ဘာသာရေး ပဋိပက္ခ ဖြစ်အောင် မလှုံ့ ဆော်ဖို့ တိဘက် သတိပေး

တိဘက် ဘုန်းတော်ကြီး ပုံတွေကို အလွဲသုံးစား လုပ်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် တွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် နေတာ တွေကို စိုးရိမ် ကြောင်း အိန္ဒိယ အခြေစိုက် တိဘက် အုပ်ချုပ်ရေး အဖွဲ့ က ပြော ပါတယ်။
အိန္ဒိယ နိုင်ငံမှာ အခြေစိုက် တဲ့ ပြည်ပရောက် တိဘက် အုပ်ချုပ်ရေး အဖွဲ့ CTA က သြဂုတ်လ ၁၅ရက်နေ့က ကြေညာချက် ထုတ် ပြန်ခဲ့တာ ဖြစ်ပါတယ်။
အလောင်းတွေ ဘေးမှာ တိဘက် ဘုန်းတော်ကြီး တွေရပ် နေတဲ့ ပုံတွေကို မြန်မာ နိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့ တဲ့ ပုံစံမျိုးလို ထင်ယောင် ထင်မှား ဖြစ်အောင် တချို့ လူမှု ကွန်ယက်တွေ
မီဒီယာတွေ ပေါ်မှာ ဖော်ပြ တာဟာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် တို့ကြား အမုန်း ပွားအောင် လုပ်ကြံ ရန်တိုက် ပေးနေ တာ ဖြစ်တယ်၊ တကယ်တန်း ဒီပုံတွေဟာ ၂၀၁၀ ခုနှစ် ဧပြီလ တုန်းက တိဘက် ဒေသ ငလျင် ကြီးမှာ သေဆုံး ခဲ့ကြသူ တွေကို တိဘက် ဘုန်းတော်ကြီး တွေက ကူညီ မြှုပ်နှံ နေတဲ့ပုံတွေ ဖြစ်တယ် လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အင်တာနက်မှာ တိဘက် ဘုန်းတော်ကြီ တွေရဲ့ ဓါတ်ပုံ တွေကို အလွဲသုံးစား လုပ်နေတာဟာ သိရ သလောက် ပါကစ္စတန်မှာ အသုံးပြု နေတာ ဖြစ်ပြီး ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးတွေက မွတ်ဆလင် တွေကို သတ်ဖြတ် နေတယ်လို့ လုပ်ကြံ စွပ်စွဲတာ တွေကို အမြန်ဆုံး ရပ်ပေးဖို့ တောင်းဆို ရာမှာ တချို့ ဝက်ဆိုဒ်က ဖယ်ရှားခဲ့ ပေမဲ့ အခု အထိ တချို့ ဆိုဒ် သုံးလေးခုမှာ ရှိနေသေး တယ်လို့ အိန္ဒိယနိုင်ငံက တိဘက် အုပ်ချုပ်ရေး အဖွဲ့ ပြန်ကြားရေး အရာရှိ တက်ရှီက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် ဗုဒ္ဓ ဘာသာနဲ့ မွတ်စလင်ကြား ရန်မီးပွားအောင် လှုံ့ဆော် ဖန်တီးနေတာ အားလုံး ရပ်ဆိုင်း ကြဖို့ သူက ပြောပါတယ်။
ဒီလို မဟုတ် မမှန် ဖော်ပြ တာတွေကြောင့် ဘာသာရေး မုန်းတီးမှုတွေ ဖြစ်ပွား လာစေနိုင်တယ်လို့ လည်း ပြည်ပရောက် တိဘက် အုပ်ချုပ်ရေး အဖွဲ့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက လည်း နယူး ဒေလီ မြို့မှာ တိဘက် လူငယ်တယောက် အသေခံ မီးရှို့ ဆန္ဒပြ ခဲ့တာကိုလည်း အလားတူ ဘာသာရေး အမုန်းပွားအောင် ဖြစ်အောင် လုပ်ကြံ ဖန်တီးခဲ့တာမျိုး ရှိခဲ့ တာကြောင့် မဟုတ် မမှန်တဲ့ပုံတွေ ဆိုရင် ဘယ်ပုံမှ မသုံးကြဖို့ ပြောချင် တယ်လို့ တိဘက် အုပ်ချုပ်ရေး အဖွဲ့ ပြန်ကြားရေး အရာရှိ ကပြော ပါတယ်။

BBC

No comments:

Post a Comment