Google ၏ Nexus 7 Tablet အမျိုးအစားသစ် မိတ်ဆက်ပြသ


(၇)လက်မ အရွယ်အစားရှိ Screenသည် Resolution အရည်အသွေး 1280x800ထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး Storage ပမာဏ 8 GBနှင့် 16 GB ဖြင့် နှစ်မျိုးခွဲခြား ထုတ်လုပ် ရောင်းချသွားမည်ဖြစ်

Google ၏ Nexus 7 Tablet အမျိုးအစားသစ် မိတ်ဆက်ပြသ
Googleသည် Screen အရွယ်အစား သေးငယ်သည့် Tablet အသစ်တစ်မျိုးကို စတင်မိတ်ဆက် ပြသလိုက်ကြောင်း သိရှိရသည်။ Nexus 7 အမျိုးအစား Tabletသည် Googleထုတ် နောက်ဆုံး OS Versionဖြစ်သော Android 4.1 Jelly Beanကို ထောက်ပံ့ပေးနိုင်မည်ဟု
Googleက ဆိုသည်။ (၇)လက်မ အရွယ်အစားရှိ Screenသည် Resolution အရည်အသွေး 1280x800ထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး Storage ပမာဏ 8 GBနှင့် 16 GB ဖြင့် နှစ်မျိုးခွဲခြား ထုတ်လုပ် ရောင်းချသွားမည် ဖြစ်သည်။ Screenမှ ဖော်ပြနိုင်သော အရည်အသွေးသည် HD အဆင့်ရှိမည်ဟုလည်း သိရသည်။ Googleသည် Nexus 7ကို Quad-Core CPUနှင့် 12-Core Graphic Processorတို့ဖြင့် မောင်းနှင်စေမည် ဖြစ်သည်။



"ဒီတော့ အခြေခံ အကျဆုံး ပြောရရင် Nexus 7ဟာ Core (၁၆)လုံးနဲ့ ဆိုပါတော့"ဟု Android၏ ထုတ်ကုန် စီမံရေးရာ ဒါရိုက်တာ ဟူဂိုဘာရာက ရှင်းပြခဲ့သည်။ Googleသည် နှစ်ပတ်လည် Developer ကွန်ဖရင့်တွင် ယခု Tabletသစ်ကို မိတ်ဆက် ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Tabletတွင် တပ်ဆင်ထားသော ကင်မရာသည် HD ဗီဒီယိုများကို (၉)နာရီကြာအောင် ဆက်တိုက် ရိုက်ကူးနိုင်သည်။ အင်တာနက်ကို Wi-Fi စနစ်ဖြင့် ချိတ်ဆက်နိုင်သော Nexus 7သည် Mobile Paymentများအတွက် NFC Chip တစ်ခုကို ထည့်သွင်းပေးထားကြောင်း သိရသည်။



Nexus 7ကို Hardware တည်ဆောက်မှု အပိုင်းအတွက် Asusက တာဝန်ယူပြီး 8 GBအတွက် (၁၉၉)ဒေါ်လာ၊ 16 GBအတွက် (၂၄၉)ဒေါ်လာ ဈေးနှုန်း သတ်မှတ်ထားသည်။ Googleသည် Nexus 7အကြောင်း ထုတ်ဖော် မကြေညာမီ Jelly Bean OSနှင့် ပတ်သက်သော Featureသစ်များအား ရှင်းလင်း ပြောဆိုခဲ့သေးကြောင်း သိရှိရသည်။

Source: Xinhua

No comments:

Post a Comment