Anemia (အနီးမီးယား) ခေါ် သွေးအားနည်းရောဂါ
ဒုက္ခသည်ကို (ရဖြူဂျီ)လို့ပြောရင် ပိုနားလည်ကြတယ်။ အိန္ဒိယကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေဟာ ဗမာမဟုတ်သူက အများကြီး များလို့ စကားအသုံးအနှုန်း အတော်ရွေးရပါတယ်။ ကျွန်တော့်ဆေးခန်းလေးကို (ရဖြူဂျီ) ဆေးခန်းလို့ ပြောကြတော့ ကိုယ့်လူမျိုးတွေကို ဒုက္ခရောက်နေသူတွေလို့ မပြောချင်တာနဲ့ (ကွန်မြူနတီ) ဆေးခန်းလို့ နာမည်တပ်ပါတယ်။
လက်မှသည်ခန္ဓာကိုယ် တစ်ခုလုံးနုပျိုစေဖို့
ပြီးခဲ့တဲ့လက ခြေထောက်အတွက် အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းကောင်းတွေကို တင်ပြခဲ့ပြီး ပါပြီ။ ဒီလတော့ ပိုပြီး ပြည့်စုံသွားအောင် လက်အတွက် အလှအပ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းကောင်းတွေကို အပြီးသတ် ဖော်ပြပေးလိုက် ပါတယ်။
ကျန်းမာရေးအတွက်အရေးပါတဲ့(Hair Care)
 နိုင်ငံ တစ်နိုင်ငံရဲ့ ရာသီဥတု၊ ရေမြေ၊ အစားအသောက်ကို လိုက်ပြီး ပြောင်းလဲရတဲ့ အထဲမှာ လူသားတွေရဲ့ အလှအပအတွက် မရှိမဖြစ် အရေးပါတယ်လို့ ဆိုရမယ့် ဆံပင်တွေလည်း ပါဝင်ပါတယ်။
အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်
Blog Entry
Sep 25, '10 2:49 AM
for everyone
က
မ္ဘာပေါ်မှာ လူပေါင်း ၃၇၀ သန်း ရောဂါဖြစ်နေပြီး၊ နှစ်တိုင်း လူ ၁ သန်း သေဆုံးနေရတဲ့၊ အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်
http://www.hivandhepatitis.com/0_images_2008/hepatitis-b2.jpg
  1. ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
  2. ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်..
Hepatitis A, B, C, D, E အသဲရောင်ရောဂါများ
အသဲ၏အလုပ်များ
Hepatitis A အသဲရောင် အေ
Hepatitis B အသဲရောင် ဘီ
Hepatitis C အသဲရောင် စီ
Hepatitis D အသဲရောင် ဒီ
Hepatitis E အသဲရောင် အီး
အသဲ၏အလုပ်များ
အသဲသည် အလုပ်ပေါင်းများစွာ လုပ်ပေးသည်။
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော-သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။
အရိုးပွရောဂါ အားကစားနှင့် ကာကွယ်ပါ
သင် အိုမင်းသောအခါ အရိုးပွရောဂါ၏ ညှဉ်းဆဲမှုကို ခံစားချင်ပါသလား။ အောက်ပါဆယ်ချက်ကို သေချာစဉ်းစားသင့်သည်။ လက်တွေ့နှင့် ပေါင်းစပ်ပြီး သင့်ဘ၀တွင် ကျင့်သုံးသင့်သည်။
၁။ သွေးတိုးရောဂါနှင့် တွဲနေသည်။
အဓိကအကြောင်းရင်းမှာ သွေးတိုးရောဂါရှင်များ၏ ဆီးမှ ကယ်စီယမ်ဓာတ် စွန့်ထုတ်မှု များလာသောကြောင့် ဖြစ်သည်။ လန်ဒန်ဆေးတက္ကသိုလ်နှင့် ပိစ်ဘတ်တက္ကသိုလ်မှ သုတေသီများသည် အမျိုးသမီး ၄၀၀၀-၏ အရိုးသိပ်သည်းဆနှင့် သူတို့၏ သွေးပေါင်ချိန်ကို တိုင်းတာမှတ်တမ်းပြု၍ သုတေသနပြုခဲ့သည်။
ကိုယ်လက်လေ့ကျင်ခန်းနှင့် အယ်လ်ဇိုင်းမား ရောဂါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါက အသက်အရွယ် ရလာသည့်အခါ မှတ်ဉာဏ်ချို့တဲ့သော အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။
လမ်းလျှောက်ပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေနိုင်
နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်း အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
ဆေးသိပ္ပံနည်းကျ သတိပြုဖွယ်များ
( မျက်နှာသစ် )
မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင် များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေးလည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။
ခါးနာ ဒူးနာ မခက်ပါ
ခါးနာ ဒူးနာ ဖြစ်ခဲ့သော်
ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ
  ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့လွယ်လွယ်ကူကူ bad breath ပေါ့။
Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေ အနေ တစ်ခု ဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ
စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုး တွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။
သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း
ဝမ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။
ဇီဝက (ဆေး-၂) မှ တင်ဆက်သည်: အရွယ်တင်နုပျိုနည်း ၅ နည်း
ဇီဝက (ဆေး-၂) မှ တင်ဆက်သည်: အရွယ်တင်နုပျိုနည်း ၅ နည်း: "သင်အရွယ်တင်နုပျို လိုပါသလား။ နုပျိုလိုတယ်ဆိုရင် ပိုက်ဆံတပြားမှ မကုန်တဲ့ နည်းလေး ၅ ခု ရှိတယ်။လေ့ကျင့်ခန်းလုပ်ပါ - လေ့ကျင့်ခန်းသည် အရွယ်တင်နု..."
ဆီးနှင့်ကျောက်ကပ်ရောဂါကင်းဝေးလိုလျှင်
(ဒေါက်တာအောင်မော်)
         ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး၏ တစ်ဘက်တစ်ချက်တွင် ရှိသော ကျောက်ကပါတစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်းများစွာအနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်၊ ကျောက်ကပ်တစ်ခုသည် ၅အောင်စခန့်သာ လေးသော်လည်း  ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်းကျော် ပါရှိလေသည်။
အမြဲလိုလို မောပန်းနွမ်းနယ်နေပါသလား
သင်ဟာ ညဘက်မှာ အိပ်ရေးပျက်ခဲ့တယ်ဆိုရင် နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်နေမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ သင်ဟာ ကောင်းကောင်း အိပ်စက်ပြီး အာဟာရပြည့်ဝအောင် စားသောက်ပါလျက်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါလျက်နဲ့ ပင်ပန်းနွမ်းနယ်နေသလိုမျိးလည်း ခံစားရနိုင်ပါတယ်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
ရေသောက်ခြင်း၏ အကျိုးများ
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
    * နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
ဝမ်းမှန်စေလိုလျှင်
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
1   နေ့စဉ်10မိနစ်မှ မိနစ်30အထိ လမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2   နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
မှတ်ဥာဏ်ကောင်းဖို့ လမ်းလျှောက်စို့
အသက် ၅၅ နှစ်ကျော်အရွယ် အမေရိကန် နိုင်ငံသားတို့အနေဖြင့် မှတ်ဥာဏ်ယိုယွင်း ကျဆင်းခြင်းကို စိုးရိမ်မှု ကြီးမားနေကြသည်။ အယ်လ်ဇိုင်းမား ဖောင်ဒေးရှင်းအဖွဲ့၏ အဆိုအရ လူဦးရေ ၄ သန်းကျော်သည် အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရပြီး ၄င်းအရေအတွက်သည် ၂၀၅၀ ခုနှစ်သို့ ရောက်ရှိလျှင် ၄ ဆခန့် တိုးပွားလာဖွယ်ရာ ရှိသောကြောင့် ထိုသို့စိုးရိမ်မှုကို နားလည်သင့်ပေသည်။
ကြက်သွန်နီ က နှလုံးရောဂါ ကာကွယ်ပေးနိုင်
ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်
ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက
ကြေငြာကြွေးကြော်လိုက်ကြသည်။
ဖိုမ ဆက်ဆံစဉ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ...
ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြုံနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။
G-spot နှင့် ကာမ သုခ
လိင်မှု ရေးရာ ကျွမ်းကျင်သူများ၏ ဖက်ရှင်တစ်ခုအဖြစ် ယနေ့ပြောဆိုနေသော စကားလုံးမှာ G-spot ဆိုသော စကားဖြစ်ပြီး လိင်မှု ရေးရာအကြောင်း ပြောဆိုသည့်အခါ မပါမဖြစ် ပါဝင်နေသော စကားလုံး ဝေါဟာရ တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။
ကျန်းမာရေးကောင်းအောင် ဇနီးမောင်နှံ အတူတူနေပါ
လိင်ဆက်ဆံမှုဟာ သင်ရဲ့စိတ်ခံစားမှုကို ကောင်းစေတာကိုတော့ သင်သိပြီးသားပါ။ ဒါပေမဲ့ Sex ဟာ သင်နဲ့ သင့်အမျိုးသား ကျန်းမာရေး အတွက် နည်းပေါင်းများစွာနဲ့ ကောင်းမွန်စေတာကိုတော့ သင်သိသေးမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ခန္ဓာကိုယ်မှ ဟော်မုန်းတွေ ထွက်လာတာကြောင့် နာကျင်မှု သက်သာကာ ကင်ဆာ ဖြစ်နိုင်ခြေ နည်းတာ၊ ခုခံအားစနစ် ကောင်းမွန်တာနဲ့ မီးယပ်သွေးဆုံး ဝေဒနာပါ သက်သာနိုင်ကြောင်း သိရပါတယ်။
မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ
လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။
လက်ထပ်ပြီးချိန်မှစကာ သက်ဆုံးတိုင် ချစ်ခရီးလမ်း သာယာရလေအောင်
အိမ်ထောင်ရေး အများစုဟာ အိမ်ထောင်သက်ကြာလာလေလေ ကြည်နူး နှစ်သိမ့်မှု လျော့ကျသွားလေလေ ဖြစ်တတ်ပါတယ်။ တချို့ဇနီးမောင်နှံဆိုရင် လက်မထပ်ခင်က ချစ်ခင်ခဲ့တဲ့ ပုံစံနဲ့ လုံးဝနီးပါး ကွာခြားသွားတတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်ရေးမှာ ကျေနပ်ပျော်ရွှင်ခြင်း မရှိတော့ပဲ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ အိမ်ထောင်သက် တစ်လျှောက်လုံး ပျော်ရွှင်ကျေနပ်စေဖို့ နေ့ရက်တိုင်းကို လက်ထပ်ပြီးစလိုပဲ သဘောထားကြည့်သင့်ပါတယ်။
အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ
Liver
အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။
Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး
“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။
school activities
Posted by Picasa
ပညာရေး
ကျောင်းဆက်တက်ဖို့  အဆင်မပြေကြသူများအတွက် အောက်မှာပေးထားတဲ့
လင့်ခ်တွေကို သွားကြည့်နိုင်ပါတယ်…သူတို့ကကျောင်းတက်နိုင်အောင် ထောက်ပံ့ကြေး
တွေပေးပါတယ်…လူတိုင်းကိုပေးတာတော့မဟုတ်ဘူးပေါ့နော်…
http://www.prospectburma.org/
http://www.soros.org/initiatives/scholarship/focus_areas/supplementary_asia
http://www.childsdream.org/
ပျိုမေတို့အတွက်ငှက်ပျောသီး
ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။