Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ


ရန်ကုန်၊ ဧပြီ ၂၇

ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင်

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

Written by Aung Kham (TSJ team)
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ 
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ 
အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ 
ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ 
Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။ 
--
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace
✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg
➤ LearningScience.org
✤ Link: http://is.gd/te9NqS
➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
For more - http://is.gd/y7Fukg
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/03/blog-post_8.html

ထိုင်း-မြန်မာ ပညာရေး ဖလှယ်မည်

ချင်းမိုင် တက္ကသိုလ် မှ သင်ကြားရေး အစီအစဉ် တခု(ဓာတ်ပုံ – chiangmaiplaces.com)
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။
MOUသဘောတူညီမှုအရ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုများ ပါဝင်မည် ဖြစ်ကြောင်း Rajamangala တက္ကသိုလ်မှ တာဝန်ရှိသူ Chaiyong Eurviriyanukul က ဧရာဝတီကို ပြောသည်။

တက္ကသိုလ် ဆရာ၊ဆရာမများအသင်း University Teachers Association များဖွဲ့စည်းခြင်း



၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ရန်ကုန်မြို့ရှိ တက္ကသိုလ် ၄ ခုမှ ဆရာ/ဆရာမများက တက္ကသိုလ် ဆရာဆရာမများအသင်းများကို ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းများအား ဖိတ်ကြား ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။
ထိုတက္ကသိုလ်များမှာ
၁။ ရန်ကုန်တက္ကသိုလ်
၂။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
၃။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
၎။ ဒဂုံတက္ကသိုလ်တို့ဖြစ်သည်။
တက္ကသိုလ် ဆရာ၊ဆရာမများအသင်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ၂၀၁၁ ခုနှစ်ပါ ပုဒ်မ ၄ (က) နှင့်အညီ

မန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)


တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
မြန်မာပြည်ပညာရေးနိမ့်ကျရခြင်း၏ အဓိကတရားခံ
 ( တက္ကသိုလ်ဝင်တန်းစာမေးပွဲစနစ်)
ဘောလုံးအသင်းတစ်သင်းတွင်ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး ၊ ရှေ့တန်းသမားများက ဂိုးသွင်းနိုင်အောင် ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှ

လူငယ်နဲ့ ပညာသည်စိတ်

တစ်လောက ကျောင်းသားဟောင်းနှစ်ဦး ရောက်လာပြီး ကိစ္စတစ်ခု တိုင်တည်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က သူငယ်ချင်း ၅ ယောက် အချိုးညီ အစုငွေထည့်ပြီး တည်ထောင်ခဲ့ကြတဲ့လုပ်ငန်းကြီး ပိတ်သိမ်းရတော့မယ့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ပြောပြရင်း ကျန်သူ ၃ ယောက် ပြောမရ ဆိုမရ ထင်ရာစိုင်းတက်ပုံတွေအကြောင်းပါ တိုင်ပါတယ်။   သူတို့ ၅ ယောက်စလုံး ရင်းနှီးတဲ့တပည့်တွေ ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ကြဖို့ စိတ်ကူးရကြတဲ့ အချိန်ကတည်းက အစအဆုံး တိုင်ပင်ကြပါတယ်။ သူငယ်ချင်းချင်း ဘယ်လောက်ပဲ ရင်းနှီးလည်း စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် စီးပွားရေးနဲ့ တူအောင် ကတိဝန်ခံချက်စာချုပ်စာတမ်းနဲ့ တိတိကျကျ လုပ်ကြဖို့ သတိပေး ပါတယ်။ တစ်ဦးချင်းရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များ ကိုလည်း စာနဲ့ရေးသားချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး ဖို့လိုကြောင်းလည်း ပြောပြပါတယ်။ “အချင်းချင်းတွေပဲ ဒီကိစ္စလောက်က ပြောစရာမလိုပါဘူး” ဆိုတဲ့ စကားကို လုံးဝရှောင်ကြဉ်ဖို့လိုကြောင်းလည်း သေသေချာချာ မှာကြားပါတယ်။
            လူငယ်များပီပီ စိတ်အားထက်သန်စွာနဲ့ လုပ်ငန်းစတင်ထူထောင်ပြီး ၅ ယောက်စလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပါတယ်။ သိန်းထောင်ချီ မတည်ခဲ့တဲ့ သူတို့လုပ်ငန်းလည်း တော်တော်လေးအသားကျသွားပါပြီ။ ဟော.. အခု ၅ နှစ်ကြာတော့ ပိတ်သိမ်းပစ် ရပါတော့မယ်တဲ့။ လုပ်ငန်းက သိပ်ပြီးအခြေအနေ ဆိုးဆိုးရွားရွားကြီးဖြစ်နေတာ မဟုတ်ပေမယ့် သူငယ်ချင်း ၅ ယောက်က ညှိနှိုင်းလို့ မရအောင် စိတ်ဝမ်းကွဲနေကြတော့ ဆက်လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
            သူတို့လာပြီး သိပ်မကြာခင်ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား  ၃ ယောက် ရောက်လာကြပြီး အလားတူ တိုင်တန်းကြပါတယ်။ ထုံးစံအတိုင်း တစ်ဖက်က ၂ ယောက်ကို အပြစ်တင်ကြပါတယ်။ သူတို့အခြေအနေက တော်တော် တင်းတင်းမာမာ ဖြစ်နေကြပါပြီ။ ပုဂ္ဂိုလ်ရေးနဲ့ ငွေကြေးအရှုပ်အရှင်း ကိစ္စတွေလည်း တော်တော်များများ ဖြစ်နေတာဆိုတော့ စေ့စပ်ဖြန်ဖြေလို့ ရနိုင်ဖွယ် မရှိတော့ဘူးလို့ ယူဆမိတယ်။ စေ့စပ်ပေးလည်း အခိုက်အတန့်သာ ခံမယ့် အခြေအနေထိ ရောက်နေပါပြီ။ အဲဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့ မကြိုးစားတော့ဘဲ လုပ်ငန်းတစ်ခုလုံးကို စနစ်တကျနဲ့ လက်လွှဲရောင်းချပြီး သဘောတူ စာချုပ်ရှိတဲ့အတိုင်း အညီအမျှ ခွဲဝေယူကြဖို့ စာရင်းစစ်များး ရှေ့နေများနဲ့ တိုင်ပင်လုပ်ဆောင်ကြဖို့သာ ပြောလိုက်ပါတယ်။
            တပည့်ကျောင်းသူကျောင်းသားတွေချင်း ကျောင်းသားဘ၀ ရင်းနှီးချစ်ခင်ကြရာက စီးပွားရေးလက်တွဲလုပ်ဆောင် ကြတာမျိုး ၁ ဒါဇင်ထက်မနည်း ရှိခဲ့တာကို သတိထားမိပါတယ်။ ၀မ်းနည်းစရာကောင်းတာက နောက်ဆုံးမှာ အမုန်းနဲ့ အဆုံးသတ်သွားကြတာချည့်ပါပဲ။ မအောင်မြင်လို့ သူ့အပြစ်တင် ကိုယ့်အပြစ်တင်လုပ်ပြီး လမ်းခွဲသွားကြတာမျိုးတွေ ရှိသလို၊ အောင်မြင်ကြီးပွားနေရာက ရုတ်တရက်ကြီး လမ်းခွဲပိတ်သိမ်းသွားတာမျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ဆုံးရှုံးရတဲ့ အခါမှာ သူ့အပြစ် ငါ့အပြစ် ပြောတတ်ကြသလိုပဲ အောင်မြင်တဲ့ အခါမှာလည်း ငါတော်လို့ ငါလုပ်လို့ဖြစ်တာ သူ့ကြောင့် ဖြစ်တာမဟုတ်ဘူး ဆိုတဲ့ အသားယူမှုမျိုးတွေကြောင့် စည်းလုံးမှု ပျက်ပြား သွားရပါတော့တယ်။
            တစ်ခါကလည်း တပည့် ၃ ယောက်ပေါင်းပြီး မြို့လယ်လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်ပါတယ်။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုတော့ ခုလောက် စားသောက်ဆိုင်တွေ မပေါလှသေးပါဘူး။ ရန်ကုန်ပေါက် တရုတ်ဟင်းချက်ဆရာက တော်တော်ကျွမ်းကျင်တာကြောင့် လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဆိုင်လည်း အမြဲတမ်း လူစည်ကားနေပါတယ်။ ဆိုင်ရှင်တွေကလည်း တက္ကသိုလ်ကျောင်းပြီးခါစ လူငယ်လေးတွေဆိုတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ပါပဲ။ အဲဒီလို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ လာစားလိုက်ကြ၊ ဖိတ်ပြီးကျွေးလိုက်ကြနဲ့ပဲ ၅ နှစ်လောက် ကြာတော့ အရင်းပျောက်ပြီး ဆိုင်ပိတ်သွားပါတော့တယ်။ လူစည်ကား အောင်မြင်နေပေမယ့် စည်းမရှိဝါးမရှိ ပျော်ပွဲစားထွက်သလို အလှူကြီးပေးနေသလိုမျိုးဆိုတော့ ဘယ်ခံနိုင်တော့မလဲ။ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တတ်ကြတာကိုး..။
            စားသောက်ဆိုင်အကြောင်း တွေးမိတော့ သူတို့နဲ့ ဆန့်ကျင်ဘက် စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ပြန်ပြီး အမှတ်ရမိပါတယ်။ တပည့်မလေး တစ်ယောက်ရဲ့အဖေနဲ့ မိတ်ဆွေများ အစုစပ်ဖွင့်ကြတဲ့ဆိုင်ပါ။ ဆိုင်ဖွင့်စမှာ တပည့်မလေးရဲ့ အဖေက ဖိတ်ကျွေးလို့ ကျောင်းသူကျောင်းသား ၁၀ ယောက်လောက်နဲ့ သွားစားကြပါတယ်။ ကောင်းပေ့ဆိုတဲ့ ဟင်းတွေ ဆယ့်လေးငါးမျိုးလောက်နဲ့ ရက်ရက်ရောရောကျွေးပါတယ်။ တော်လောက်ပါပြီလို့ ပြောလို့ကို မရပါဘူး။ တစ်မျိုးပြီးတစ်မျိုး ရောက်လာတော့တာပါပဲ။ အားလုံးစားသောက်ပြီးတဲ့အခါကျတော့ ဖိတ်ကျွေးတဲ့ကျောင်းသူလေးက သူ့အဖေထိုင်နေတဲ့ကောင်တာမှာ သွားပြီးငွေရှင်းတာကို တအံ့တသြတွေ့ရပါတယ်။ သမီးစားပွဲရှိရာ ပြန်လာတော့ အဖေက ကောင်တာက ထလိုက်လာပြီး စားသောက်ကောင်းရဲ့လားလို့ ပဋိသန္ဓာရစကား ဆိုရင်း နှုတ်ဆက်ပါတယ်။
            သူတို့စားသောက်ဆိုင်ဟာ လေးငါးနှစ်အတွင်းမှာ အထူးအောင်မြင်ပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဆိုင်ခွဲတွေ အတော်များများ ဖွင့်နိုင်သွားပါတယ်။ အလုပ်ကို အလုပ်နဲ့တူအောင် စည်းစနစ်နဲ့လုပ်ကြတော့ အောင်မြင်မှာပေါ့..။ ကိုယ်ဖိတ်ကျွေးတဲ့ဧည့်သည်အတွက် ကျသင့်ငွေကိုတောင် ကိုယ့်အိတ်ထဲက ထုတ်ပေးကြတာလေ။ ဆိုင်ပိုင်ရှင်ဆိုပေမဲ့ ကိုယ့်တစ်ဦးတည်းပိုင်မဟုတ်၊ အစုစပ်လုပ်ကြတာမဟုတ်လား။ ဒီတော့ သူ့စည်းကိုယ့်စည်းနဲ့ သတ်မှတ်ပြီး စည်းကမ်းအတိုင်း တိတိကျကျလုပ်ကြတယ်။ အငြင်းပွားစရာမရှိ၊ ပြဿနာမရှိ၊ နှစ်ကာလရှည်ကြာစွာ အတူလက်တွဲပြီး လုပ်နိုင်ပါတယ်။
            ဒီနေ့လူငယ်တွေဟာ အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တဲ့ဘက်မှာ အားနည်းကြပါတယ်။ Professionalism “ပညာသည်စိတ်ဓာတ်” ဆိုတာ တော်တော်များများက ဘာမှန်းမသိကြပါဘူး။ ၀ါသနာအရ အပျင်းပြေသဘောလုပ်သမျိုး ခပ်ပေါ့ပေါ့သာ တချို့က သဘောထားတတ်ကြတယ်။ တချိုံကျတော့လည်း ထမင်းစားဖို့ ငွေရှာဖို့ အလုပ်အကိုင် လုပ်တဲ့သဘောထက် ဘာမှပိုပြီး အလေးအနက် မရှိပါဘူး။
            “ပညာသည် စိတ်ဓာတ်” ဆိုတာ ငွေကြေးရသည့် အလုပ်ဖြစ်စေ မရသည် ဖြစ်စေ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးလေး စားစားရှိပါတယ်။ ဘယ်တော့ ဘယ်အခါမဆို ပြီးပြီးရော သဘောမျိုးမလုပ်ပါဘူး။ အလေးအနက် ဂရုတစိုက် လုပ်ပါတယ်။ ကိုယ့်အလုပ် ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ “ပညာသည်ဖြစ်ခြင်း” ကိုလည်း တန်ဖိုးထားပါတယ်။ “ပညာသည်စစ်စစ်” ဟာ ထမင်းတစ်လုပ်အတွက် ကိုယ့်ရဲ့  “ပညာသည်ဘ၀” ကို ရောင်းမစားပါဘူး။ နောက်ပြီးတော့ “ပညာသည်စစ်စစ်” တို့ဟာ တခြားပညာသည် များကို လည်း လေးစားရိုသေပါတယ်။ ငါ့အလုပ်ကမှ မွန်မြတ်တယ်၊ ငါ့အလုပ်ကမှ ပိုအဖိုးတန်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး။
            တိုင်းပြည်တစ်ပြည် တိုးတက်ဖို့၊ လူမျိုးတစ်မျိုး အသရေတင့်ဖို့အတွက် လူငယ်တွေကို “ပညာသည် စိတ်ဓာတ်”ရှိအောင် လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှ ဘယ်အလုပ်မျိုးမဆို အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တက်ကိုင်တတ်လာမှာ ဖြစ်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
            လူထုစိန်ဝင်း

သစတြေးလျက မြန်မာ့ပညာရေးအတွက် ဒေါ်လာ သန်း ၈၀ ကူညီမည်

မန်မာ့ပညာရေးစနစ်ကို မြှင့်တင်ရန်အတွက် သြစတြေးလျ ဒေါ်လာ သန်း ၈၀ ကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘော့ကာက စနေနေ့တွင် ပြောကြားလိုက်သည်။
ဆရာများအတွက် သင်တန်းများ၊ ကျောင်းတက်နှုန်း မြှင့်တင်ရေးနှင့် မူလတန်းတွင် အာဟာရ ကျွေးမွေးရေး အစီအစဉ်များအတွက် ရည်ရွယ်ပြီး ကူညီမည်ဖြစ်ကြောင်းသိရပါသည်။
ထို့အပြင် လက်ရှိ သြစတြေးလျ ပညာတော်သင် တစ်နှစ်လျှင်

ပညာရေး အကျပ်အတည်းများကို ဖြေရှင်းရန် EI စတင်လှုပ်ရှား

မျက်မှောက်ကမ္ဘာ့ပညာရေးမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါသည်။ နိုင်ငံအများစုတွင် စီးပွားရေးကပ်ကြောင့် ပညာရေးမှာ ဆိုးရွားစွာ ထိခိုက်လျက်ရှိနေရသည်။ လူထုပညာရေးအတွက်

ပညာရေး


ကျောင်းဆက်တက်ဖို့  အဆင်မပြေကြသူများအတွက် အောက်မှာပေးထားတဲ့
လင့်ခ်တွေကို သွားကြည့်နိုင်ပါတယ်…သူတို့ကကျောင်းတက်နိုင်အောင် ထောက်ပံ့ကြေး
တွေပေးပါတယ်…လူတိုင်းကိုပေးတာတော့မဟုတ်ဘူးပေါ့နော်…


http://www.prospectburma.org/
http://www.soros.org/initiatives/scholarship/focus_areas/supplementary_asia
http://www.childsdream.org/