မိုးသီးဇွန်အား ကြိုဆိုကြသူများ



ABSDF ဥက္ကဌဟောင်း ဦးမိုးသီးဇွန်
ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်
မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။

ဘင်လာဒင်အိမ် စီးနင်းပုံ စာအုပ်ရေးသူကို ပင်တာဂွန် တရားစွဲမည်


အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို နှိမ်နင်းသုတ်သင်တဲ့ စီးနင်းတိုက်ခိုက်မှု မှာ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင် ဟောင်းတယောက် ကို သူ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ Pentagon စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ကြာသာပတေးနေ့က အဲဒီစာရေးသူကို ပေးတဲ့ စာမှာ ၊ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ ၀င်  အနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့  ဖော်ထုတ်တင်ပြခွင့်မရှိတဲ့ စည်းကမ်း ကို ချိုး ဖောက် ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။  ဒီစာအုပ်ရေးသားမှုအတွက် စာရေးသူဟာပြစ်မှု စွဲဆိုခံရနိုင်စရာရှိပြီး အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေဖက်ကလဲ ခွင့်ပြု ချက်မပေးခဲ့ပါဘူး။ 

ABSDF ခေါင်းဆောင်ဟောင်းတချို့ မနက်ဖြန် ရန်ကုန်ရောက်မည်

ဦးမိုးသီးဇွန် အပါအ၀င် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သွားရောက် လေ့လာဖို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဦးမိုးသီးဇွန်က RFA ကိုပြောပါတယ်။

မန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်

အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu နှင့် အဖွဲ့သည် နောက်အပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။


ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။