လက်ထပ်ပြီးချိန်မှစကာ သက်ဆုံးတိုင် ချစ်ခရီးလမ်း သာယာရလေအောင်

အိမ်ထောင်ရေး အများစုဟာ အိမ်ထောင်သက်ကြာလာလေလေ ကြည်နူး နှစ်သိမ့်မှု လျော့ကျသွားလေလေ ဖြစ်တတ်ပါတယ်။ တချို့ဇနီးမောင်နှံဆိုရင် လက်မထပ်ခင်က ချစ်ခင်ခဲ့တဲ့ ပုံစံနဲ့ လုံးဝနီးပါး ကွာခြားသွားတတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်ရေးမှာ ကျေနပ်ပျော်ရွှင်ခြင်း မရှိတော့ပဲ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ အိမ်ထောင်သက် တစ်လျှောက်လုံး ပျော်ရွှင်ကျေနပ်စေဖို့ နေ့ရက်တိုင်းကို လက်ထပ်ပြီးစလိုပဲ သဘောထားကြည့်သင့်ပါတယ်။

၁။ ထိတွေ့ပါ
နေ့စဉ်နေ့တိုင်း သင့်အိမ်ထောင်ဖက်ကို ထိတွေ့တဲ့အချိန် များများပေးပါ။ လက်ချင်းတွဲပြီး လမ်းအတူလျှောက်တာမျိုး၊ ကားမောင်းနေစဉ် လက်ချင်း ဆုပ်ကိုင်တာမျိုး၊ ထမင်းစားပွဲမှာ ဘေးချင်ယှဉ်ထိုင်တာမျိုး … စတဲ့နည်းတွေနဲ့ ထိတွေ့နိုင်ပါတယ်။



၂။ ချစ်ကြောင်းပြသပါ
နေ့စဉ် ချစ်တဲ့အကြောင်းပြောပြီး ချစ်တဲ့အကြောင်းကိုလည်း ဂရုစိုက်အလေးထားမှုပေးကာ ပြသပါ။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ၊ အိမ်မှုကိစ္စအားလုံးမှာ တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်ပါ။



၃။ နေ့စဉ် အဆက်အသွယ်ပြုလုပ်ပါ
အကြောင်းကိစ္စရှိလို့ ခရီးသွားနေရရင်ပဲဖြစ်ဖြစ်၊ တစ်နေကုန်အပြင်ထွက်ပြီး အလုပ်လုပ်နေရရင်ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်လုပ်သင့်ပါတယ်။ ဖုန်းခေါ်ပြီး အချိန်ပေးကာ စကားပြောပါ။
၎။ အစားအသောက်တွေကို အတူပြင်ဆင် ချက်ပြုတ်ပါ
အစားအသောက် ပြင်ဆင်တာ၊ အိမ်မှုကိစ္စ အဝဝဆောင်ရွက်တာတွေကို ဇနီးနဲ့ပဲ ဆိုင်တယ်ဆိုပြီး သဘောမထားသင့်ပါ။ အားလပ်ချိန်မှာ အိမ်မှုကိစ္စတွေအတူ ဆောင်ရွက်တာ၊ ဟင်းလျာကို အတူပြင်ဆင်တာတွေ လုပ်ပေးရင်တစ်ယောက်နဲ့ တစ်ယောက် ပိုမိုရင်နှီးချစ်ခင်တဲ့ အနေအထားကို ဖြစ်စေပါတယ်။
၅။ ဂရုစိုက်မှုပေးပါ
မွေးနေ့တွေမှာ အမှတ်တရ လက်ဆောင်ပေးတာမျိုး၊ အံ့အားသင့်သွားအောင် အပန်းဖြေခရီးအတွက် စီစဉ်ပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။
၆ ။ ခွင့်လွှတ်ပါ
တစ်ခါတစ်ရံ ကတောက်ကဆတ်ဖြစ်လို့ ရန်ဖြစ်ကြတဲ့အခါ မြန်မြန်ခွင့်လွှတ် ကျေအေးတတ်ပါစေ။ ဒေါသနဲ့ စိတ်အလိုမကျဖြစ်ခြင်းဟာ အိမ်ထောင်ရေး သာယာချမ်းမြေ့မှုကို ထိခိုက်စေနိုင်လောက်အောင် အားကြီးပါတယ်။ တချို့ကိစ္စတွေမှာ ခွင့်လွှတ်ပြီး မေ့ပစ်နိုင်အောင် ကြိုးစားလိုက်ပါ။
Ref: Good Health

2 comments:

  1. ဟုတ်ကဲ့လိုက်နာဆောင်ရွက်ပါမယ် အခုတော့အိမ်ထောင်မရှိသေးပါဘူးခင်ဗျာ

    ReplyDelete