AIDS ရောဂါကင်းရေး အမေရိကန် ကြိုးပမ်းမည်

AIDS ရောဂါကင်းတဲ့ မျိုးဆက်သစ်တခု ဖန်တီးဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဌာန် ခိုင်ခိုင်မာမာ ချထားတယ်လို့ ညီလာခံရဲ့ ဒုတိယနေ့ဖြစ်တဲ့ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသွားပါတယ်။ ညီလာခံကို တက်ရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ညီလာခံကျင်းပရာ ၀ါရှင်တန်ကော်ဗန်းရှင်းစင်တာကနေ သတင်းပေးပို့ထားပါတယ်။

“Turning the tide together” ဒီလှိုင်းကို အတူရင်ဆိုင် ကျော်လွှားကြစို့ဆိုတဲ့ ကြွေးကြော်သံနဲ့ အခုနှစ် ကျင်းပတဲ့ ၂၀၁၂ နိုင်ငံတကာ အေစ်ညီလာခံမှာ အဓိက လွှမ်းမိုးပြောဆိုနေတဲ့ အကြောင်း အရာကတော့ AIDS free generation အေ့ဒ်စ်၊ ရောဂါကြီးလုံးဝပပျောက်သွားတဲ့ လူ့ မျိုးဆက် တခု ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်း ပြောဆို ဆွေးနွေးမှုဖြစ်ပါတယ်။ အေ့စ်ရောဂါဆိုင်ရာ ဆေး သုတေသန

ကိစ္စပြီးပြီးချင်း အိပ်ပျော်တော်မူသော ကိုယ်တော်များ



အမျိုးသမီးတွေက သိပ်ကို စိတ်ပျက်ရပါသတဲ့။ ဒါပေသိ သိပ္ပံပညာရှင်တွေကတော့ ပုရိသ အမျိုးသားများဖက်က ရပ်တည်ပေး စရာ ဆင်ခြေကို သုတေသနပြု ရှာဖွေတွေ့ရှိပြီဆိုပဲ။ ကိစ္စပြီးပြီးချင်း အိပ်ပျော်သွားတတ်တဲ့ ကျားကျားလျားလျား ပုရိသများနဲ့ ပတ်သက်လို့ပါ။ ၀ါး… အိပ်ချင်လိုက်တာ။

ပုရိသများရဲ့ ဦးနှောက်က အဲဒီလို အိပ်ပျော်သွားစေဖို့ အချက်ပေးလို့ပါတဲ့။ သုတေသီများရဲ့ သိပ္ပံသုတေသန အဆိုအရက ဒီလိုပါ။ သာယာမှု အထွဋ်အထိပ်၊ ဖောဋ္ဌဗ္ဗအာရုံရဲ့ အရသာ၊ အကြင်နာရဆုံးရဲ့ လက်ဆောင်၊ အကောင်းဆုံးကို ခံစားပြီးပြီးချင်း မှာပဲ ပုရိသများဟာ… မိနစ်မဆိုင်း  ခလော… ခလော.. ခလော။ ရွှေအိပ်မက်များ မက်လို့။ ဘေးကချစ်သူကိုတော့ မေ့မေ့ လျော့လျော့။ ခွင့်လွှတ်ပါကွယ်။ ဆောရီး။
ဒါပေသိ မျိုးနွယ်စု မတူသူ က္ကုတ္ထိယများ ခမျာမှာတော့ မျက်နှာကြက်ကိုသာ မော့ကြည့်ရင်း အိပ်လို့ကမရသေး။ တောက်… သေနာ။