




(ပရိုတင်း) က အက်စစ်ဓါတ်လိုတယ်။ အစာအိမ်ကနေ Hydrochloric acid (ဟိုက်ဒရို-ကလောရစ်-အက်စစ်) ထုတ်ပေးရတယ်။ (ကာဗွန်ဟိုက်ဒရိတ်) က (အယ်လ်ကာလိုင်း) ဖြစ်ဘို့ လိုတယ်။ မဆင်မပြေရင် (ကာဗွန်ဟိုက်ဒရိတ်) က Fermenting ကစော်ပေါက်တာ ဖြစ်မယ်၊ အစာမကျေ ဖြစ်မယ်၊ လေပွမယ်။ ဒါ့ပြင် (ပရိုတင်း) ကို လိုသလောက်ချက် မပေးနိုင်ပြန်လို့ လေပိုထမယ်၊ ပိုအနေရခက်မယ်။ (ပရိုတင်း) အများစုကို လတ်ဆတ်တဲ့ စိမ်းတဲ့ အသီးအရွက်တွေနဲ့ တွဲစားတာ ကောင်းတယ်။ Nuts အစေ့အဆံတွေကိုလဲ Acid fruits အက်စစ်ဓါတ်ပါ အသီးတွေဖြစ်တဲ့ လိမ်မော်သီး၊ နာနတ်သီး၊ ဘယ်ရီသီး၊ စထောဘယ်ရီသီးတွေနဲ့ တွဲစားသင့်တယ်။ Sub-acid fruits အက်စစ်ဓါတ်နဲနဲပါ အသီးတွေ ဖြစ်တဲ့ ပန်းသီး၊ ချယ်ရီသီး၊ သရက်သီး၊ သစ်တော့်သီးတွေနဲ့လဲ အတော်အသင့် ကောင်းပါတယ်။ ဗီတာမင် (စီ) လဲရမယ်။

(ပရိုတင်း) အမျိုးမျိုးဟာ အစာခြေရည် နဲ့ အချိန်လိုအပ်ချက်၊ သူ့လိုအပ်ချက်နဲ့သူ ရှိတယ်။ (ပရိုတင်း) ၂ မျိုး တွဲစားလို့ မတူရင် ခက်မယ်။ အစေ့အဆံ၊ အသား၊ ဥ၊ ဒိန်ခဲ နဲ့ တခြား (ပရိုတင်း) တွေ တွဲမစားတာ ကောင်းတယ်။ မတူတဲ့ အသားနှစ်မျိုးလဲ တွဲမစားသင့်ဘူး။

အဆီကနေ (ပရိုတင်း) အတွက်လိုအပ်တဲ့ Gastric juices အစာအိမ်အရည် ထုတ်မှာကို နှေးစေတယ်။ ဒါကြောင့် အသား၊ ငါး၊ နို့ထွက်အစားတွေ၊ အစေ့အဆံတွေ၊ ဥတွေနဲ့ အဆီတွဲတာ မကောင်းဘူး။ တွဲစားရင် (ပရိုတင်း) တွေကျေချက်ပြီးမှ အဆီကို ချက်ရတယ်။ (ပရိုတင်း) ထဲပါနေတဲ့ အဆီကိုလဲ အဲလိုဘဲ။ ဒါပေမဲ့ Free fats အလွတ်ဆီ ခေါ်တဲ့ စားသုံးဆီ၊ ထောပတ် နဲ့ နို့ကရတဲ့အဆီတွေက အစာအိမ်နံရံ အတွင်းဆုံးလွှာမှာ ဖုံးနေတာမို့ အစာချေရည်ထွက်တာကို ဟန့်တားတယ်။ ဒါကြောင့် ကြက်ကျာ်ဟာ တော်တော်နဲ့ အစာမကျေဘူး။

တံတွေးထဲမှာပါတဲ့ Enzyme (အင်ဇိုင်းမ်) ကနေ Starch ကော်ဓါတ်ကို စပြီး အစာချေပေးတယ်။ ကော်ဓါတ် ဆိုတာ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ သစ်ဥသစ်ဖု၊ အာလူး၊ အမြစ်တွေထဲမှာပါတယ်။ ချက်တဲ့အခါ Complex starch molecules ရှုတ်ထွေးတဲ့ ကော်ဓါတ် (မော်လီကျူး) တွေကနေ Simple sugars ရိုးရှင်းတဲ့ သကြားဓါတ်တွေ ဖြစ်လာစေမယ်။ တံတွေးဟာ (အယ်လ်ကာလိုင်း) နဲနဲ၊ ဒါမှမဟုတ် မျှခြေရှိနေသင့်တယ်။ မျှခြေဆိုတာ အက်စစ်လဲမဟုတ် (အယ်လ်ကာလီ) လဲ မဟုတ်တာကို ပြောတာ။ Acid foods (အက်စစ်) အစာတွေ စားတာဆိုရင် ကော်ဓါတ်ကို ကျေချက်တာ နှေးစေမယ်။ ဒါကြောင့် Acid fruits အချဉ်သီးတွေနဲ့ တွဲမစားသင့်ဘူး။ အီတလီစာ Spaghetti (စပါဂတီ) နဲ့ ခရမ်းချဉ်းသီး တွဲထားလို့ ဗိုက်ကယ်စေတတ်တယ်။

လိမ်မော်သီး၊ ခရမ်းချဉ်းသီး၊ သံပရာသီး၊ နာနတ်သီး နဲ့ တခြားအသီးတွေကို ကျေချက်ရတာ သိပ်လွယ်တယ်။ ဒါပေမဲ့ ဒါတွေကို ကော်ဓါတ် နဲ့ (ပရိုတင်း) တွေနဲ့ တွဲမစားမှသာ မြန်ဆန်တယ်။ အမေရိကန် မနက်စာဖြစ်တဲ့ (လိမ်မော်ရည် + ကြက်ဥ + ဝက်ပေါင်ခြောက် + ပေါင်မုံ့ကင်) တွေကနေ အဲလိုဖြစ်စေနိုင်တယ်။

• ဖရဲသီးကို တခြားအစာတွေနဲ့ တွဲမစားသင့်ဘူး။ ထမင်းစားပြီး အချိန်ခြာမှ စားသင့်တယ်။ သခွါးမွှေး၊ မက်မုံသီးတွေလဲ အတူဘဲ။ ဒီအသီမျိုးတွေက ချက်တာ-ပျက်တာ မြန်လွန်းတယ်။

• ကော်ဓါတ်၊ အဆီ နဲ့ ဟင်းသီးဟင်းရွက်တွေကို တွဲစားနိုင်ပါတယ်။ ဒီအစာတွေက ကျေချက်ဘို့ရာ (အယ်လ်ကာလိုင်း) ဒါမှမဟုတ် မျှခြေလိုတာ တူကြတယ်။
• (ပရိုတင်း)၊ ဟင်းသီးဟင်းရွက်၊ သကြား နဲ့ (အက်စစ်) ဓါတ်ပါအသီးတွေကိုလဲ တွဲစားနိုင်တယ်။ ဒီအစာတွေက (အက်စစ်) ဒါမှမဟုတ် မျှခြေလိုတာ တူကြတယ်။

• တခါစားရင် အများကြီးမစားတာက အစာကျေချက်ဘို့ ကောင်းစေတယ်။
• တနပ်တည်းမှာ ဟင်းတမယ်ပြီးတမယ် စားတာထက် တခါတည်း၊ တထိုင်တည်းက ပိုကောင်းတယ်။
• ရိုးရှင်းတဲ့အစာမျိုးက ကျေချက်မှုကောင်းတယ်။
• အမေရိကန်တွေ အများဆုံးစားသုံးနေကြတဲ့ (ပရိုတင်း)၊ (ကာဗွန်ဟိုက်ဒရိတ်) နဲ့ အဆီတွေ တွဲစားတာဟာ အစာအိမ်ထဲမှာ ၆ နာရီအထိနေမယ်။ အစာကျေချက်နေရတာ အချိန်တွေ ယူလွန်းတယ်။
• (ကာဗွန်ဟိုက်ဒရိတ်) ကို ချက်လုပ်ရတာ အချိန်အကြာဆုံးဘဲ။
• အရင်စားထားတာတွေ အကုန်မချက်သေးခင် ထပ်စားတဲ့အခါ (ပရိုတင်း) ပါလာရင် (ပရိုတင်း) ကို အရင်ချက်ပြီး (ကာဗွန်ဟိုက်ဒရိတ်) ကို အဆီအနေနဲ့ သိုလှောင်ထားလိမ့်မယ်။

• အတူမစားသင့်တဲ့ စာတွဲတွေကတော့
- (ပရိုတင်း) နဲ့ ကော်ဓါတ်၊
- (ပရိုတင်း) နဲ့ အဆီ၊
- (ပရိုတင်း) နဲ့ အချဉ်သီး၊
- ကော်ဓါတ် နဲ့ အချဉ်းသီး၊
- ကော်ဓါတ် နဲ့ သကြားတွေ ဖြစ်တယ်။
• အကောင်းဆုံး တနေ့တာ (မီနူး) ကတော့ -
- မနက်စာ = အသီးအနှံ၊
- နေ့လည်စာ = ကော်ဓါတ်အစာ + ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ကော်ဓါတ်နည်း ဟင်းသီးဟင်းရွက်၊
- ညစာ = (ပရိုတင်း) + ဟင်းသီးဟင်းရွက် + ကော်ဓါတ်နည်း ဟင်းသီးဟင်းရွက်။
Dr. တင့်ဆွေ
၂၂-၆-၂ဝ၁၂
No comments:
Post a Comment