ပထမဆုံး အများပိုင်လေကြောင်းအတွက် လေယာဉ် တစီး ရောက်လာ

 ရွှေမြန်မာ လေကြောင်းလိုင်းအတွက် ရောက်ရှိလာတဲ့ လေယာဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း

မြန်မာနိုင်ငံမှာ ပထမဆုံး အများပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်းဟာ လာမယ့် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စတင်ပြီး ပြည်တွင်းခရီးစဉ်တွေ ဈေးသက်သာစွာနဲ့ ပြေးဆွဲပေးဖို့ လေယာဉ် တစီးရောက်လာခဲ့ပါတယ်။ 


လူဦးရေ ၁၈၀ ဆံတဲ့ Air Bus A 320-232, Xy-AGS လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ဇန်န၀ါရီလ ၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး- နေပြည် 
တော် ခရီးစဉ်ကို စမ်းသပ် ပျံသန်းခဲ့ပါတယ်လို့ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ အဆိုပါ အများပိုင် လေကြောင်းလိုင်းအတွက် ပထမလေယာဉ်ဖြစ်ပြီး ဒုတိယမြောက်လေယာဉ်က လည်း လာမယ့်လမှာ မြန်မာပြည်ကို ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment