- 21 Jul 2012 |
- By Good Health

(၁) ဗီတာမင် အေ
မျက်စိနဲ့ အသားအရေရဲ့ ပုံမှန် လုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စေရုံ သာမက (သွေးဆုံးချိန်မှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းမှုကြောင့်) ဆီးလမ်း ကြောင်းပိုးဝင်မှုနဲ့ မိန်းမကိုယ်လမ်း ကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဗီတာမင် စီ
ဗီတာမင်စီက ကူးစက်ပိုးဝင်မှုကို တွန်းလှန်ပေးနိုင်သလို အင်တီအောက် ဆီးဒင့်အဖြစ် ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန် ပူနွေးတဲ့ ဝေဒနာကို လျော့ ကျစေရုံသာမက အရေပြားတင်းရင်းစေ တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အားကောင်းစေပါတယ်။
(၃) မဂ္ဂနီဆီယမ်
အမျိုးသမီးတွေက သွေးဆုံးချိန် ရောက်လာချိန်မှာ ပင်ပန်းနွမ်းနယ်ပြီး ညောင်းညာမှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ မဂ္ဂနီဆီယမ်ကို မှီဝဲရင် စွမ်း အင်အဆင့်ကို တိုးစေနိုင်ရုံသာမက အရိုး တွေကိုလည်း ကျန်းမာစေပါတယ်။ ဒါ့အ ပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မှီ ဝဲတဲ့အပြင် လေ့ကျင့်ခန်းလုပ်တာနဲ့ အစား အသောက်ကို အာဟာရပြည့်ပြည့်ဝ၀ စားသောက်တာတွေကိုလည်း လုပ်ဆောင် ပေးရပါမယ်။ မှန်ကန်သင့်တော်တဲ့ အာ ဟာရဓာတ်ကို အလုံအလောက်စားတာ ကြောင့် ကျန်းမာရေးအန္တရာယ်တွေကို လျော့ကျစေရုံသာမက စိတ်ချမ်းသာမှုကို လည်း ရရှိစေပါတယ်။
ဇွန်

No comments:
Post a Comment