မိခင်လောင်းများ စားသောက်သင့်သော အစားအစာ ၁ဝ မျိုး

(က) ဆယ်လ်မွန်ငါး

သိပံ္ပပညာရှင်တွေကတော့ ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။ ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့ အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။
ငါးထဲမှာပါဝင်တဲ့ DHA ဟာ မိခင်ဖြစ်သူရဲ့ စိတ်ကို စိတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးပါတယ်။ မီးဖွားပြီးတဲ့နောက် ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျခြင်းကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ နို့တိုက်မိခင်တွေမှာတော့ စားသောက်မယ့် ပမာဏကို ကန့်သတ်ထားဖို့ပါ။

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ နုတ်ထွက်ရန် အမတ်များ တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် အမတ်များအကြား အငြင်းပွားမှုများ ဆက်လက်ရှိနေရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန် သမ္မတထံသို့ သဝဏ်လွှာ
ပေးပို့ တောင်းဆိုသွားမည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တနင်္လာနေ့က ပြောသည်။

“နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးမှုကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” သမ္မတထံသို့ တင်ပြတောင်းဆိုပေးမည်ဟု ဦးရွှေမန်း၏ မိန့်ခွန်းကို လွှတ်တော်ရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။

ထိုခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်

စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။
နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရမှတ် ၄၅၀ အထက်ရရှိသူ ၂၅၀ ဦးကို ရွေးချယ်ကာ ဘွဲ့ကြိုအတန်းများအတွက် သင်ကြားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စနေနေ့ထုတ် သတင်းစာများတွင် ရေးသားထာသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု ၀န်ကြီး တာဝန်ယူခဲ့သူ ဆရာကြီး ဦးညီလှငယ် ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ကျောင်းအတွင်း အကြီးစား မွမ်းမံပြင်ဆင်မှုများနှင့် သင်ရိုးညွန်းတမ်းများ ရေးဆွဲခြင်းကို လုပ်ဆောင်နေကြောင်း၊ ယခင်အတိုင်း ပြန်လည်