အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား




အခုဆိုရင် ​အီဘိုလာ ​ဗိုင်းရပ်စ် ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၇၃၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။

အဲဒီရောဂါ ​ခံစားနေရသူ ​တွေကို ​တခြားနေရာ ​သွားခိုင်းမှာ ​မဟုတ်ပဲ ​ရဲတွေ၊ ​စစ်တပ်တွေနဲ့ ​အစောင့် ​အကြပ် ​ထားပြီး ​ရောဂါမပျံ့နှံ့အောင် ​ထိန်းသိမ်း ​သွားမယ်လို့ ​Sierra ​Leone ​နိုင်ငံ ​သမ္မတက ​ပြောပါတယ်။

Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံ ​နှစ်ခု ​စလုံးမှာ ​ရောဂါပျံ့နှံ့မှု ​ထိန်းသိမ်းတဲ့ ​အနေနဲ့ ​လူစုလူဝေး ​ပြုမှုတွေ ​ကိုလည်း ​ကန့်သတ်မှု ​လုပ်လိုက် ​သလို ​သေဆုံးမှု ​မှန်သမျှကို ​အာဏာပိုင်တွေကို ​အသိပေးဖို့ ​လည်း ​ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ ​Guinea, ​Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​ပျံ့နှံ့နေ ​တာဖြစ်ပြီး ​အဲဒီနိုင်ငံက ​လူတွေကိုလည်း ​အိမ်နီးချင်း ​နိုင်ငံတွေက ​အဝင်အထွက် ​ကန့်သတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီပိုးကို ​နှိမ်နင်းဖို့ ​အတွက် ​အရေးပေါ် ​ဒေါ်လာ ​သန်း ​၁၀၀ ​လောက် ​လိုမယ်လို့ ​လည်း ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောပါတယ်။ ​ဒါပေမဲ့ ​အခုအချိန် ​အထိ ​ဒီရောဂါပိုး ​အတွက် ​ကာကွယ်ဆေးတွေ ​မရှိသေးပါဘူး။ ​အနောက် ​အာဖရိက ​နိုင်ငံတွေကနေ ​တခြားနိုင်ငံတွေဆီ ​ကူးစက်မှာကို ​စိုးရိမ်တဲ့ ​အတွက်လည်း ​အမေရိကန် ​US ​peace ​corps ​အဖွဲ့က ​အာဖရိက ​အနောက်ပိုင်းက ​သူ့ရဲ့အမှုထမ်းအယောက် ​၃၄၀ ​ကိုလည်း ​ပြန်လာဖို့ ​စီစဉ်ပေးနေပြီ ​ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာကြောင်း ​၁၉၇၆ ​ခုနှစ်မှာ ​သိရှိကြတာ ​ဖြစ်ပါတယ်။ ​အီဘိုလာပိုးရှိနေတဲ့ ​လင်းနို့က ​တခြားအကောင်တွေကို ​ကိုက်မိပြီး ​အဲလို ​အကိုက်ခံရတဲ့ ​သားကောင်တွေကို ​လူတွေက ​စားမိတဲ့အခါ ​ရောဂါကူးစက်တာဖြစ်ပါတယ်။ ​လူတစ်ဦးကနေတစ်ဦး ​ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-01/1351140

အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

ကလေးငယ်များကို မတိုက်သင့်သည့် ဆေးများ




(၁) အအေးမိချောင်းဆိုး သက်သာ ဆေးများ
ဈေးကွက်တွင်းအလွယ်တကူရရှိနိုင်သည့် အဖျားကျဆေး၊ ချောင်း ဆိုးပျောက် ဆေးရည်များသည် တစ် နှစ်အောက်ကလေးငယ်များ သုံးစွဲရန် မသင့်တော်ပေ။ ကလေးငယ်အတွက် သတ်မှတ်ထားသော ဆေးပမာဏ ကျော်လွန်သွားလျှင် ကလေးနှလုံး ခုန်မြန်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်း အထိဖြစ်နိုင်သည်။

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ



ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

၁။ Multi-Vitamins အားဖြည့်ဆေး မှီဝဲပါ

ဗီတာမင်မျိုးစုံ ပါဝင်သော အားဖြည့်ဆေးကို မှီဝဲခြင်းကြောင့် အအေးမိနဲ့ တုပ်ကွေးရောဂါ အပါအဝင် ရောဂါပိုး ဝင်ရောက်နိုင်ခြေ ၇၆ ရာခိုင်နှုန်းထိေ
လျှာ့ချနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်စေသော နေ့စဉ်စားသောက်နေကြ အစားအစာအချို့


ကျွန်တော်တို့လူသားများ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသည်နှင့်အမျှ ကင်ဆာရောဂါဖြစ်ပွားမှု အနေအထားလဲ တဖြည်းဖြည်း မြင့်တက်လာတာ ကို တွေ့ရှိရပါတယ်။ ပီးတော့ ကျနော် တို့မြန်မာနိုင် ငံကလည်း ကင်ဆာဖြစ်ပွားမှုအများဆုံး နိုင်ငံစာရင်းမှာ နံပါတ်

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ


ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ

သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေဖို့ နည်းလမ်း



အဆီပို မရှိ သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင် လိုသူ အားလုံး အတွက် အရိုးရှင်းဆုံး အလွယ်ဆုံး နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ


 ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။

Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း




အသက် ၃၆ နှစ်ပါဆရာ။့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အခု ပထမဦးဆုံးကိုယ်ဝန်ဆောင်ထားတာ ၃ လကျော် ရှိပါပြီ။ အရင်ထဲက ခြေသလုံးကြောတက်တတ်တဲ့ရောဂါရှိပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာ ပိုတက်ပါတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်သင့်ပါသလဲရှင့်။

သင်လုပ်တဲ့ အလုပ်မှာ စိတ်အားထက်သန် ပြင်းပြမှု လုံလောက်အောင် ရှိပါရဲ့လား - TechSpace Journal




အခုခေတ်မှာ တော်တော်များများက ဒါလုပ်ဖို့အတွက်လား ဘာပေးရမယ်၊ ဘယ်လောက် အပင်ပန်းခံရမှာလည်း၊ အဲ့ဒီအတွက်ကော ဘာရမှာလည်း ဆိုတာကို အရင်ဦးဆုံး မေးကြတယ်။ အဲ့ဒါမှ မရရင် မလုပ်ဘူးဆိုပြီး ငြင်းတက်ကြတယ်။

ဒါလုပ်မယ် အဲ့ဒီအတွက် ဒီ Result ငါရကို ရမယ်လို့ ကိုယ့်ကိုယ်ကို Challenge လုပ်တာမျိုး။ သူများအတွက် ဆိုရင်လည်း ဒါလုပ်ပေးမယ်။ ဒါရရင်တော့ ဒါပေးရမယ် ဆိုတာမျိုး Challange လုပ်တာ သိပ်မတွေ့ရဘူး။

ဘာနဲ့ အလားတူသလဲဆိုတော့ အခု ပြိုင်ပွဲမှာ မင်းပြိုင်ရမယ် ပြိုင်တော့ကွာလို့ စပြီး ပြိုင်ပွဲဝင်ခိုင်းရင် ကျွန်တော် ပထမဆုရမှာလား၊ ဘာရမှာလည်း၊ ပြိုင်နေတဲ့အချိန် ရေပူရေချမ်း ဘယ်သူက ကမ်းမှာလည်း၊ အားပေးမဲ့သူရော ရှိမှာလား၊ အဲ့ဒါတွေ ပေးမှ၊ ရှိမှ၊ ရမှ ပြိုင်မယ်ဆိုတာမျိုးတွေ ကပဲ ရာခိုင်နှုန်း အများစု

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်


17.3.2014
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို

ရဲစခန်းကို ၀င်တိုက်ပြီး ရဲအရာရှိတစ်ဦးအား သတ်ခဲ့၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ဝင် ၆၀၀ ကျော်ကို သေဒဏ်ချမှတ်



(မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့)

အီဂျစ်တရားရုံး တစ်ခုက ယခင်ဩဇာကြီးမားခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့နှင့် ဆက်စပ်သူ (၆၀၀)ကျော်ကို သေဒဏ်ပေးရန် ထောက်ခံဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်က မင်ညာရှိ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယင်းအတွက် အကြမ်းဖက်မှု စွဲချက်တစ်ရပ် တင်ရှိခဲ့ခြင်း ဖြစ်သည်။ စီရင်ချက်တွင် အကျုံးဝင်သူ (၆၈၃)ဦးထိ ရှိနေပြီး ယင်းတို့အနက် ညီအစ်ကိုတော်များ အဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီသည်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဒ်ါအောင်ဆန်းစုကြည် ခြံရှေ့မှ ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ကို ပါတီတာဝန်ရှိသူများတွေ့မည်



ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် ထိုင်နေကြစဉ် (ဓာတ်ပုံ - ကြည်တိုး)
 တက္ကသိုလ်ရိပ်သာလမ်း ရှိဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ တွင် နှစ်ရက်တိတိ တွေ့ခွင့်လာတောင်းခံခဲ့သော ထားဝယ်မှ ရဟန်းတစ်ပါးနှင့်အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပါတီတာဝန်ရှိသူများက လက်ခံတွေ့ဆုံသွားမည်ဟု သတင်းရရှိသည်။

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၂၈

ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။

ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ


ရန်ကုန်၊ ဧပြီ ၂၇

ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင်

ခွးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ


ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း 
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း

Throat cancer (Larynx cancer) လည်ချောင်း ကင်ဆာ


Sun, Apr 27, 2014 at 6:18 PM
ဆရာ ကျွန်တော့အဖေ လည်ချောင်းကင်ဆာဖြစ်နေတယ်။ ဗိုက်လည်းပိုက်ထည့်ထားတယ်။ အသက်က ၈၇နစ်ပါ။ ဓါတ်ကင်သင့် မကင်သင့် အကြံပေးပါ။ မျော်လင့်ချက် ဘယ်လောက်ရှိပါသလဲ သိပါရစေ ဆရာ။ ကျေးဇူးပါ။

Tue, Mar 20, 2012 at 10:35 AM
သမီးရဲ့ အဖေ (၅၆ နှစ်) မှာ အသံဝင်နေသည်မှာ ၈ လ ၉လ ကြာနေပါသည်။ ယခုလ ၈-၃-၁၂ ရက်တွင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်နှင့်ပြသပြီး အသံပြွန်နေရာသို့ မှန်ပြောင်းဖြင့် ကြည့်ပါသည်။ အသံပြွန် ၂ ချောင်းတွင် ၁ ချောင်းမှာ အဖုလေးများ ဖြစ်နေပါသည်ဟုပြောပြီး ဖြတ်ပစ်လျှင် ပြန်ပြီး အသံထွက်နိုင်ပါသည်ဟု ပြောပါသည်။ ၁ဝ-၃- ၁၂ ခွဲစိတ်ပြီး အသားစယူခဲ့ပါသည်။ တတ်နိုင်သလောက် အဖုလေးများကိုလည်း ခွဲစိတ်ပေးခဲ့သည်ဟု ပြောပါသည်။ အသားစအဖြေမှာ ကင်ဆာ ဖြစ်နေသည်ဟုပြောပြီး ခွဲစိတ်ခြင်း သို့ ဓါတ်ကင်လျှင် ၉၅ % ပျောက်ကင်းနိုင်သည်ဟု ပြောပါသည်

ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ


ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။

ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။

အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။

တိမ်းမှောက် နစ်မြုပ်နေသော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ၀န်ထမ်းအားလုံး ကို ဖမ်းဆီး ထိန်းသိမ်းထား


              ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ် ခဲ့သော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော Sewol တွင် နစ်မြုပ်ချိန် ၌ တာဝန်ကျနေသော ၀န်ထမ်း (၁၅) ဦးလုံး ကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

               တာဝန်လစ်ဟင်းမှု၊ ခရီးသည်များအား ကယ်ဆယ်ရန် ပျက်ကွက်မှုတို့ဖြင့်   တရားစွဲဆို ခံကြ ရမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘော ကပ္ပတိန် အပါအ၀င် (၁၁) ဦးကို ရှေ့ပိုင်းရက် များကတည်းက ဖမ်းဆီး ထိန်းသိမ်း  ထားခြင်း ဖြစ်ပြီး   နောက်ထပ် လေးဦးကို စနေနေ့တွင် ထပ်မံထိန်းသိမ်းခဲ့သည်။ လူ (၄၇၆) ဦး  ပါသော ဖယ်ရီသင်္ဘော သည် တောင်ကိုရီးယား အနောက် မြောက်ပိုင်း အင်ချွန်းမှ တောင်ပိုင်းခြမ်းရှိ အပန်းဖြေ ကမ်း ခြေမြို့ ဂျီဂျူးသို့ ဧပြီ (၁၆) ရက်နေ့တွင် ခုတ် မောင်းလာစဉ်   တိမ်းမှောက်နစ်မြုပ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ရုပ်  အလောင်း

Skin Care Tips ဆယ်ကျော်သက် မျက်နှာ


၁၅-၁၆ နှစ်အရွယ် သမီးလေး တယောက်ရှိတယ်။ နာမည်တွေဘာတွေ ထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။

အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစား သိပါသလား။ လေးမျိုး လေးစားမှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။

၁။ Normal Skin Care ပုံမှန်အရေပြား
ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာ လိုတယ်။ အပိုမလိုပါ။

ပြည့်တန်ဆာတစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်


ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ အမျိုးသမီးအခွင့်အရေး တက်ကြွစွာလှုပ်ရှားမှုများနှင့် ပြည့်တန်ဆာတရားဝင် ရှိသင့်/မရှိသင့် လွှတ်တော်တွင် ဆွေးနွေးမှုရှိခဲ့သော်လည်း ထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။
ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ခဲ့ရင်း သက်ဆိုင်ရာ၏ အနိုင်ကျင့်ခြယ်လှယ်မှုများ၊ လူ အချင်းချင်း ခေါင်းပုံဖြတ်မှုများရှိနေသည့် ယင်းလုပ်ငန်းမှ ကြိုးစားရုန်းထွက်ရန်ခဲ့သူ၊ HIV ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးက News Watch ဂျာနယ်သို့ ရင်ဖွင့်စာပေးပို့ခဲ့သည်။
ပြည့်တန်ဆာ လောက၏ ပုံရိပ်အား အနည်းနှင့်အများ ပေါ်လွင်အောင်ရေး
သားထား ခြင်းဖြစ်၍ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည် ခင်ဗျား။
“ကျွန်မ ဒီရောဂါရတာ သွေးသွင်းလို့၊ ကတုံးရိတ်လို့၊ မျက်ခုံးမွေးရိတ်လို့ဆိုတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွေအတိုင်းတော့ မဟုတ်ပါဘူး။ လွယ် လွယ်ငွေနောက်လိုက်တယ်ပဲပြောပြော၊

အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်စေသည့် အရက်-အချိုရည် ရောစပ် သောက်သုံးမှု


အရက်နှင့် အားဖြည့် အချိုရည်များ ရောစပ် သောက် သုံးမှုမှ နေ၍ အမေရိကန် ကောလိပ် အရွယ် ကျောင်း သားများတွင် လိင်ကိစ္စ ကိုလွယ်လွယ်သဘော ထား
ခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေ သနတစ်ရပ်က တွေ့ရှိခဲ့သည်။

ယင်းသို့ ရောစပ်သောက်သုံး မှုကြောင့် အမေရိ ကန်
နိုင်ငံ ကောလိပ်ကျောင်းအများအပြား တွင် ဖြစ်ပေါ်
နေသော နောက်ကြောင်း ရာဇဝင်မသိသူများနှင့် အလွယ် တကူ လိင်ဆက်ဆံသော ယဉ် ကျေးမှုကို ပံ့ပိုးပေးခြင်းဖြစ်နိုင် ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေ သီကက်သလင်းအီးမီလ်လာက ပြောကြားသည်။

မိုးကြိုကာလရဲ့ အသံတိတ်လူသတ်သမား


နေပူအောက်တွင် လုပ်ငန်းခွင်ဝင်နေသော ဆောက်လုပ်ရေးလုပ်သားများ (ဓာတ်ပုံ - နစ်ကီ)



မေလ၂၃ ရက်ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day)ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature)တို့ဟာမတူကွဲပြားတဲ့လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီ ၁၅ ရက်အထိ ကာလဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလဖြစ်ပါတယ်။ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတတ်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့် တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပအပူချိန်နဲ့လိုက်ပြီး ကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေးပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်- ၃၇ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ် (၉၆ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်- ၁၀၀ ဒီဂရီဖာရင်ဟိုက်)ကြားမှာ ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမဲ့

သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ်




သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။
၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ

ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။

လုပ်သင့်တာက

နားသန့်ရှင်းရေးလုပ်တဲ့ ဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းများ


သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်။
၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်

ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး  ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။

** တခါသုံး ခွက်ဖြူဖြူတွေကို သတိထား ***




အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။သူဟာတနေ့ လုံးနေကောင်းပြီး၊
ညရောက်ပြီဆိုတာနဲ့ 
ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့  Mr. Varun ရဲ့ ခွဲစိပ် ဆရာဝန်က ပြောပါတယ်။
ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့ ၊ နေ့ ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း

ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ


ကိုယ်ဝန်ဆောင်မိခင်များ၏ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း ခံစားရစေနိုင်သည်။
မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။
ခန္ဓာကိုယ်အတွက်
အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ၀မ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။

ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ



ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့

မိဘများ သတိမ ထားမိ သေးသော ကလေး များအတွက် စမတ်ဖုန်း အန္တရာယ်

ကလေးများ ကွန်ပျူတာ နဲ့ အင်တာ နက် သုံး တာ ကို မိဘ များ စိုးရိမ် တတ်ကြ သည်။ ကွန်ပျူ တာ နဲ့ အင်တာနက် သုံးရင်း ကလေးများ မသင့် တော် သည့် ၀က်ဘ် ဆိုက် များ ၀င်ကြည့် မိ သွားမှာ မိဘ များ စိုးရိမ် သည်။ အွန်လိုင်း က သူစိမ်းများ က ကလေး များကို ဒုက္ခ ပေးမှာ

အသည်းရောင် အသားဝါ ဘီပိုးကြောင့် နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါတို့ ဖြစ်လာနိုင်

အသည်းရောင် အသားဝါ ဘီရောဂါပိုးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်ခန့် ကူးစက် ပြန့်ပွားနေပြီး ယင်း၏ နောက်ဆက်တွဲ ရောဂါများ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ
 ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ဖောက်ပြန်ချင်နေသေယောက်ကျား များအားဆုံးမရန် (မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)



မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

ဆီးချို ပျောက်တဲ့နည်း


မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ်



အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ် ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။
(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု ပုံမှန်
စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။
(၂) နှလုံးကို ကျန်းမာစေခြင်း
ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။
(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း
ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။

Good Health