ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ်

ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ်

ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေ ဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိလာရပါပြီ။

ငရုတ်သီးမှာ အဓိက အားဖြင့်ပါဝင်တဲ့ အပူဓာတ်တစ်မျိုး ဟာ သွေးတိုးခြင်းအပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေ ဖျက်နိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွား မှုကိုပါ ထိထိရောက်ရောက် ကာကွယ် နိုင်ဖွယ်ရှိကြောင်း အဆိုပါ တက္ကသိုလ် ကလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက် တာဇန်ယူချွမ်ကဆိုခဲ့ပါတယ်။

"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်းအဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။

ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတားလေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အဲ့ စားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ပါတယ်။

တွေ့ရှိခဲ့ရ တဲ့ ရလဒ်ကတော့ အထက်မှာဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြားနေပါတယ်။"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

အောင်မျိုးသန့်
By Health Care

No comments:

Post a Comment