မကြာခဏ ရင်ပူတတ်သူတို့ သိထားသင့်သော နေထိုင်စားသောက်မှုပုံစံ




ရင်ပူတဲ့ဝေဒနာကို မကြာခဏ ခံစားရတတ်သူတွေ အနေနဲ့ နောက်တစ်ကြိမ် ရင်ပူဝေဒနာ မရရှိစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။ အစာကို နည်းနည်းချင်း စားပေးရပါမယ်။ ညစာကို နောက်ကျမှ၊ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ ကပ်ပြီးစားတာမျိုး ရှောင်ပါ။ အစာစားပြီး ချက်ချင်း လဲလျောင်းတာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစားကို တင်းကျပ်နေအောင် မဝတ်ပါနဲ့။ အထူးသဖြင့် အမျိုး
သမီးတွေအဖို့ အတွင်းခံဘော်လီကို တင်းကျပ်နေအောင် မဝတ်သင့်ပါ။

ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ


by Health Articles on Wednesday, October 31, 2012 at 11:14am ·

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရောဗိုက်ထဲက သန္ဓေသားပါ အာဟာရလိုအပ်ချက် ပြည့်မီစေဖို့ အစားအသောက်မျိုးစုံကို  ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။

အဓိက စားသင့်သည်များ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အခွံချွတ်မထားတဲ့ ပေါင်မုန့်နဲ့ ကွေကာများများ၊ အဆီနည်းအသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း အသင့်အတင့်၊ သကြား၊ ဆားနဲ့အဆီ ပါဝင်မှုများတဲ့ အစာအနည်းငယ်၊ အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အခွံမာသီးနဲ့ အစေ့အဆန်။

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင်




နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ အခု ဂျာမနီနိုင်ငံက လေ့လာမှုအရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာရ
ှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

ကင်ဆာမဖြစ်အောင် နေ့စဉ် စားသောက်ရာတွင် သတိပြုသင့်သည်များ


by Health Articles on Wednesday, October 31, 2012 at 11:09am ·
 
ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာ ရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။  ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။

စားသောက်သင့်သည်များ

(၁) ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့လို မပြည့်ဝဆီပါတဲ့ အစားအစာတွေ၊ ဂျုံမှုန့်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေလို အမျှင်ဓာတ်ပါတဲ့ အစာတို့ကို စားပေးသင့်ပါတယ်။
(၂) တူနာငါး၊ ဆာဒင်းငါးတို့လို အိုမီဂါ ၃ နဲ့ ၆ ပါဝင်မှုများတဲ့ ပင်လယ်စာကို စားပေးပါ။
(၃) ဟင်းချက်တဲ့အခါမှာ သံလွင်ဆီစစ်စစ်နဲ့ မြေပဲဆီတို့ကို သုံးပါ။ ဟင်းရွက်သုပ်ရာမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီကို သုံးသင့်ပါတယ်။
(၄) ဆီးသီးလို အမျှင်ဓာတ် ပါဝင်မှုမြင့်မားတဲ့ သစ်သီးတွေကို စားပါ။ ဖြစ်နိုင်ရင် အချိုရည်အစား သစ်သီးဖျော်ရည်ကို သောက်ပါ။ သစ်သီးတွေထဲမှာ ကင်ဆာကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။