အချိုရည်ကြောင့် ကင်ဆာဖြစ်နိုင်သည်ကို သိသူနည်း
ဈေးကွက်အတွင်း ရောင်းချနေသော ရယ်ဒီမိတ်အချိုရည်များအား ရေရှည်အလွန်အကျွံသောက်သုံးပါက ပန်ကရိယကင်ဆာခေါ် မုန့်ချိုအိတ်ကင်ဆာရောဂါဖြစ် ပွားနိုင်ကြောင်း ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးအောင်က ပြောသည်။
အချိုရည် များထဲတွင် ပါဝင်သောသကြား ဓာတ်များကြောင့် ဆီးချိုရောဂါနှင့် အဝလွန် မှုရောဂါများကို ဖြစ်ပွား စေရုံသာမက ပန်ကရိယကင် ဆာရောဂါကိုလည်း ဖြစ်ပွားစေ နိုင်ကြောင်း၊ ပန်းကရိယဆိုသည် မှာ လူ့ခန္ဓာကိုယ်အတွက် အရေး ကြီးသော အင်ဆူလင်ဟော်မုန်း ကိုထုတ်ပေးသည့်အပြင် အစာ ခြေမှုဖြစ်စဉ်တွင်လည်း ပါဝင် ဆောင်ရွက်သော အစာအိမ် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ထို ပန်ကရိ ယ သည် တစ်ခါတစ်ရံ၌ ကျောက် တည်ခြင်း သို့မဟုတ် အရက် သောက်ခြင်းကြောင့် ရောင်ရမ်း တတ်သည်မှလွဲ၍ လူအား တော်ရုံ တန်ရုံ ဒုက္ခပေးလေ့မရှိသော်လည်း ပန်ကရိယကင်ဆာ ဖြစ်ပွားပြီဆိုပါ က အစပိုင်း၌ မည်သည့် ရောဂါ လက္ခဏာမျှ မပြတတ်သော်လည်း ရောဂါရင့်လာပါက သည်းခြေပြွန်ကို ပိတ်စေ၍ အသားဝါခြင်းကို  ဖစ်ပေါ် စေသည့်အပြင် ကိုယ်ခန္ဓာအတွင်းရှိ အခြားသော ကိုယ်အင်္ဂါအစိတ် အပိုင်းများကိုလည်း ကင်ဆာဆဲလ် များ အလွယ်တကူပျံ့ပွားစေနိုင် ကြောင်း၊ အချိုရည်ေ သာက်သုံးသူ များအနေဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် အထက်သောက်သုံးပါက ပန်ကရိ ယကင်ဆာ ဖြစ်ပွားနိုင်မှု ၉၅ ရာခိုင် နှုန်းရှိပြီး သာမန် သစ်သီးဖျော်ရည် သောက် သုံးသူများမှာ ရောဂါဖြစ်ပွား နိုင်မှု ၃ဝ ရာခိုင်နှုန်းသာရှိကြောင်း ပြောသည်။ ”အမေရိကန်နိုင်ငံက George-town University Medical Center ရဲ့ သုတေသနပြု ချက်တွေအရ ဒီ soft drink (အချိုရည်)သောက် သုံးသူတွေကို စမ်းသပ်စစ်ဆေးရာ မှာ တစ်ပတ်ကိုအချိုရည် နှစ်ကြိမ် ပုံမှန်သောက်သုံးတဲ့ဦးရေ ၆ဝဝဝဝ အနက် ၁၄ဝ လောက်က ပန်ကရိ ယကင်ဆာဖြစ်ပွားနေတာကို တွေ့ရ တယ်”ဟု ¤င်းက ဆက်လက်ပြော သည်။ မြန်မာနိုင်ငံမှ အချိုရည်များ မှာ ဈေးပေါသဖြင့် တစ်ရက်လျှင် သုံးလေးကြိမ်အထက် သောက် သုံးနေသူများရှိကြောင်း ယင်းသို့ သောက်သုံးခြင်းကြောင့် မည်သို့ သောရောဂါ ဖြစ်နိုင်ခြေရှိသည်ကို သိရှိသူနည်းကြောင်း အချိုရည်ကို ပင်ပန်းနွမ်းနယ်ချိန်တွင် သောက် ပါက လူကို လန်းဆန်းစေသော် လည်း အလွန်အကျွံ သောက် ပါက အန္တရာယ်ဖြစ်တတ်ကြောင်း ဒေါက်တာစိုးအောင်က ပြော သည်။
PN-020
No comments:
Post a Comment