ဘက်ထရီကြိုးမသုံးဘဲ အားဖြည့်နိုင်မယ့် Nokia ဖုန်းတွေ လာမယ်


Aung Kham (TSJ team) ~


ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။

ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။

သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူကရမယ့် လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုတယ်၊ ကြေးနီနဲ့ ပတ်ဝန်းကျင်မှ အပူကို စုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။

 ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထားတဲ့ ဖုန်း ဖြစ်ပါတယ်။

အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။

Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

 

Ref:techblog

http://blog.techspace.com.mm/2013/01/nokia-e-cu.html ကနေ ကူးယူ ဖော်ပြပါတယ်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်သွားမည်


 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု
 ha-12-1-1

တည်ဆောက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောပြခဲ့ပါသည်။
အဆိုပါ အဆင်မြင့်ဆိုက်ရောက်ရပ်နားကွင်းအား Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး၊ ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၆ လအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဟု အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ အဆင့်မြင့်ဆိုက်ရောက်ရပ်နားကွင်း တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က "အခုလို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ သက်သက်သာသာ ရှိစေဖို့အတွက်ပါ။ မိုးတွင်းလိုကာလမျိုးမှာလည်း ကားပေါ်ကဆင်းတဲ့အခါ လေဆိပ်လိုမျိုး မိုးလွတ်လွတ်ကင်းကင်းနဲ့ သွားလာနိုင်အောင် လုပ်သွားမှာပါ။ ခရီးကပြန်ရောက်တဲ့အခါမှာလည်း အငှားကားတွေကို အဆင်သင့်ငှားစီးလို့ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက်လက်ပြောကြားသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဆိုက်ရောက်ရပ်နားကွင်း နှစ်ကွင်းရှိကြောင်း သိရပြီး ယခုအသစ်တည်ဆောက်မည့်ကွင်းမှာ ဒုတိယရပ်နားကွင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအနောက်ဘက်ရှိ ရန်ကုန်-မန္တလေး ကားဂိတ်အများစုရှိသောေ နေရာတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သောစာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ယာဉ်လိုင်းပေါင်း ၁၂၈ လိုင်းရှိပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ၀င်ထွက်သွားလာနေကြောင်း သိရသည်။