင်းမီဒီယာများ၌ ပညာပေး သတိပေးနေကြပါသည်။ ဤရောဂါ ၏ ဇစ်မြစ်ကို မသိရှိရသေးသည့်အတွက် ခြေလက်လျှာ (HFMD) ရောဂါဟု နာမည်ပေးထားပါသည်။
ရောဂါ လက္ခဏာမှာ အသက် ၁၂ နှစ်အောက် ကိုယ်ခံအားနည်းသော ကလေးများတွင် အဖြစ်များသည်။ အထူးသဖြင့် ပါးစပ်၊ လက်နှင့် ခြေထောက်များတွင် မီးလောင်ဖု ကဲ့သို့သော အရည်ကြည်ဖုများ ပေါက်ကာ အသားများ ရိတတ်ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ထားပါသည်။
အသက် ၂ နှစ် မှ ၅ နှစ် အရွယ် ကလေးငယ်များက ပိုမိုဖြစ်ပွားတတ်သည်ဟု ဆိုပါသည်။ ဘာကြောင့်ဖြစ်ပွားသည်ကို မသိရှိရသေးသည့်အတွက် ထိုင်းနိုင်ငံထဲသို့ နယ်စပ်မှ တဆင့် ၀င်ရောက်လာသော ကလေးငယ်များကို ထိုင်းနိုင်ငံက စစ် ဆေးနေပါသည်။ ထိုင်းသတင်းစာ တခုဖြစ်သော ဘန်ကောက်ပို့ သတင်းစာထဲ၌ ---

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နှင့် ကုသခြင်း

ဆီးလမ်းကြောင်း စနစ်မှာ ပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်း ပိုးဝင်တယ်လို့ ဆိုပါတယ်။ များသော အားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ် အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါ လက္ခဏာအချို့ကိုတွေ...့ရတတ်ပါတယ်။
ရောဂါလက္ခဏာတွေဟာ လျှပ်တပြက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း
-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း

.ကော်ဖီ သောက်လျှင် ခေါင်းကြည်၍ ဖျတ်လတ်သည် ဆိုခြင်းမှာ စိတ်လှည့် စားမှု သာဖြစ်သည်



ဘရစ်စတို ယူနီဗာစီတီမှ သုတေသန ပြုလုပ်သူ များသည် လူပေါင်း ၃၇၉ ယောက်အား ၁၆ နာရီ ကြာမျှ ကော်ဖီ သောက်သုံးခြင်းမှာ ရှောင်ထား ခိုင်းပြီး လူအချို့အား ကော်ဖီ (ကဖေးသောက်စေခြင်း) လူအချို့အား ကော်ဖီ မဟုတ်သော ပလဲစီဘို (placebodummy drink) အား သောက်သုံး စေပြီး ကော်ဖီ သောက်သုံးခြင်း (ကဖင်းသုံးစွဲခြင်း) ၏ အာနိသင်အား စမ်းသပ်မှု ပြုလုပ်ခဲ့ ကြပါတယ်။ အဆိုပါ လေ့လာချက်အား နျူရိုဆိုက် ကို ဖာမာကော်လော်ဂျီ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။
ဒေါက်တာ ပီတာရော်ဂျား(စ်) မှာ အဆိုပါလေ့လာမှု၏ ဦးဆောင်သူဖြစ်ပြီး စိတ်ပညာ ဌာနမှ ဖြစ်ပါတယ်။ သူ၏ လေ့လာမှုနှင့် ပတ်သက်၍ ပြောကြားရတွင်

“ ကျွန်တော်တို့ ကော်ဖီ သောက်သုံးတဲ့ အတွက် အကျိုး ကျေးဇူး ကောင်းတွေ ရရှိ တယ်ဆိုတာ မဟုတ် မမှန်ပါဘူး၊ ကော်ဖီ သောက်သုံးတဲ့ အတွက် ဖျတ်လတ်မှု alertness ရရှိ တာတော့ မှန်ပါတယ်။ ကော်ဖီက ကျွန်တော်တို့ကို ပုံမုန် ပြန်ဖြစ်ရုံ သာစွမ်းဆောင် နိုင်ပါတယ်။