
လန်ဒန်မြို့ အီကွေဒေါသံရုံးတွင် ခိုလှုံနေသည့် အငြင်းပွားဖွယ် ၀ီကီလိ ၀က်ဆိုက် တည်ထောင်သူ ဂျူလီယံ အာဆန့်ကို ခိုလှုံခွင့်ပေးကြောင်း အီကွေဒေါနိုင်ငံ၏ ကြေညာချက်က ပြီးခဲ့သည့် နာရီပိုင်းအတွင်း ထွက်ပေါ်လာသည်။
သို့သော်လည်း ဗြိတိန်အာဏာပိုင်တို့က သူ့ကို သံရုံးပြင်ပသို့ထွက်သည်နှင့် ဖမ်းဆီးမည့် အစီအစဉ်ရှိသည်ဟု ဆိုလိုက်သည်။
ဖမ်းဆီးရမိပါက လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့်အာဆန့်သည် သူ့အား စစ်ဆေးမည့် ဆွီဒင်နိုင်ငံသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုသည် ဆွီဒင်နိုင်ငံတွင် ကွန်ဒုံ အသုံးမပြုဘဲ လိင်ဆက်ဆံခဲ့မှု ဖြစ်သည်ဟု သိရသည်။
သူ၏ ၀ီကိလိ ၀က်ဆိုက်တွင် အမေရိကန်သံတမန်လောက၏ လျှို့ဝှက်ပေးစာ နှစ်သိန်းကျော်ကို ဖွင့်ချထားသည့် အတွက် အမေရိကန်ကလည်း သူ့ကို အလိုရှိနေသည်။